အပိုင်း ( ၂၅၈ )

1.3K 180 2
                                    

အထောက်အထား တောင်းခံခြင်း

“ သူ့လက်တစ်ဖက်ကို ဖြတ်လိုက်ကြ ”

လင်းဖန်၏အသံက တည်ငြိမ်နေရာ လူအားလုံးမှာ ကြောက်ရွံ့စိတ်ကြောင့် ကျောက်ရုပ်ကြီးတွေလို ဖြစ်သွားလေသည်။

လင်းဖန်က ဒူဂူရှောက်၏လက်တစ်ဖက်ကို ဖြတ်ပစ်ချင်နေတာလား။

အင်ပါယာအမတ်နှင့် သွေးသားတော်စပ်သော ဒူဂူရှောက်၏ လက်တစ်ဖက်ကို ဖြတ်ဝံ့လောက်အောင် သူသတ္တိရှိနေတာလား။

ဒူဂူရှောက်၏ဝင့်ကြွားသော ပုံစံသည်လည်း ပျောက်ကွယ်သွားလေပြီ။ သူ့နှလုံးက ပြင်းထန်စွာ ခုန်လာ၏။ သူနားကြားလွဲသွားခြင်းပေလော။ သူ့ပုံရိပ်ကို ကြေညာပြီးနောက် တပ်သားခေါင်းဆောင်က သူ့ကိုတောင်းပန်လာမည်ဟု ထင်လိုက်သော်လည်း သူ့လက်တစ်ဖက်ကို ဖြတ်ရန် တပ်သားများအား တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။

လူအုပ်ထဲရှိလူများမှာလည်း နှလုံးခုန်နှုန်းမြန်လာသလို ခံစားနေရသည်။

“ ရှင်ဘာပြောလိုက်တာလဲ ”
နလန်ဖန်းသည်လည်း တဒိန်းဒိန်းဖြင့် နှလုံးခုန်သံများကျယ်လောင်လာရပြီး တင်းမာစွာမေးလိုက်၏။ ချက်ချင်းပင် သူမက လင်းဖန်ကို ရေခဲတမျှအေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒူဂူရှန်ဆိုတာ သူမ၏ချစ်သူဖြစ်ပြီး သူနှင့်အတူ ရှိနေရတာကို သူမအလွန်တရာ ပျော်ရွှင်နေသည်။

စားသောက်ပွဲတွင် ရှိနေသော လူများက ရန်ကျုံးမြို့သို့ ကြီးမားသော တပ်ဖွဲ့ကြီးတစ်ခုရောက်လာတာကို ကြားသောအခါ သူတို့အားလုံး စဉ်းစားတွေးတောနေမိ၏။ နလန်ဖန်းနှင့် ဒူဂူရှောက်သာ တည်ငြိမ်နေကြပြီး မောက်မာဝင့်ကြွားနေခဲ့သည်။ တပ်ဖွဲ့ကြီးကို လာရောက်တောင်းပန်ရန်ပင် ပြောလိုက်သေးသည်။

“ ငါပြောတာကို နားထောင်စမ်း။ မင်းတို့က ငါ့ရဲ့လက်တစ်ဖက်ကို ဖြတ်ပစ်ချင်တယ်ပေါ့ ”
ဒူဂူရှောက်က အေးစက်သောချီများကို ထုတ်ဖော်လိုက်ရင်း ရေခဲတမျှအေးစက်စက်အသံဖြင့် ပြောလိုက်၏။ တချိန်တည်းမှာပင် တပ်ဖွဲ့မှ ကြေးမျက်နှာဖုံးကို တပ်ဆင်ထားသော တပ်သားတစ်ယောက်က အလွန်တရာပြင်းထန်သော ချီများကို ထုတ်လိုက်ရင်း ပြေးထွက်လာသည်။

PMG အတွဲ ( ၂ )Nơi câu chuyện tồn tại. Hãy khám phá bây giờ