Zawgyi
အနက်ရောင်ကြာပွင့်၏အစွမ်း
“ ရှဲကျုံး။ ရှင်ဝေးဝေးထွက်သွားပါ ”
ရှဲကျုံး၏စကားကို သွမ့်ရှင်းရဲ့ကြားသောအခါ ဒေါသထွက်သွား၏။ အံ့သြစရာကောင်းအောင် သူက လင်းဖန်ကို ထိုးချင်နေသည်။ လင်းဖန်က သူမကို လာတွေ့သည့်အတွက် ရှဲကျုံးက ဒုက္ခပေးနေ၏။ ထို့ပြင် သူက ပိုမိုခက်ထန်တင်းမာနေသည်။
“ ရှင်းရဲ့…မင်းအတွက်ဆိုရင် ငါဘာမဆိုလုပ်ပေးနိုင်တယ်။ လင်းဖန်က မင်းနဲ့မရှိသင့်ဘူး။ သူက မင်းကို ဘာတစ်ခုမှ ပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ကိုမုန်းနေတဲ့သူတွေလည်း အများကြီးရှိတယ် ”
ရှဲကျုံးက ပြောလိုက်၏။ လင်းဖန်က သွမ့်တျန်းလန်၏သား သွမ့်ဟန်ကိုပင် သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်များကို ရှဲကျုံးကောင်းစွာသိထား၏။လင်းဖန်မှာ မဖြေရှင်းနိုင်သော ကိစ္စများရှိသည်။ အစက သူ့မှာ ပုံရိပ်မရှိသော်လည်း သွမ့်ဝူရက သူ့ကို သူတို့နှင့်ယှဉ်လျှင် မြင့်မားခြင်းမရှိသည့် မြို့စားဟုသော ဂုဏ်ပုဒ်ကို ပေးလိုက်သည်။ ထို့ပြင် လင်းဖန်ကို ထိုရာထူးပေးလိုက်ခြင်းမှာလည်း သူက သွမ့်ဝူရအတွက် အသုံးဝင်ခြင်းကြောင့် ဖြစ်သည်။ အသုံးမဝင်တော့သည့်တစ်နေ့မှာ လင်းဖန်က အသုံးမကျသူတစ်ယောက် ဖြစ်သွားလိမ့်မည်။
သူ့မှာ ကျောထောက်နောက်ခံမရှိဘဲ ရန်သူများစွာရှိ၏။ ထိုသူများ၏ရန်မှ သူ့ကိုယ်သူပင် မကာကွယ်နိုင်ရာ သွမ့်ရှင်းရဲ့ကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း။
“ ဒါက ရှင့်ကိစ္စမဟုတ်ဘူး ”
သွမ့်ရှင်းရဲ့က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်သည်။ ထို့နောက် သူမက လင်းဖန်၏ဘက်သို့ ချက်ချင်းလှည့်လိုက်ပြီး ပြောလိုက်သည်။
“ လင်းဖန်…သွားကြမယ် ”
“ မိန်းကလေးတစ်ယောက်က မင်းကို ကာကွယ်ပေးနေရတာလား ”
ရှဲကျုံးက တည်ငြိမ်စွာဖြင့် သရော်လိုက်၏။လင်းဖန်က လှုပ်ရှားခြင်းမရှိဘဲ ရှဲကျုံးကို စိုက်ကြည့်နေသည်။ သူ့ပုံစံက တည်ငြိမ်အေးစက်နေ၏။
“ လင်းဖန်…သူ့ကို ဂရုစိုက်မနေနဲ့ ”
လင်းဖ်က လှုပ်ရှားခြင်းမရှိတာကို မြင်သောအခါ သွမ့်ရှင်းရှဲ့က ပြောလိုက်သည်။ သူမ၏ပုံစံမှာ စိုးရိမ်ပူပန်နေပုံရ၏။ ရှဲကျုံးမည်မျှအစွမ်းထက်လဲဆိုတာကို သူမသိနေသည်။ သူက အင်ပါယာအစောင့်အရှောက်ခေါင်းဆောင် ကိုးယောက်ထဲမှ အငယ်ဆုံးဖြစ်သည့်အပြင် အင်ပါယာတစ်မြို့လုံးရှိ ပါရမီအရှိဆုံးကျင့်ကြံသူတွေထဲမှ တစ်ယောက်ဖြစ်သည်။ လင်းဖန်မှာ မြင့်မားသော ပင်ကိုယ်ပါရမီရှိသော်လည်း ရှဲကျုံးနှင့်ယှဉ်လျှင် နိမ့်ကျနေသေး၏။