အပိုင်း ( ၃၈၄ )

331 36 0
                                    

Zawgyi

ဝါးမြိုခြင်း

“ ဘယ်လာက်တောင် သက်သာလိုက်လဲ ”
လင်းဖန် သက်ပြင်းချလိုက်သည်။ ကောင်းကင်စွယ်ဝိညာဉ်သည် တောရိုင်းကောင်များကို ဝါးမြိုပြီးနောက် သူ၏ချီများအားလုံး ပြန်လည်ပြည့်လာခဲ့သည်။
လင်းဖန်သည် ကောင်းကင်စွယ်ဝိညာဉ်ထွက်ပေါ်လာသည့်အချိန်များကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ပုံရိပ်ယောင်နတ်ဆိုးဆီမှ ချီများကို ပထမဆုံးစုပ်ယူခဲ့ပြီးနောက် ရေခဲစွမ်းအင်များ၊ ခရမ်းရောင်ရေကန် စသည်ဖြင့် အကြိမ်တိုင်းတွင် ထူးဆန်းသော နယ်ပယ်သို့ သူရောက်ရှိသွားခဲ့သည်။ သူ၏စိတ်ဝိညာဉ်က အကြိမ်တိုင်းပြောင်းလဲနေသည်မှာ အလွန်တရာ ထူးဆန်းလှသည်။
ကောင်းကင်စွယ်ဝိညာဉ်က တောရိုင်ေးကာင်တစ်ကောင်ကို ဝါးမြိုလိုက်သည့်အချိန်တိုင်း ၎င်း၏ချီများကိုလည်း စုပ်ယူခဲ့၏။ ကောင်းကင်စွယ်ဝိညာဉ်သည်လည်း များစွာကြီးမားလာခဲ့ပြီး လင်းဖန်အတွက် နောက်ထပ်စိတ်ဝိညာဉ်တစ်ခုကို ဖန်တီးပေးသည်။ များစွာသော သန့်စင်သောချီများက သူ့ကို နောက်တစ်ဆင့်သို့ ရောက်ရှိအောင် အထောက်အကူပေးနိုင်သည်။
“ အခု ငါ့ရဲ့စိတ်ဝိညာဉ်က ပိုတောင်ကြီးလာတယ် ”
လင်းဖန်သည် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဝူကျိန်းကို စူးစိုက်ကြည့်လိုက်၏။ ဝူကျိန်းကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းက သတ်ဖြတ်ရန် သူဆုံးဖြတ်ချက်ချပြီးသားဖြစ်သောကြောင့်ပင်။
“ လင်းဖန်…မင်းက တကယ်တိုက်ချင်တာလား ”
ဝူကျိန်းက လင်းဖန်ကို စိုက်ကြည့်ကာ မေးလိုက်၏။ လင်းဖန်၏အတိုက်အခိုက်စွမ်းအင်များက များစွာကြီးမားလာခဲ့သည်။ သို့သော် ဝူကျိန်းသည် တိုက်ခိုက်ရန် တွန့်ဆုတ်နေ၏။
လင်းဖန်က မထူးခြားသည့်အသွင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အမှန်တကယ်လည်း သူတိုက်ခိုက်ချင်သောကြောင့် ဝူကျိန်းကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။
ဝူကျိန်းသည် တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ရေခဲတမျှအေးစက်သောချီများနှင့် မကောင်းဆိုးဝါးချီများကို ထုတ်ဖော်လိုက်၏။ လင်းဖန်က အမှန်တကယ် တိုက်ခိုက်ချင်နေသည့်အတွက်ကြောင့် ဝူကျိန်းအနေဖြင့် ငြင်းပယ်၍ မရပေ။ ပြဿနာက လင်းဖန်ကို သူနောက်ထပ်သတ်ချင်စိတ်မရှိတော့ပေ။ အကယ်၍ လင်းဖန်ကို သူသတ်လိုက်လျှင် သူမ ဒေါသထွက်သွားလိမ့်မည်။ ထိုအရာက ထိုက်တန်ခြင်းမရှိချေ။
လင်းဖန်ကို ခုခံပြီး အထိနာအောင် တိုက်ခိုက်လိုက်ရုံဖြင့် လုံလောက်ပြီ။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ တစ်ယောက်က ခံစားချက်ကင်းမဲ့ပြီး အေးစက်စက်အသွင်ရှိပြီး တခြားတစ်ယောက်က သားရဲဆန်ကာ အေးစက်စက်ဖြစ်နေသည်။
ထိုလူနှစ်ယောက်၏မျက်လုံးများမှာ အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်နေပြီး လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။
“ သေစမ်းကွာ ”
လင်းဖန်က နက်ရှိုင်းသောလေသံဖြင့် အော်ပြောလိုက်သည်။ ခရမ်းရောင်ရေကန်သည် နောက်တစ်ဖန် အော်မြည်စပြုလာပြီး ဝူကျိန်းဆီသို့ ပြေးသွား၏။ တစ်ချိန်တည်းမှာပင် ခေါင်းခြောက်လုံးနဂါးသည် လင်းဖန်၏အထက် လေထဲတွင် ရွေ့လျားနေပြီး ၎င်း၏အသွင်က ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝူကျိန်းကိုကြည့်ရသည်မှာ မကောင်းဆိုးဝါးစိတ်ဝိညာဉ်အဖြစ်သို့ အသွင်ပြောင်းသွားသည့်အလား လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။ သရဲတစ်ကောင်၏ပုံစံ ဖြစ်နေ၏။
လင်းဖန်သည် လေထဲမှ ပျံသန်းလာသည်။ သူ၏ခရမ်းရောင်ရေကန်သည် ဝူကျိန်းဆီသို့ ပြေးနေရာမှ အရှိန်မြင့်လိုက်ပြီး ဝူကျိန်းကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ဝူကျိန်းသည် လင်းဖန်၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သဖြင့် နောက်သို့ စတင်ဆုတ်ခွာလိုက်၏။
“ မင်းရှေ့ကနေ ငါက ထွက်ပြေးနေတယ်လို့ မင်းပြောခဲ့တယ်မလား။ အခုမင်းက ဘာလုပ်နေတာလဲ ”
လင်းဖန်က ရှေ့သို့ဆက်လက်ရွေ့လျားလိုက်ရင်း သရော်လှောင်ပြောင်သည့်လေသံဖြင့် ပြောကြားလိုက်သည်။ ဝူကျိန်းသည် မှော်ဝိညာဉ်ကို အသုံးပြုလိုက်ပြီး အလွန်တရာ လျင်မြန်စွာ ပျံသန်းသွားနေ၏။
လင်းဖန်သည် လျင်မြန်မှုအပိုင်းတွင် ဝူကျိန်းကို မယှဉ်ပြိုင်နိုင်ချေ။ ထို့ပြင် သူတို့နှစ်ယောက်ကြားရှိ ကျင့်ကြံခြင်းအဆင့်က ကွာခြားလွန်းလှ၏။
ဝူကျိန်းကိုကြည့်ရသည်မှာ အေးစက်နေသည်။ မှော်ဝိညာဉ်၏ ကြောက်စရာကောင်းသော သားရဲဆန်သည့်မျက်လုံးများသည် လင်းဖန်ကို စူးစိုက်ကြည့်နေ၏။ သို့ရာတွင် လင်းဖန်သည် ရှေ့ကိုကြည့်နေပြီး ကြောက်ရွံ့နေသည့်ပုံလည်း မပေါ်ချေ။ မှော်ဝိညာဉ်၏ အစွမ်းက သူ့အပေါ်အကျိုးသက်ရောက်မနေချေ။ သူ၏နက်မှောင်နေသော မျက်လုံးများက ကျောက်စိုင်ကျောက်သားပမာ တည်ငြိမ်နေကာ တွင်းနက်ကြီးများပမာ ဖြစ်နေသည်။ မှော်ဝိညာဉ်က သူ၏သက်စောင့်ဝိညာဉ်ကို မလွှမ်းမိုးနိုင်ပေ။
ဝူကျိန်း၏စိတ်ဓာတ်များ ပျက်ပြားလာသဘည်။ သူ၏မှော်ဝိညာဉ်သည် ပြိုင်ဘက်၏သက်စောင့်ဝိညာဉ်ကို လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း လင်းဖန်နှင့်တိုက်ခိုက်ရာတွင် အသုံးမဝင်တော့ချေ။
သူသည် တောရိုင်းကောင်များကိုလည်း ထိန်းချုပ်နိုင်၏။ သို့သော် လင်းဖန်နှင့်တွေ့သောအခါ ထိုအရာသည်လည်း အသုံးမဝင်တော့ချေ။
လင်းဖန်က မှော်ဝိညာဉ်၏ အိပ်မက်ဆိုးတစ်ခု ဖြစ်နေပုံရသည်။
ဝူကျိန်းသည် သူ၏လက်ကို မြှောက်လိုက်ပြီး အေးစက်သောစွမ်းအင်များကို လက်ဝါးထက်မှာ စုစည်းလိုက်သည်။ မှော်ဝိညာဉ်ပေါ်မှာလည်း အလင်းရောင်များစုစည်းလာ၏။ ၎င်းအလင်းရောင်များသည် ပိုမိုအေးစက်လာသည်။
“ အေးလိုက်တာ။ ဘယ်လိုလုပ် ဒီလောက် အံ့သြစရာကောင်းအောင် အေးစက်ရတာလဲ ”
ဝူကျိန်း၏အေးစက်သောစွမ်းအင်များကို စုစည်းမှုက လင်းဖန်ကို တုန်လှုပ်သွားစေသည်။ လင်းဖန်သည် ဝူကျိန်း၏လက်ကို ကြည့်လိုက်သည်။ ဝူကျိန်းက စုစည်းနေသည့်စွမ်းအင်များကို ဖုန်းကွယ်ရန်မကြိုးစားဘဲ လင်းဖန်ကို သူဘယ်လောက်အစွမ်းထက်ကြောင်း ပြသနေ၏။
“ လင်းဖန်…မင်းက တိုက်ခိုက်ချင်နေမှတော့ မင်းကို င့ါရဲ့ အမှောင်နတ်ဆိုးတိုက်ကွက် ကိုပြရတာပေါ့ ”
ဝူကျိန်းက လေထဲမှာ သရဲတစ္ဆေအလား ပျံဝဲလိုက်ရင်း ပြောလိုက်သည်။ သူသည် အဝေးသို့ ထွက်ပြေးနေရာမှ ရပ်တန့်လိုက်ပြီဖြစ်ပြီး လင်းဖန်ဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်၏။ ခရမ်းရောင်မြွေများသည် ထိုအေးစက်သောစွမ်းအင်နှင့် ထိတွေ့သောအခါ အေးခဲကာ အပိုင်းပိုင်းပြတ်ကုန်သည်။
“ ဂါး……”
ခေါင်းခြောက်လုံးနဂါးသည် အော်မြည်လိုက်ပြီး ဝူကျိန်းဆီသို့ ပြေးဝင်သွား၏။ သို့သော် ဝူကျိန်း၏ အမှောင်ဝိညာဉ်က အလင်းရောင်များထုတ်လွှတ်ကာ ဝူကျိန်း၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ ခေါင်းခြောက်လုံးနဂါးသည် စွမ်းအင်အလုံးနှင့် ထိတွေ့ မိသောအခါ ချက်ချင်းအေးခဲလာ၏။
“ ဝူကျိန်းက ငါထင်ထားတာထက် အများကြီး အစွမ်းထက်တာပဲ ”
လင်းဖန်သည် ထိုးဖောက်ဝင်ရောက်လာနေသော အေးစက်သည့်စွမ်းအင်များကို ခံစားမိသောအခါ နောက်သို့ ဆုတ်ခွာလိုက်၏။ ဝူကျိန်းသည် သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်ပြီး အေးစက်သောစွမ်းအင်အလုံးကို ထုတ်ဖော်ကာ ရှေ့သို့ ပြေးတက်လာသည်။
ခရမ်းရောင်ဝိညာဉ်က ဝူကျိန်းဆီသို့ သွားနေစဉ် နဂါးသည် ရေခဲများမှ လွတ်မြောက်အောင် ကြိုးစားလိုက်၏။
ဝူကျိန်းသည် သူ့ပတ်လည်ရှိ အရာအားလုံးကို လျစ်လျူရှုထားသည်။ သူ၏သရဲခန္ဓာကိုယ်သည် ရှေ့သို့ ဆက်လက်ပြေးလာနေသည်။ သူ့မျက်လုံးများထဲတွင် လင်းဖန်တစ်ယောက်တည်းသာ ရှိနေ၏။
“ အမ် ”
လင်းဖန်မျက်မှောင်ကြုတ်သွားသည်။ ဝူကျိန်းကား သူ့ကိုတိုက်ခိုက်လာသည်များကို ခုခံကာကွယ်ရန် မေ့လျော့ထား၏။ သူ၏စိတ်ဝိညာဉ်ကိုသုံးကာ အရင်ဆုံး အရှိန်မြင့်နေသည်။
“ မင်းကို ချမ်းသာပေးခဲ့ပေမယ့် မင်းက ငါ့စကားကိုနားမထောင်ဘဲ တိုက်ခိုက်ချင်နေမှတော့ င့ါဒေါသကို မင်းခံစားစေရမယ် ”
ဝူကျိန်းသည် လင်းဖန်ကို ဒေါသထွက်နေသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ သူသည် အေးစက်သောချီများဖြင့် ပြည့်နေသော သူ၏လက်ကို မြှောက်လိုက်၏။ ထိုအေးခဲနေသောစွမ်းအင်လုံး၏အတွင်းထဲမှာ တွန့်လိမ်နေသည့်မြွေများအသွင်ရှိသော အဖြူရောင်ချီများ ပါဝင်နေသည်။
“ ဒုက္ခရှာချင်နေတယ်။ အဲ့ဒီလိုဆိုမှတော့ မင်းနဲ့ငါကစားပေးရမှာပေါ့ ”
ခံစားချက်ကင်းမဲ့သည့်မျက်လုံးများနှင့် လင်းဖန်က ပြောလိုက်၏။ ရုတ်တရက် လင်းဖန်၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပြီး သန့်စင်သောနေချီများသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။
နေအဆင့်နိမ့်ကျင့်စဉ်နှင့် လအဆင့်နိမ့်ကျင့်စဉ်နှစ်ခုလုံးသည် တစ်ခုနှင့်တစ်ခု အလွန်နီးစပ်မှု ရှိသည်။
တောက်လောင်နေသော နေချီများသည် စတင်စုစည်းလာ၏။ လင်းဖန်နှင့် ဝူကျိန်းသည် သူတို့၏လက်များကို မြောက်ထားကြသည်။ လင်းဖန်၏လက်ထဲမှာ သန့်စင်သောနေချီများပါဝင်သောအလုံးတစ်လုံးရှိနေသည်။ ထို့နောက် မီးတောက်များသည် တဖြည်းဖြည်းအနက်ရောင်ပြောင်းလာ၏။
လင်းဖန်၏နက်မှောင်နေသော မျက်လုံးများထဲမှာ အနက်ရောင်မီးတောက်များက ချက်ချင်းတောက်ပလာပုံပေါ်သည်။ မည်မျှကြောက်စရာကောင်းသည့် မီးပေနည်း။
ယခုအကြိမ်တွင် ဝူကျိန်းက စတင်လှုပ်ရှားလိုက်သည်။ သူသည် သန့်စင်သောချီများကို အမှောင်နတ်ဆိုးတိုက်ကွက်တွင် ထည့်သွင်းလိုက်သည်။ ထိုတိုက်ကွက်သည် လင်းဖန်ကို ချက်ချင်းသေစေနိုင်သော အစွမ်းရှိ၏။
သို့သော် သူမတွေးမိသည်မှာ လင်းဖန်သည်လည်း သူ၏သန့်စင်သောချီများကို သူ့လက်ထဲရှိ အနက်ရောင်မီးလုံးထဲသို့ စုစည်းလိုက်သည်။
ထိုမီးတောက်များသည် တဖြည်းဖြည်းအနက်ရောင်ကြာပွင့်အဖြစ်သို့ ပြောင်းလဲလာ၏။
“ ဒူရန်သေဆုံးခဲ့ရတာ ဒါကြောင့်ဖြစ်မယ် ”
ဝူကျိန်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ အနက်ရောင်ကြာပွင့်မှာ ပါဝင်သော စွမ်းအင်များကို သူအာရုံမခံနိုင်ပေ။ သို့သော်လည်း ၎င်းကိုကြည့်သောအခါ အန္တရာယ်၏အငွေ့အသက်များကို သူရရှိနေသည်။ ထိုအနက်ရောင်ကြာပွင့်က အလွန်တရာ အစွမ်းထက်မည်မှာ သေချာ၏။
“ ငါ့မှာ ရွှမ်ချီအဆင့်သုံး အစွမ်းရှိတယ်။ အမှောင်နတ်ဆိုးတိုက်ကွက်မှာ အဆင့်နိမ့်လကျင့်စဉ်အစွမ်းတွေအကုန် ထည့်သွားထားတာ။ အနက်ရောင်ကြာပွင့်က ရွှမ်ချီအဆင့်သုံးအစွမ်းရှိနေတဲ့ အမှောင်နတ်ဆိုးတိုက်ကွက်ကို ခုခံနိုင်မှာ မဟုတ်ဘူး ”
ဝူကျိန်းတွေးလိုက်၏။ ဒူရန်ကို သတ်နိုင်သည်အထိ အနက်ရောင်ကြာပွင့်က မည်မျှအစွမ်းထက်လဲဆိုတာ သူသိချင်လာသည်။
“ အမှောင်နတ်ဆိုးတိုက်ကွက်…ပျက်စီးသွားလိုက်စမ်း ”
ထိုစကားများကို ပြောပြီးနောက် ဝူကျိန်းသည် သူ၏လက်ကို မြှောက်ကာ အပြင်းရိုက်လိုက်သည်။ စွမ်းအင်များသည် လေထုကို တုန်ခါသွားကာ လင်းဖန်ဆီသို့ တိုးဝင်သွား၏။
လင်းဖန်သည်လည်း လေထုကိုဖြတ်၍ ထိုးလိုက်ရာ သူ၏အနက်ရောင်ကြာပွင့်သည် ဝူကျိန်း၏တိုက်ခိုက်မှုနှင့် တွေ့ဆုံသွားသည်။
“ ဝေါ …. ဝေါ……”
အမှောင်နတ်ဆိုးတိုက်ကွက်နှင့် အနက်ရောင်ကြာပွင့်တို့ ထိတွေ့မိသောအခါ ကျိုးကြေသည့်အသံများ ထွက်ပေါ်လာ၏။ အံ့မခန်းများပြားသော အဖျက်အဆီးစွမ်းအင်များ ထွက်ပေါ်လာကာ ဘေးပတ်လည်ကို ရိုက်ခတ်သွားသည်။ လေထုကြီးမှာ ပြင်းထန်သော စွမ်းအင်များကြောင့် တုန်ခါနေ၏။
အနက်ရောင်ကြာပွင့်သည် အမှောင်နတ်ဆိုးတိုက်ကွက်ကို ထိုးဖောက်လာပြီး လောင်ကျွမ်းနေရာ ဝူကျိန်းကို မျက်မှောင်ကြုတ်သွားစေ၏။ သူသည် ရွှမ်ချီအဆင့်သုံးသို့ ရေက်ရှိနေပြီး လင်းဖန်က ရွှမ်ချီအဆင့်တစ်သာ ရှိသည်။ လင်းဖန်၏သန့်စင်သောနေချီက မည်သည့်အတွက်ကြောင့် သူ၏သန့်စင်သောလချီထက် များစွာ အစွမ်းထက်နေရသနည်း။
သို့သော်လည်း အနက်ရောင်ကြာပွင့်မှာ သန့်စင်သောနေချီများ အမှန်တကယ် ပါဝင်နေသလား။
လင်းဖန်၏မြင့်မြတ်သောစိတ်ဝိညာဉ်မှ ငရဲမီးသည် နေချီနှင့်ပေါင်းစပ်ကာ အနက်ရောင်ကြာပွင့်ကို ဖန်တီးထားခြင်းဖြစ်၏။ ၎င်းမှာ ပြင်းထန်သော အဖျက်စွမ်းအားများ ပါဝင်နေသည်။
အဖျက်အဆီးစွမ်းအင်များသည် ကောင်းကင်မှာ ဆက်လက်ရိုက်ခတ်နေ၏။ လင်းဖန်နှင့်ဝူကျိန်း၏ မျက်နှာများက တဖြည်းဖြည်း ပြောင်းလဲလာသည်။ တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသော အဖျက်အဆီးစွမ်းအင်များကား အံ့မခန်းများပြားလှပြီး သူတို့၏ခြေထောက်အောက်ရှိ သစ်ပင်များမှာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွား၏။ ထိုအခိုက် သူတို့နှစ်ယောက်လုံး၏ ပုံစံက မတုန်မလှုပ်ဘဲ ခိုင်မာပြတ်သားသည့်ပုံ ပေါ်နေသည်။
ပြောစရာစကားပင်မရှိတော့ဘဲ ပျက်ဆီးသည့်မြည်သံများသာ လေထဲတွင် ပြည့်လာ၏။
“ နောက်ဆုတ် ”
လင်းဖန်သည် အဖျက်အဆီးချီများက သူအပါအဝင်အရာအားလုံးကို ဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း ချက်ချင်းနားလည်သွားသည်။
ဝူကျိန်းသည်လည်း အတူတူပင်။ ထိုမျှများပြားသော အဖျက်အဆီးစွမ်းအင်များကို သူမထိန်းချုပ်နိုင်ချေ။
လင်းဖန်နှင့် ဝူကျိန်းသည် နောက်သို့ တပြိုင်တည်း ဆုတ်လိုက်ကြ၏။ သူတို့၏သက်စောင့်ဝိညာဉ်များသည် သေခြင်းနှင့် နီးကပ်သည့်အတွေ့အကြုံကြောင့် တုန်ခါနေသည်။
သို့ရာတွင် လင်းဖန်၏စိတ်များက ပြောင်းလဲမသွားဘဲ ဝူကျိန်းကို သတ်ချင်နေဆဲပင်။ သူ၏ကောင်းကင်စွယ် ဝိညာဉ်သည် အော်မြည်လိုက်ပြီး ဝူကျိန်း၏အနောက်ရှိ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ခေါင်းခြောက်လုံးနဂါးနှင့် ခရမ်းရောင်ဝိညာဉ်သည် ဝူကျိန်းဆီသို့ တစ်ချိန်တည်း ရွေ့လျားလာကြသည်။
“ သေစမ်းကွာ ”
လင်းဖန်၏ခံစားချက်ကင်းမဲ့နေသာ မျက်လုံးများသည် အေးစက်စက်အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ဝူကျိန်းကို သတ်ခြင်းမှ သူ့ကို မည်သည့်အရာကမျှ မဟန့်တားနိုင်ပေ။ သူ့နှလုံးသားထဲမှာ ဝူကျိန်းကို သတ်ရန် စိတ်ဆန္ဒက ပြင်းပြစွာ တောက်လောင်နေ၏။
အမှောင်ဝိညာဉ်သည် အဖြူရောင်အလင်းများကို ထုတ်လွှတ်ကာ ဝူကျိန်းဆီသို့ ပြေးလာနေသော ခရမ်းရောင်မြွေများနှင့် ခေါင်းခြောက်လုံးနဂါးတို့ကို ဟန့်တားရန်ပြင်လိုက်သည်။
“ ဂါး….”
အမှောင်ဝိညာဉ်က တောက်ပသော အလင်းရောင်ထဲမှာ ရွေ့လျားလိုက်ရာ နဂါးနှင့် မြွေများကို ဒေါသထွက်သွားစေပုံပေါ်၏။ လင်းဖန်သည် အတန်ငယ်ဝေးသောနေရာမှ ကြည့်နေသည်။ ထိုစသ် ခရမ်းရောင်ဝိညာဉ်နှင့် နဂါးတို့သည် အတူတကွ ပေါင်းစပ်လာရာ ကောင်းကင်ကြီးမှာ တုန်ခါနေ၏။ ၎င်းတို့၏အော်သံများသည်လည်း တစ်သံထဲအဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ဝိညာဉ်ဆီသို့ ပြေးဝင်သွားလေသည်။
အမှောင်ဝိညာဉ်သည် နဂါး၏တစ်ကိုက်တည်းနှင့် ဝါးမြိုခြင်းအောက်မှာ ပျောက်ကွယ်သွား၏။
နောက်ထပ်တစ်ကိုက်မှာ ဝူကျိန်းသည်လည်း ပျောက်ကွယ်သွားလေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now