အပိုင်း ( ၂၆၀ )

1.4K 168 2
                                        

နှစ်ပတ်လည်တွေ့ဆုံပွဲ

လူအားလုံးက နလန်ရှုန်ကိုကြည့်နေကြ၏။ သူသည် သူ့ကိုယ်တွင်းအဂါင်္များကို သူ့ကိုယ်တိုင် ထိုးဖောက်ဖျက်ဆီးနေသည်။

ရန်ကျုံးမြို့တော်ဝန်ကား လင်းဖန်၏ရှေ့မှာ သူ့အပြစ်အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ရွေးချယ်သွားခဲ့လေပြီ။

သိပ်မကြာခင်အချိန်က သူ့သားမက်လောင်းသည် လင်းဖန်ကို လာရောက်တောင်းပန်ရန် စေခိုင်းခဲ့မှုကြောင့် ဖြစ်၏။

“ အဖေ ”
နလန်ဖန်းက ကိုယ်တွင်းအဂါင်္များကို ထိုးဖောက်ဖျက်ဆီးနေသော သူမ၏အဖေကိုကြည့်ကာ အော်ဟစ်ဟန့်တားလိုက်သည်။ ကျိုးကြေသွားသော အသံတစ်ခုက လေထုထဲမှာ လွင့်ပျံလာ၏။ သူမ၏မျက်နှာက သွေးဆုတ်ဖြူရော်သွားခဲ့ပြီး သူမမျက်လုံးတွေက မျှော်လင့်ချက်မဲ့သည့်အသွင် ဖော်ပြနေသည်။

“ လင်းဖန်…မင်းပြောတာကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်။ ဒါပေမယ့် ငါ့ရဲ့သမီးအပါအဝင် ငါ့မိသားစုက အပြစ်ကင်းစင်ပါတယ်။ သူတို့ကို မင်းခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် ”
နလန်ရှုန်က ပြောလိုက်၏။ ထို့နောက် သူ၏အရေးကြီးသောအဂါင်္များကို ချီဖြင့်ထိုးသွင်းလိုက်ရာ သေးငယ်သော ပေါက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူ့မျက်နှာက သွေးရောင်မရှိတော့ဘဲ ကြမ်းပြင်သို့ လဲကျသွားသည်။

ရန်ကျုံးမြို့၏ဂုဏ်သိက္ခာကြီးမားသော လူတစ်ယောက်ကား လင်းဖန်၏စကားလုံးများအောက်တွင်ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့လေပြီ။ လင်းဖန်က သူ့ကို သေစေချင်သည့်အတွက်ကြောင့် အသက်ရှင်ရန်  မဝံ့ရဲတော့ပေ။ သူ့သွေးသားတွေအကုန်လုံးကို လင်းဖန်ဒေါသထွက်ပြီး အမြစ်ဖြုတ်သုတ်သင်လိုက်မှာကို သူကြောက်ရွံ့နေ၏။

ဤရက်တွေအတွင်းမှာ သွေးနီတပ်ဖွဲ့၏ခေါင်းဆောင်က အလွန်တရာရက်စက်ကြမ်းကြုတ်နေပုံပေါ်သည်။ သူ့စကားလုံးများက ဓားသွားပမာ ချွန်ထက်နေပြီး မည်သူမျှ သူ့ကို မဟန့်တားနိုင်သလို သူ့ကို တားဆီးရန်ကြိုးစားလာလျှင်လည်း သတ်ပစ်လိမ့်မည် ဖြစ်သည်။

နလန်ရှုန်မှာ ရွေးချယ်စရာတခုသာ ရှိခဲ့၏။ ထိုအရာကား သေခြင်းတရားပင်။

အကယ်၍ သူသာ သဘောမတူဘဲ ငြင်းဆန်ခဲ့လျှင်လည်း သူသေရလိမ့်မည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူက လက်ခံရန်ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။ သူ့ကိုယ်သူသတ်သေလိုက်ခြင်းက သူ၏မျိုးနွယ်စုကို ကာကွယ်ပေးနိုင်လောက်သည်။

“ ခင်ဗျားရဲ့မိသားစုကိုတော့ ကျွန်တော်ဘာမှမလုပ်ပါဘူး..နလန်ဖန်းက လွဲရင်ပေါ့။ ဘယ်လိုလုပ် သူ့ကို ကျွန်တော်က သနားငဲ့ညှာရမှာလဲ ”
လင်းဖန်က နလန်ရှုန်၏အလောင်းကိုကြည့်လျက် အေးစက်စက်ဖြင့် ပေါ့ပါးစွာပြောဆိုလိုက်သည်။ နလန်ဖန်းက သူ့ကို သတ်ရန်လူများကို စေလွှတ်ခဲ့သည့်အတွက် သူ့မှာ သေလုနီးပါးဖြစ်ခဲ့ရသည်။ သူမကို ဓားစာခံအဖြစ်သူအသုံးချခဲ့သည်ဆိုသော်မှ လုံလောက်ခြင်း မရှိသေးချေ။ သူမကို လင်းဖန်ခွင့်မလွှတ်နိုင်ပေ။ ထို့အပြင် သူမလုပ်ခဲ့သမျှအရာအားလုံးအတွက် နောင်တရသည့်လက္ခဏာများ သူမထံတွင် မတွေ့ရချေ။ မောက်မာဝင့်ကြွားနေသည့်စိတ်များရှိနေဆဲပင်ဖြစ်ပြီး ဒူဂူရှောက်၏တန်ခိုးအာဏာပေါ်မှာ မှီခိုကာ စိတ်ထင်တိုင်းပြုမူနိုင်သည်ဟူ၍ သူမထင်မှတ်နေသည်။ လင်းဖန်သည် သူမက လူများအား ဆက်လက်၍ အပေါ်စီးမှဆက်ဆံနေခြင်းအား ခွင့်မပြုနိုင်တော့ပေ။

ဤကမ္ဘာကို လင်းဖန်ရောက်လာခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။ တန်ခိုးစွမ်းအား ရှိသူတစ်ယောက်ဖြစ်လာခဲ့၏။ ဤရက်တွေမှာ သူ့စိတ်ထဲမှာ ခံစားခဲ့ရသမျှကို ပြန်လည်လုပ်ဆောင်နိုင်ခွင့်ရှိလာသည်။

PMG အတွဲ ( ၂ )Where stories live. Discover now