အပိုင်း ( ၃၆၀ )

374 38 0
                                        

Zawgyi

ကြောက်ရွံ့ထိတ်လန့်သွားစေခြင်း

လိန်ယွဲ့က အနည်းငယ် နောက်သို့ ဆုတ်ခွာသွား၏။ သူက လင်းဖန်ကို ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ အေးစက်နေသော်လည်း အတော်လေး ကြောက်ရွံနေပုံရ၏။

အရင်တုန်းက လင်းဖန်ကို သူရှုံးနိမ့်ခဲ့ရသည်။ ယခု သူတို့နှစ်ယောက်လုံးက ရွှမ်ချီအဆင့်တစ်သို့ ရောက်ရှိနေကြ၏။ သူ့မှာ နှစ်ဖက်သွားဓားဝိညာဉ်ရှိပြီး နှစ်ဖက်သွားဓားများအကြောင်းကို နားလည်ကာ ရွှမ်ချီအဆင့်ကျင့်ကြံသူများအနက် ပါရမီရှိသူတစ်ယောက်အဖြစ် ယူဆနိုင်သော်လည်း လင်းဖန်နှင့်ရင်ဆိုင်ရာတွင်  သူ့မှာ ယုံကြည်မှုအနည်းငယ်မျှပင် မရှိချေ။

ယခုအချိန်မှာလည်း လင်းဖန်ကို သူမယှဉ်နိုင်ခဲ့ပေ။ လင်းဖန်၏ရှေ့မှာ သူ့အရှိန်အဝါတွေ ပျောက်ဆုံးခဲ့ရသည်။ သူ့လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရ၏။

“ အမ် ”
ရှဲကျုံး မျက်မှောင်ကြုတ်သွားသည်။ သူရှိရာသို့ နောက်ဆုတ်လာနေသာ လိန်ယွဲ့ကို ကြည့်လိုက်၏။ ခန့်မှန်းထားသည့်အတိုင်း လိန်ယွဲ့က သူ့ကိုကာကွယ်ပေးရန်  ရှဲကျုံးအား အလိုရှိနေသည်။

ရှဲကျုံးက လိန်ယွဲ့ကို စူးစိုက်ကြည့်လိုက်သည်။ ဤကောင်က သူ့လက်အောက်တွင် ရှိနေခဲ့ပြီး နောက်တစ်ချိန်တွင် အရေးပါသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာလိမ့်မည်။

လိန်ယွဲ့က မည်မျှဆုံးဖြတ်ချက်ခိုင်မာပြီး ပါရမီရှိလဲဆိုတာ ရှဲကျုံးသိသည်။ နှစ်ဖက်သွားဓားများအကြောင်းကို အလွန်တရာ နှံ့စပ်စွာ သိရှိထားသူဖြစ်၏။ သူက သေချာအစွမ်းထက်လာမည့်သူ ဖြစ်သည်။ ထိုသို့မဟုတ်လျှင်  အင်ပါယာမြို့တော်သို့ သူ့ကို ပြန်ခေါ်လာလိမ့်မည် မဟုတ်ချေ။

သို့ဖြစ်ရာ လိန်ယွဲ့အသက်ရှင်စေရန် ရှဲကျုံး မျှော်လင့်၏။ သူ့အတွက် ကျင့်ကြံခြင်းလမ်းစဉ်မှာ သစ္စာရှိသော လက်အောက်ငယ်သားများ ရှိရန် လိုအပ်သည်။

သူက ခေါင်းဆောင်တစ်ယောက်အဖြစ် ချက်ချင်းခန့်အပ်ခံလိုက်ရသော်လည်း လုံလောက်သော အစွမ်းမရှိသေးပေ။ သူ့ကိုယ်သူ တိုးတက်အောင် အပြင်းအထန်ကြိုးစားခြင်းအားဖြင့် လူတွေ၏လေးစားမှုကို သူခံယူရလိမ့်မည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora