အပိုင်း ( ၃၅၅ )

384 38 5
                                        

Zawgyi

စိတ်ထိခိုက်ခြင်း

စောစောက တခြားလူငယ်များအပြင် အင်ပါယာမျိုးနွယ်စုနှင့်နီးစပ်သောလူငယ်များကပါ ရန်ယွီပိုင်ရှိန်ကို အလွန်တရာ လေးစားကြရာ ရန်ယွီပိုင်ရှိန်၏ပုံရိပ်က အလွန်တရာ မြင့်မားသည်မှာ ထင်ရှားသည်။

“ ဆရာက အံ့အားသင့်စရာကောင်းအောင် မင်းသမီးကို မျက်နှာသာပေးတာပဲ  ”
လင်းဖန်တွေးလိုက်၏။ ထိုသို့မဟုတ်လျှင် ရန်ယွီပိုင်ရှိန်က လင်းဖန်နှင့်နောက်ထပ်တွေ့ဆုံရန် မင်းသမီးကို အခွင့်အရေးပေးလိမ့်မည် မဟုတ်ချေ။

“ လင်းဖန်….သွားတော့မယ်။ နောက်မှ မင်းဘာသာ ပြန်လာခဲ့တော့ ”

ထိုစဉ် အလွန်တရာ ကျယ်လောင်သော အသံထွက်ပေါ်လာရာ လင်းဖန်က ကြည့်လိုက်ရာ ရန်ယွီပိုင်ရှိန်ဖြစ်နေ၏။

လင်းဖန် အံ့အားသင့်သွားရပြီး ခေါင်းကိုခါယမ်းလိုက်သည်။ ရန်ယွီပိုင်ရှိန်က လင်းဖန်ကို အင်ပါယာနန်းတော်မှာ ချန်ထားခဲ့လေပြီ။

သွမ့်ရှင်းရဲ့သည်လည်း ရန်ယွီပိုင်ရှိန် ထွက်သွားတာကို မြင်သောအခါ အံ့အားသင့်သွား၏။ ထို့နောက် သူမက ချက်ချင်းပြောလိုက်သည်။
“ လင်းဖန်..ကျွန်မရဲ့ပန်းချီစွမ်းရည်ကို ရှင်ဘယ်လိုသဘောရလဲ ”

“ ငါဆွဲတာထက် အများကြီးဆွဲဆောင်မှု ရှိတယ် ”
လင်းဖန်က ပြုံး၍ ပြောလိုက်၏။ သွမ့်ရှင်းရဲ့၏ပုံတူပန်းချီကားက အမှန်တကယ် တောက်ပလှသည်။

“ ရှင်က အကောင်းပြောပေးနေတာပါ ”
သွမ့်ရှင်းရဲ့မှာ ရှက်ရွံ့သွားပုံရပြီး တီးတိုးပြောဆိုလိုက်၏။ ထို့နောက် လင်းဖန်၏လက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
“ ကျွန်မနဲ့ လိုက်ခဲ ”

သွမ့်ရှင်းရဲ့က လင်းဖန်ကို ဂူတစ်ဂူအတွင်းသို့ ခေါ်ဆောင်သွားသည်။ ဂူအနီးသို့ရောက်သောအခါ လင်းဖန်သည် အလွန်လှပပြီး ဆွဲဆောင်မှုရှိသော နေရာတစ်နေရာဖြစ်ကြောင်း တွေ့ရှိသွား၏။ ပရိဘောဂပစ္စည်းများက လှပတင့်တယ်နေပြီး သူ့နေရာနှင့်သူ နေသားတကျရှိလှသည်။

သွမ့်ရှင်းရဲ့က လင်းဖန်ကို ဂူထဲရှိ အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်လာခဲ့၏။ အခန်းထဲသို့ ရောက်သောအခါ မိန်းမပျိုလေးတစ်ယောက်၏ ချိုမွှေးသော ရနံ့ကို  ရလိုက်ရသည်။ ကြည့်ရသည်မှာ ထိုအခန်းက မိန်းမပျိုတစ်ယောက်၏အိပ်ခန်းဖြစ်ပုံရသည်။

PMG အတွဲ ( ၂ )Where stories live. Discover now