အပိုင်း ( ၂၃၂ )

1.3K 142 0
                                        

လင်းဖန်ဘယ်မှာလဲ???

“ ဝေါင်း ”

ထိုစဉ် မြွေဝိညာဉ်၏ ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်သံလေးထွက်ပေါ်လာသည်။ ထိုအသံက နဂါးတစ်ကောင် အော်သံပမာဖြစ်နေ၏။

မြွေက ပါးစပ်ကို ဟလိုက်ပြီး အရာအားလုံးကို ဝါးမြိုသည့်အဆုံးအစမဲ့တွင်းနက်ကြီးအဖြစ်သို့ ပြောင်းသွားလေသည်။

မရေမတွက်နိုင်အောင် များပြားလှသော ခရမ်းရောင်အရည်များကို မြွေက ဝါးမြိုလိုက်၏။ မြွေ၏အစာအိမ်က တဖြည်းဖြည်းကြီးမားလာသည်။ ချက်ချင်းပင် လေထဲမှာ အော်ဟစ်မာန်ဖီသံတစ်သံထွက်လာပြန်၏။ ရုတ်တရက် မြွေ၏ခန္ဓာကိုယ်မှ ခေါင်းအပိုလေးများ ထွက်လာလေသည်။ ၎င်းခေါင်းလေးများကလည်း အော်မြည်လိုက်ကြပြီး ခရမ်းရောင်အရည်များကို တပြိုင်နက် စုပ်ယူနေကြသည်။

မြွေ၏စုပ်ယူခြင်းခံလိုက်ရသောအခါ ခရမ်းရောင်အရည်များက ပို၍ခရမ်းရောင်တောက်လာ၏။

ရှေးဟောင်းအငွေ့အသက်များမှ ပဲ့တင်ထပ်လာသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နဂါးများ၏ဟိန်းသံများ ထွက်ပေါ်လာသည်။ ထိုစဉ် လင်းဖန်၏မြွေဝိညာဉ်က ကြီးမားလာ၏။ မြွေတစ်ကောင်အသွင်မဟုတ်တော့ဘဲ နဂါးတစ်ကောင်အသွင် ဖြစ်လာသည်။ ကောင်းကင်တိမ်တိုက်ကိုးခုဒေသတွင် အချို့နဂါးများက ခေါင်းများစွာပါကြပြီး သူ၏နဂါးမှာ ခေါင်းခြောက်လုံးရှိနေ၏။

ထိုအခါ လင်းဖန်၏နှလုံးမှာ ပြင်းထန်စွာခုန်လာတော့သည်။ ဤအရာက သူ၏မြွေဝိညာဉ်လား…

ယခင်အချိန်များနှင့် နှိုင်းယှဉ်လျှင် သူ၏မြွေဝိညာဉ်က လုံးဝပြောင်းလဲသွား၏။

သူ၏မြွေဝိညာဉ်က သေးငယ်ပြီး အလွန်အစွမ်းနိမ့်ခဲ့သည်။

သို့သော် ယခုအချိန်မှာ အစွမ်းထက်သော ရှေးဟောင်းနဂါးတစ်ကောင်အသွင် ဖြစ်လာ၏။ ကြံ့ခိုင်သန်မာပြီး ခန့်ညားထယ်ဝါနေသည်။
 
မြွေ၏ခေါင်းခြောက်လုံးက နဂါးများ၏ဟိန်းသံများ ထွက်ပေါ်နေသည်။ ထို့နောက် မြွေက ၎င်း၏ခေါင်းများကို မော့လျက် သတ္တဝါအားလုံးကို အရှိန်အဝါကြီးစွာဖြင့် အထက်စီးမှ ကြည့်နေသည့်အလား ကျယ်လောင်စွာ သံရှည်ဖြင့် ဟိန်းလေ၏။

ခရမ်းရောင်ရေကန်ကား အစအနရှာမရအောင် ပျောက်ကွယ်သွားလေပြီ။ ခေါင်းခြောက်လုံးပါရှိသော နဂါးက ဝါးမြိုလိုက်ခြင်းဖြစ်ပေ၏၊

လင်းဖန်၏မြွေဝိညာဉ်က နဂါးတစ်ကောင်မစားနိုင်သောအရာမရှိသည့်အလား ခရမ်းရောင်အရည်များအားလုံးကို စုပ်ယူလိုက်လေသည်။

လင်းဖန်မှာ သူ၏မြွေဝိညာဉ်က နဂါးတစ်ကောင်အဖြစ်သို့ မည်ကဲ့သို့ ပြောင်းလဲသွားရလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေ၏။ ၎င်းမြွေဝိညာဉ်က ကြီးမားလှသည်ဟုမဆိုသာသော်လည်း ခရမ်းရောင်အရည်များအားလုံးကို စုပ်ယူလိုက်သည့်အတွက် လင်းဖန်မှာ သူ့မျက်လုံးကို သူမယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။

လင်းဖန်က သူ၏လက်ကို မြှောက်လိုက်ပြီး သူ့ပတ်လည်မှာ တလက်လက်တောက်ပနေသော ခရမ်းရောင်အလင်းတန်းများကို ကြည့်လိုက်၏။ ယခုအချိန်မှာ လင်းဖန်၏ခရမ်းရောင်စွမ်းအင်က ကျစ်ယင်မှာထက် များစွာအစွမ်းထက်နေသည်။

“ ငါ့ရဲ့စိတ်ဝိညာဉ်က အလိုအလျောက်ပြောင်းသွားပြန်ပြီပဲ။ ဒါပေမယ့် အရင်တုန်းက ရေခဲဝိညာဉ်ထက် အများကြီးအစွမ်းထက်လာတယ်ဆိုတော့ ကောင်းတဲ့အရာပဲ ”

လင်းဖန်ကအနည်းငယ်ပြုံးလိုက်၏။ သို့သော် ရုတ်တရက် သူ့ရှေ့မှာ အဝတ်မပါသော မိန်းမပျိုလေးတစ်ယောက်ကို သတိထားမိသွားသည်။ သူမပုံစံလေးက လွန်စွာနူးညံ့လှပနေရာ လင်းဖန်၏ခေါင်းထဲမှာ ပြင်းပြသောစိတ်ဆန္ဒများနှင့် ပြည့်လာသည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя