အပိုင်း ( ၂၉၈ )

1.2K 152 1
                                    

တရားခံ

လင်းဖန်က ဝူဂေါင်၏ဆည်းဆာတိမ်တိုက်ကျင့်စဉ်ကို အလွယ်တကူအနိုင်ရပြီး ဒဏ်ရာရအောင်ပင် တိုက်ခိုက်နိုင်တာကို မြင်သောအခါ ယွမ်ရှီ၏လှပသော မျက်လုံးလေးများမှာတလက်လက် တောက်ပလာ၏။ မည်မျှအစွမ်းထက်လိုက်ပါသနည်း။

“ မင်းဘယ်သူလဲ ”
ဝူဂေါင်၏လက်ဝါးက သွေးများ စိမ့်ကျနေသည်။ သူက လင်းဖန်ကို အေးစက်စွာစိုက်ကြည့်ကာ မေးလိုက်သည်။ ဤလူငယ်က မည်သည့်ကျောင်းတော်ကနည်း။ ဘာကြောင့် သူ့အကြောင်းကို အရင်က မကြားဖူးခဲ့ရတာလဲ။

အဆင့်မြင့်အရာရှိရှစ်ယောက်ကလွဲလျှင် လူအားလုံးကို အထင်သေးသည်ဆိုသောစကားက သူချဲ့ကားပြောထားခြင်းမျှသာ ဖြစ်၏။ သူ၏အတ္တက သူ့ကို ထိုစကားလုံးများ ပြောစေခဲ့သည်။ သို့ရာတွင် အခြားကျောင်းတော်ရှိ ကျောင်းသားများထဲတွင် သူ့ကိုယှဉ်ပြိုင်နိုင်သူကား အင်မတန်နည်းပါး၏။ ထိုကျောင်းသားများက သူ့ရှေ့တွင်ရပ်နေသော လူနှင့် အဆင့်ချင်းကွာခြားလွန်းတာကို သူသတိထားမိသည်။

“ ရှင်က လင်းဖန်လား ”
ထိုစဉ် ယွမ်ရှီက မဝံ့မရဲလေသံဖြင့် မေးလိုက်၏။

လင်းဖန်၏နာမည်က ကောင်းကင်အဏ္ဏဝါမြို့တွင် ထင်ရှားကျော်ကြားနေခဲ့သည်။ သူ့တွင် စိုးရိမ်သောကစိတ်များမရှိဘဲ အကြင်နာတရားကင်းမဲ့စွာပြုမူတတ်၏။ အသက်ဆယ့်ရှစ်နှစ်သော ရှိသေးသော်လည်း ပင်းယွမ်၊ နှစ်ဖက်သွားဓားသခင် လိန်ယွဲ့နှင့် ရွှမ်ချီအဆင့်ကျင့်ကြံသူလေးယောက်ကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။ လော်ရှားကျောင်းတော်မှာ များစွာသော ကျောင်းတော်သားများက လင်းဖန်၏အကြောင်းကို ပြောနေကြ၏။ ယွမ်ရှီသည်လည်း လင်းဖန်၏အကြောင်းကို ကြားသိခဲ့ရပြီး ဘယ်လိုပုံမျိုးဖြစ်မလဲဆိုတာ စိတ်ကူးယဉ်နေခဲ့သည်။

သူမတွေးထင်ထားခဲ့သည်မှာ လင်းဖန်ဆိုသောလူက ရက်စက်ကြမ်းကြုတ်ပြီး ဝင့်ကြွားသောသူဟူ၍ တွေးထားခဲ့သော်လည်း သူမရှေ့တွင်ရပ်နေသော လူမှာ ချောမောခန့်ညားကာ နူးညံ့သော အသားအရေရှိသူဖြစ်သည်။ သို့ရာတွင် ဤလူငယ်၏မာနကြီးသည့်စရိုက်က သူမအား လင်းဖန်ဆိုသော လူကို သတိရသွားစေသည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя