အပိုင်း ( ၃၉၁ )

338 39 0
                                    

Zawgyi

ထိန်းချုပ်ခြင်း

အတောင်ပံကျားက လင်းဖန်ကို ယုံကြည်လိမ့်မလား။
သိသာထင်ရှားစွာပင် လင်းဖန်ကို အတောင်ပံကျား မယုံကြည်နိုင်ပေ။ လူသားတစ်ယောက်ကို သူဘယ်လိုလုပ် ယုံကြည်မည်နည်း။
လင်းဖန်၏ပြောစကားများက မှန်ကန်သည်ဟု ဝန်ခံရုံကလွဲပြီး ၎င်းမှာ ရွေးချယ်စရာ မရှိချေ။ တျန်အဆင့်တောရိုင်းကောင်ကို သူတို့မသတ်နိုင်ခဲ့လျှင် သေချာပေါက် သူတို့သေရလိမ့်မည်။ ၎င်းသည် ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်အဖြစ် ခန့်ညားထည်ဝါနိုင်မည့် နေ့ရက်များကို ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ချေ။ ၎င်းမှာ အဖမ်းခံခဲ့ရပြီး အရှက်ခွဲခံနေရကာ မကြာခင်မှာ အသတ်ခံရတော့မည်။
အတောင်ပံကျားက တိုက်ခိုက်ချင်သော်လည်း လင်းဖန်က သူ့ကို ထိန်းချုပ်ချင်ခဲ့သည်။ လင်းဖန်၏မှော်ဝိညာဉ်မှ ထုတ်လွှတ်နေသည့် သားရဲဆန်သောချီများကို ၎င်းမှာ ကောင်းစွာနားမလည်ချေ။
အတောင်ပံကျားသည် ခက်ခက်ခဲခဲစဉ်းစားနေ၏။
လင်းဖန်က ၎င်းကို ထိန်းချုပ်နိုင်ခဲ့လျှင် တျန်အဆင့်တောရိုင်းကောင်ကဲ့သို့ သူ၏အိမ်မွေးတိရစ္ဆာန်အဖြစ် ပြုလုပ်လိမ့်မည်လား။
“ မင်းသဘောမတူဘူးဆိုရင်လည်း ငါမတိုက်တွန်းတော့ဘူး။ အခြေအနေကို မင်းကောင်းကောင်းစဉ်းစားသင့်တယ်။ မင်းကို ငါထိန်းချုပ်ခဲ့မယ်ဆိုရင်တောင် အဲ့ဒီကောင်လို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို မင်းကို ဆက်ဆံမှာ မဟုတ်ဘူး။ ငါက သူနဲ့မတူဘူး။ ငါလိုအပ်တာက မင်းရဲ့အစွမ်းပဲ။။ မင်းက ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်။ သူ့ကို ခုခံဖို့ မင်းရဲ့အစွမ်းတွေကို ငါလိုအပ်တယ် ”
လင်းဖန်သည် ချီတုံချတုံဖြစ်နေသော အတောင်ပံကျားကို မြင်သောအခါ ပြောလိုက်လေ၏။
လင်းဖန်၏စကားလုံးများကို အတောင်ပံကျား၏စိတ်ထဲတွင် နက်ရှိုင်းစွာ လက်ခံနေသည်။ လင်းဖန်နှင့် တျန်အဆင့်တောရိုင်းကောင်က တူညီသည်မဟုတ်ချေ။ အကယ်၍ လင်းဖန်သာ ၎င်းကို ထိန်းချုပ်နိုင်ခဲ့လျှင် ခန့်ညားထည်ဝါသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် နေရလိမ့်မည် မဟုတ်ချေ။ ရှေးဟောင်းတောရိုင်းကောင်အဖြစ် ၎င်း၏အစွမ်းကို ပြသခွင့်ရလိမ့်မည်။
အတောင်ပံကျား၏နှာခေါင်းပေါက်များမှ အခိုးအေငွ့များ ထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေ၏။
“ သူ့ကို ငါမတိုက်ဘူးဆိုရင် ငါတို့နှစ်ယောက်လုံး သေရလိမ့်မယ်။ မင်းကို ငါထိန်းချုပ်နိုင်တယ်ဆိုရင်တောင် ငါတို့နှစ်ယောက်သေသွားခဲ့ရင် ဘာမှမဟုတ်ဘူး။ သူ့ကို ငါသတ်နိုင်ခဲ့ရင် အနည်းဆုံးတော့ မင်းအသက်ရှင်မယ်။ ငါနဲ့လက်တွဲတာက ဘေးအကင်းဆုံး ရွေးချယ်မှုတစ်ခုပဲ။ အရှက်တကွဲနေရတော့မှာ မဟုတ်ဘူး ”
လင်းဖန်သည် သူ၏စကားလုံးများက အတောင်ပံကျားအပေါ်မှာ သက်ရောက်မှုရှိကြောင်း သိလိုက်သည်။ သူသည် အတောင်ပံကျားကို သူ့အားယုံကြည်စေရန် ဆက်လက်ဆွဲဆောင်နေ၏။ ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်ကို ထိန်းချုပ်ခြင်းက အလွန်တရာ ခက်ခဲလှသည်။
“ ဂါး…..”
အတောင်ပံကျားသည် လင်းဖန်ကို မာန်ဖီကာ ကြည့်နေ၏။ ၎င်းက အသိရှိနေသေးသော်လည်း အရင်ကလောက် ရက်စက်ကြမ်းကြုတ်သည့်အသွင်ရှိမနေတော့ချေ။
မှော်ဝိညာဉ်သည် အနက်ရောင်နှင့်အဖြူရောင်စွမ်းအင်များကို အတောင်ပံကျားဆီသို့ ဖြည်းညင်းစွာ ပို့လွှတ်နေ၏။
“ အတူတူလုပ်ကြမယ်။ ဒီကစားပွဲကို အတူတူကစားကြတာပေါ့။ မင်းလည်း မသေချင်သလို ငါလည်း မသေချင်သေးဘူး ”
ထိုစဉ် မှော်ဝိညာဉ်သည် အတောင်ပံကျားကို စူးစိုက်ကြည့်စပြုလာသည်။ အတောင်ပံကျားသည် ထိုဝိညာဉ်ကို ခုခံချင်ခဲ့သော်လည်း လင်းဖန်၏စကားလုံးများကိ ကြားပြီးနောက် ခေါင်းကို ငုံ့ကာ ခုခံခြင်းမလုပ်တော့ပေ။ အနက်ရောင်နှင့် အဖြူရောင်စွမ်းအင်များက အတောင်ပံကျား၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ၎င်း၏သက်စောင့်ဝိညာဉ်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။
အတောင်ပံကျားက ခုခံခြင်းမရှိသည်ကို လင်းဖန်မြင်သောအခါ ပြုံးလိုက်၏။ အစီအစဉ်က အောင်မြင်သွားခဲ့လေပြီ။ လင်းဖန်အနေဖြင့် တောရိုင်းကောင်ကို သိမ်းသွင်းရန် စွမ်းအင်များစွာ အသုံးမပြုလိုက်ရဘဲ စကားလုံးအနည်းငယ်သာ အသုံးပြုလိုက်သည်။
မှော်ဝိညာဉ်သည် တောရိုင်းကောင်များ၏ သက်စောင့်ဝိညာဉ်ကို ထိန်းချုပ်ကာ ၎င်းတို့ကို ထိန်းချုပ်ကြ၏။ အနက်ရောင်နှင့်အဖြူရောင်မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းနေသည်။ လင်းဖန်သည် အတောင်ပံကျား၏ သက်စောင့်ဝိညာဉ်က တဖြည်းဖြည်း အားနည်းလာတာကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရ၏။ ထို့နောက်အတောင်ပံကျား၏ သက်စောင့်ဝိညာဉ်သည် တုန်ခါသွားပြီး မှော်ဝိညာဉ်ထဲသို့ ၎င်းကိုယ်တိုင်ဝင်ရောက်သွားလေသည်။ ယခုအခါ လင်းဖန်သည် တောရိုင်းကောင်ကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စိတ်ဝိညာဉ်လဲ …”
လင်းဖန်တီးတိုးရေရွတ်လိုက်သည်။ မှော်ဝိညာဉ်က တောရိုင်းကောင်၏ သက်စောင့်ဝိညာဉ်ကို အားနည်းအောင် ပြုလုပ်ကာ ထိန်းချုပ်သည်။ အကယ်၍ တောရိုင်းကောင်မှာ လုံလောက်သော အစွမ်းမရှိခဲ့လျှင် ၎င်းကို ထိန်းချုပ်ရန်က လွယ်ကူ၏။
မှော်ဝိညာဉ်ကား ကျင့်ကြံသူတစ်ယောက်ကို တောရိုင်းကောင်များအား လျင်မြန်စွာ ထိန်းချုပ်နိုင်ရန် ကူညီပေးသည်။ မည်မျှကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ပေနည်း။
အမှန်တကယ်တော့ အတောင်ပံကျားကို ဤမျှလွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့ခြင်းက သူ့မှာ အစွမ်းထက်သော သက်စောင့်ဝိညာဉ်ရှိခြင်းနှင့် ပိုလျှံသက်စောင့်ဝိညာဉ်ပညာရပ်ကို လေ့ကျင့်ခဲ့သည့်အတွက်ကြောင့်ဆိုတာကို လင်းဖန် နားမလည်ပေ။ လင်းဖန်၏ သန်မာသော သက်စောင့်ဝိညာဉ်နှင့် အစွမ်းထက်သော ပညာရပ်တို့က တောရိုင်းကောင်ကို ထိန်းချုပ်ရာမှာ အရေးပါသောအရာနှစ်ခုဖြစ်ခဲ့၏။
အတောင်ပံကျားသည် လည်ချောင်းသံသဲ့သဲ့ပြုရင်း ခေါင်းကိုငုံ့ထား၏။ ၎င်းကိုကြည့်ရသည်မှာ ဝမ်းနည်းနေသည့်ပုံပေါ်သည်။
“ မိတ်ဆွေ...ငါနဲ့အတူရှိရင် မင်းနောက်ထပ် ဝမ်းမနည်းစေရဘူး ”
လင်းဖန်က သူ၏လက်ကို ဆန့်လိုက်ပြီး အတောင်ပံကျား၏နှလုံးသားထဲမှာ ခိုင်မာပြတ်သားသော စိတ်ဓာတ်များ မြင့်တက်လာစေရန် ၎င်း၏ခေါင်းကို လေးနက်စွာ ပွတ်ပေးလိုက်သည်။ ၎င်းသည် လျှပ်တပြက်အတွင်း မဆုတ်မနစ်ကြိုးစားမည်ဟုသော စိတ်များဖြစ်ပေါ်လာပြီး သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်လာ၏။ ထို့နောက် အတောင်ပံကျားသည် ခေါင်းကို မော့လိုက်ပြီး လင်းဖန်ကို အဓိပ္ပာယ်ပြည့်ဝသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ တျန်အဆင့်တောရိုင်းကောင်ကို လိုင်ယန်မိုလို့ခေါ်တယ်။ သူက အခု လူသားအဖြစ်ကို ကူပြောင်းနေတယ်။ သူ့အဆင့်က ထိန်းချုပ်ခံထားရပေမယ့် ရွှမ်ချီအဆင့်ငါးရဲ့အစွမ်းတွေ ရှိနေတုန်းပဲ ”
လင်းဖန်သည် အတောင်ပံကျား၏ ဦးနှောက်ထဲမှ တျန်အဆင့်တောရိုင်းကောင်၏ အကြောင်းကို ထုတ်ယူလိုက်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် ၎င်းကား ကြောင်တစ်ကောင်ဖြစ်နေ၏။
သို့ရာတွင် ထိုကြောင်က ရှေးဟောင်းတောရိုင်းကောင်ဖြစ်သည့် အတောင်ပံကျားကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပမာ ပြုမူနေသည်။ ထိုအတွက် အတောင်ပံကျားမှာ မည်မျှရှက်ရွံ့လိုက်မည်နည်း။ သို့ဖြစ်ရာ လင်းဖန်၏ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်သည်။
“ ရွှမ်အဆင့်ငါးဆိုတော့ ရွှမ်ချီအဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက်မှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့တူတယ်။ သူက အံ့မခန်းအစွမ်းထက်တာပဲ ”
လင်းဖန် အနည်းငယ် မျက်တောင်ခတ်သွားသည်။ အတောင်ပံကျားက အဖြစ်မှန်တစ်ခုလုံးကို မသိတာ ဖြစ်နိုင်သည်။ လိုင်ယန်မိုက သူ့ကိုယ်သူကာကွယ်တာ ဖြစ်နိုင်သည်။ အမှန်တကယ်တော့ လိုင်ယန်မိုက အတောင်ပံကျားတွေးထင်ထားသည်ထက် များစွာ အစွမ်းထက်၏။
ထို့ပြင် အတောင်ပံကျားက လိုင်ယန်မို၏အစွမ်းအကုန်အသုံးပြုတာကို မတွေ့ဖူးတာဖြစ်ရမည်။
“ သူက ရွှမ်ချီအဆင့်ငါးပဲရှိနေရင်တောင် ငါ့မှာ ရွေးချယ်ချက်တစ်ခုထဲပဲရှိမှာ ကြောက်ရတယ် ”
လင်းဖန်၏စိတ်ထဲတွင် သံသယများစွာ ဖြစ်ပေါ်လာ၏။ ဝမ်ရှောက်ကျောင်းတော်၏အဖွဲ့ဝင်များထံမှ လွတ်မြောက်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တျန်အဆင့်တောရိုင်းကောင်နှင့်တွေ့ရလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ချေ။
“ ငါဘယ်လောက်အစွမ်းထက်လဲ မင်းသိပြီဆိုတော့ အခုဘာလုပ်မှာလဲ ”
သာမန်အသံတစ်သံထွက်ပေါ်လာရာ အတောင်ပံကျားကို တုန်ယင်သွားစေ၏။ ၎င်းသည် ရေတံခွနိအထက်ရှိ ကောင်းကင်ယံကိုကြည့်ကာ ကြောက်ရွံ့သွားပုံပေါ်၏။
လင်းဖန်သည် သူ၏ခေါင်းကို မော့လိုက်ပြီး ရေတံခွန်အထက်သို့ ကြည့်လိုက်ရာ တောရိုင်းကောင်တစ်ကောင်ပုံစံကို တွေ့မြင်လိုက်လေသည်။
“ အသုံးမကျတဲ့ တိရစ္ဆာန် ”
တျန်အဆင့်တောရိုင်းကောင်က သရော်လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်ရာ အတောင်ပံကျားကို ကြောက်ရွံ့သွားစေ၏။
“ မင်းက အတော်လေးပါးနပ်တယ်။ ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်ကို အညံ့ခံသွားအောင် လုပ်နိုင်တယ်။ ငါအစက မင်းတို့နှစ်ယောက်လုံး ထွက်ပြေးဖို့ကြိုးစားမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် မင်းတို့က ငါ့ကို ဆန့်ကျင်ဖို့စီစဉ်နေခဲ့တာကိုး ” ]
ကြောင်သည် ရယ်စရာအခြေအနေတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ပြုံးလိုက်၏။ သူသည် အတောင်ပံကျားနှင့် လင်းဖန်ကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်နေသည်။
လင်းဖန်နှင့် အတောင်ပံကျားတို့၏လုပ်ဆောင်ချက်များက လုံးဝအဓိပ္ပာယ်မရှိချေ။ လင်းဖန်က သူ့ကို အမှန်တကယ် သတ်ဖြတ်နိုင်မည်လား။ ထိုအရာက ရယ်စရာကောင်းလွန်းနေ၏။
“ အဲ့ဒီအကြောင်းကို ထပ်စဉ်းစားစရာတောင် မလိုဘူး။ လင်းဖန်ဆိုတဲ့ကျုပ်က အချိန်မရွေးသေနိုင်တယ်။ ခင်ဗျားရဲ့အိမ်မွေးတိရစ္ဆာန်ပုံစံမျိုးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ကစားဖို့ ကျုပ်မှာ အချိန်မရှိဘူး ”
“ မင်းက ဒီနေရာမှာ ငါနဲ့မနေချင်ဘဲနဲ့ ဒီအချိန်ရောက်တဲ့ထိ အချိန်ဆွဲနေခဲ့တာပေါ့ ”
ကြောင်က မေးလိုက်ရာ
“ ဟုတ်တယ်…အဲ့ဒီလိုခင်ဗျားယူဆလို့ရတယ် ” လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
“ ဘယ်လောက်တောင် ရမ်းကားလိုက်လဲ။ မင်းက သေချင်နေမှတော့ မင်းနဲ့နည်းနည်းကစားပေးရသေးပါ့မယ် ”
ကြောင်က တုန်ယင်အက်ကွဲသောလေသံဖြင့် ပြောလိုက်ပြီး မကောင်းဆိုးဝါးချီများကို ထုတ်ဖော်လိုက်၏။ ထို့နောက် လေထဲသို့ ညင်သာစွာ ခုန်လိုက်သည်။ ၎င်း၏လှုပ်ရှားမှုမှာ လျင်မြန်လွန်းသည့်အတွက် ပုံရိပ်ယောင်တစ်ခုပမာ ထင်ရသည်။
လင်းဖန်၏ခန္ဓာကိုယ်မှာ နာကျင်သောခံစားချက်တစ်ခု ရုတ်တရက် ရိုက်ခတ်လာ၏။ သူ့မှာ တွေးရန်ပင်အချိန်မရလိုက်ဘဲ နောက်သို့ လွင့်စဉ်သွားသည်။ ချက်ချင်းပင် လေထုထဲမှာ တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်လာပြီး ဖုန်လုံးကြီးများ ဖြစ်ပေါ်လာ၏။ ယခုအခါ ကြောင်သည် လင်းဖန် ရပ်နေခဲ့သော နေရာသို့ ရောက်နေပြီး ၎င်း၏ခြေထောက်အောက်တွင် သေးငယ်သောအက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။
“ ဘယ်လောက်တောင် မြန်လိုက်လဲ ….”
လင်းဖန်သည် ခေါင်းမှခြေဖျားသို့တိုင် အေးစက်လာ၏။ ကြောင်၏အလျင်ကား ကြောက်စရာကောင်းလှပေသည်။
“ အစတုန်းက ဧည့်သည်မို့လို့ မင်းကို ငါ့ရဲ့နေရာအတွင်းမှာ ကြိုက်သလိုသွားခွင့်ပြုခဲ့တယ်။ ဧည့်ဝတ်ကျေအောင် ငါကြိုးစားခဲ့တယ်။ မင်းက ငါ့ရဲ့ကြင်နာမှုကို ဒီလိုအဆုံးသတ်ပစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မင်းက သေချင်နေတာပဲ။ ဒါပေမယ့် မင်းကို ငါမသတ်ဘူး။ သေတာထက်ဆိုးတဲ့ဘဝကို မင်းခံစားစေရမယ် ”
ကြောင်၏အသွင်က ပို၍ပင် ရက်စက်ကြမ်းကြုတ်လာပုံပေါ်သည်။ သူ့မျက်နှာက စက္ကန့်နှင့်အမျှ အရိုင်းဆန်လာ၏။

PMG အတွဲ ( ၂ )Where stories live. Discover now