အပိုင်း ( ၃၇၅ )

336 37 0
                                        

Zawgyi

သူ၏မြေး

တိုက်ပွဲက ရုတ်တရက် ရပ်တန့်သွား၏။ ဝမ်ရှောက်မင်ကျောင်းမှ လူများသည် ဒရောသောပါး နောက်သို့ ဆုတ်သွားကြသည်။ မြွေပွေးနှင့်ရှုန်ရှီက လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူတို့၏တောရိုင်းကောင်များသည်လည်း ထိန်းမနိုင်ဖြစ်ကာ ထွက်ပြေးသွား၏။
ယခုအချိန်တွင် ဝမ်ရှောက်မင်ကျောင်းမှ ရွှမ်ချီအဆင့်ကျင့်ကြံသူလေးယောက်နှင့် သူတို့၏တောရိုင်းကောင်များသာ ကျန်တော့သည်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူတို့၏အင်အားက သိသာစွာ ယုတ်လျော့သွား၏။
ကျင့်ကြံသူလေးယောက်က လင်းဖန်ကို စူးစိုက်ကြည့်နေသည်။ လင်းဖန်က သူတို့အတွက် အန္တရာယ်ရှိလွန်းသည်။ မျက်တောင်တစ်ချက်ခတ်အတွင်းမှာ ရွှမ်ချီအဆင့်သို့ ရောက်ရှိနေသော သူတို့၏လူနှစ်ယောက်ကို သတ်ဖြတ်သွားခဲ့၏။
လင်းဖန်နှင့်အတူ လိုက်လာသူများသည်လည်း အံ့အားသင့်သွားသည်။ ယခုအချိန်တွင် လင်းဖန်ပြောခဲ့သောစကားကို သူတို့ကောင်းစွာ နားလည်သွားသည်။ လင်းဖန်က သူတို့ကို ရန်သူများအား နှောင့်နှေးအောင် ပြုလုပ်စေပြီးနောက် သူကိုယ်တိုင်သတ်မည်ဖြစ်၏။
“ ကျေးဇူးကွာ ”
ရှုန်ရှီ၏ သတ်ဖြတ်ခြင်းခံရခါနီးမှ လွတ်မြောက်သွားသော ကျင့်ကြံသူက ပြောလိုက်သည်။ လင်းဖန်က အချိန်ကိုက်ရောက်လာခဲ့ပြီး သူ့အသက်ကို ကယ်သွားခဲ့သည်။
“ ငါတို့က ဒီမှာအတူတူရှိနေမှတော့ ဒီကိစ္စက သာမန်ပါပဲ ”
လင်းဖန်က ပြောလိုက်ရာ ထိုလူသည် လေးပင်စွာ ခေါင်းညိတ်ပြလိုက်၏။ သူတို့သည် အတူတကွ တိုက်ခိုက်နေသည်ဖြစ်၍ တစ်ယောက်ကိုတစ်ယောက် ကူညီရပေမည်။
“ ကျားသစ်နဲ့ငါက ဒီကောင့်ကို တိုက်ခိုက်မယ်။ ကွမ်ရှီ၊ တျန်ချင်းက ဒီလေးယောက်ကို တိုက်ခိုက်လိုက် ”
တောရိုင်းကောင်တစ်ကောင်ကို စီးထားသော ဝမ်ရှောက်မင်ကျောင်းသားတစ်ယောက်က လင်းဖန်ကို ညွှန်ပြကာ ပြောလိုက်၏။ ကျားသစ်နှင့်သူက သူတို့အားလုံးထဲတွင် အစွမ်းထက်ဆုံးဖြစ်ပြီး ရွှမ်ချီအဆင့်နှစ်သို့ ရောက်ရှိနေသည်။ ကွမ်ရှီနှင့်တျန်ချင်းတို့က လင်းဖန်၏အဖော်များကို နှောင့်နှေးအောင် ပြုလုပ်နေစဉ် သူတို့က လင်းဖန်ကို အရင်ဆုံးသတ်ပစ်ချင်နေသည်။ ကွမ်ရှီနှင့် တျန်ချင်းတို့အတွက် အလွန်အစွမ်းထက်ခြင်းမရှိသော ရွှမ်ချီအဆင့်ကျင့်ကြံသူ လေးယောက်ကို နှောင့်နှေးအောင် ပြုလုပ်ခြင်းက ပြဿနာမဟုတ်ချေ။
“ ကောင်းပြီ ”
“ အင်း..အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ကျီဖန်နဲ့ ကျားသစ်က သူ့ကို သတ်လိမ့်မယ်။ ပြီးရင် ငါတို့လေးယောက်က ဒီလေးယောက်ကို အတူတူသတ်ကြတာပေါ့ ”
ဝမ်ရှောက်မင်ကျောင်းတော်၏ တတိယမြောက်လူက ခေါင်းညိတ်ကာ ပြောကြားလိုက်သည်။ လင်းဖန်က အန္တရာယ်ရှိလွန်းသည့်အတွက် သူ့ကို အရင်ဆုံးသတ်ပစ်ရန်ကလွဲပြီး တခြားရွေးချယ်စရာ မရှိချေ။ ရွှမ်ချီအဆင့်နှစ်ကျင့်ကြံသူနှစ်ယောက်နှင့် ရွှမ်အဆင့်တောရိုင်းကောင်နှစ်ကောင်က လင်းဖန်ကို သတ်ရန် လုံလောက်သင့်သည်။
လင်းဖန်နှင့်တခြားသူများသည် သူတို့ပြောတာကို ကြားသောအခါ သူတို့၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ လင်းဖန်နှင့်အတူ ရှိနေသူလေးယောက်မှာ စိုးရိမ်သွားကြသည်။ ဝမ်ရှောက်မင်ကျောင်းတော်မှ လူများသည် လင်းဖန်၏ဓားချက်ကြောင့် သူတို့လူနှစ်ယောက် သေဆုံးသွားရသော်လည်း သူတို့၏အစွမ်းက မြင့်မားနေဆဲဖြစ်သည်ဟု ယုံကြည်နေသည်။ သူတို့တွင် လင်းဖန်ကို ရင်ဆိုင်ရန် နည်းလမ်းများ ရှိနေပြီး ရွှမ်ချီအဆင့်နှစ် ကျင့်ကြံသူနှစ်ယောက်နှင့် ရွှမ်အဆင့်တောရိုင်းကောင်များက လင်းဖန်ကို ရင်ဆိုင်မည်ဖြစ်ပြီး လင်းဖန်ကို လွတ်လမ်းမရှိအောင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
“ မင်းတို့လေးယောက်...ဂရုစိုက်ကြ ”
လင်းဖန်က တခြားလေးယောက်ကို ပြောလိုက်ရာ သူတို့အံ့သြမှင်တက်သွား၏။ လင်းဖန်က သူ့အတွက်သူ စိုးရိမ်ခြင်းမရှိဘဲ ထိုအစား သူတို့အတွက် စိုးရိမ်နေသည်။
လင်းဖန်သည် သူ၏အစွမ်းကုန်ထုတ်သုံးရသေးပုံမပေါ်ဘဲ သူ့တွင် ဝှက်ဖဲများ ရှိနေသေးပုံပေါ်၏။
“ မင်းလည်း ဂရုစိုက်တိုက်ခိုက် ”
ကျင့်ကြံသူလေးယောက်က လင်းဖန်ကို ပြန်လည်ပြောဆိုလိုက်သည်။
သူတို့လေးယောက်သည် ရွှမ်အဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် တောရိုင်းကောင်နှစ်ကောင်ကိုသာ ရင်ဆိုင်ရသည့်အတွက် လင်းဖန်အများကြီး မစိုးရိမ်ပေ။ ဝမ်ရှောက်မင်ကျောင်းတော်မှ လူများက အလွန်တရာ အစွမ်းထက်သော်လည်း ဤလေးယောက်ကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ လင်းဖန်သာ အသက်ရှင်နေလျှင် ကိစ္စမရှိပေ။
သူတို့၏မျှော်လင့်ချက်တွေနှင့် သူတို့၏ဘဝတွေက လင်းဖန်၏လက်ထဲမှာ ရှိနေသည်။ လင်းဖန်သာ ရှုံးနိမ့်သွားလျှင် သေခြင်းတရားက သူတို့ဆီသို့ ရောက်လာလိမ့်မည်။
လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်၏။ မီးတောက်များက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ခန့်ညားထည်ဝါစွာ တောက်ပလာပြီး မျက်စိကျိန်းမတတ်ဖြစ်သွားစေ၏။ လင်းဖန်၏ပုံစံက မီးနတ်ဘုရားပမာ ဖြစ်နေသည်။
“ တိုက်ခိုက်ကြတာပေါ့ ”
နေက လင်းဖန်၏ပေါ်သို့ ကျရောက်နေရာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များကို ပိုမိုတောက်ပလာအောင် ပြုလုပ်လိုက်သည့်ပမာ ဖြစ်သွားသည်။
ကျီဖန်နှင့် ကျားသစ်က သူတို့၏တောရိုင်းကောင်များနှင့်အတူ လင်းဖန်ကို အလစ်မပေးဘဲ လှည့်ပတ်နေသည်။
ကျီဖန်က လင်းတပေါ်မှာ ရှိနေပြီး ကျားသစ်က ကျားသစ်နှင့်ဆင်သည့် တောရိုင်းကောင်၏ ကျောကုန်းထက်မှာ ရှိနေသည်။ သို့သော် ၎င်းတောရိုင်းကောင်မှာ ကြီးမားသော အဖြူရောင်တောင်ပံများ ရှိ၏။
“ ဒီတစ်ကြိမ်မှာ အဓိကကျောင်းသားနှစ်ယောက်နဲ့ တောရိုင်းကောင်နှစ်ကောင်ရှိနေတယ်။ အခု မင်းဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့ ”
ကျီဖန်က လင်းဖန်ကို တစ်ချက်ကြည့်ကာပြောလိုက်သည်။ လင်းဖန်က သူတို့ရှေ့မှာ သူတို့၏ပညာသင်ဖက်များကို သတ်ဖြတ်ခဲ့သည်။ ထိုအကြောင်းသာ အခြားကျောင်းတော်မှ အဖွဲ့ဝင်များ သိသွားလျှင် သူတို့မျက်နှာပျက်ရလိမ့်မည်။ သူတို့က လင်းဖန်တို့ထက် အရေအတွက်များသော်လည်း သူတို့၏ပညာသင်ဖက်နှစ်ယောက်မှာ သတ်ဖြတ်ခံခဲ့ရသည်။
“ လူတွေများလာတော့ရော အသုံးဝင်လား ”
လင်းဖန်က ပြုံးလိုက်၏။ သူ၏မီးတောက်များက ပို၍ ပြင်းထန်စွာ တောက်ပလာသည်။ သူက မျက်လုံးကို မှိတ်လိုပြီး ပိုလျှံသက်စောင့်ဝိညာဉ်ပညာရပ်ကို ထုတ်ဖော်အသုံးပြုလိုက်၏။
သူ၏သက်စောင့်ဝိညာဉ်မှ သက်စောင့်ဝိညာဉ်တစ်ထောင်အဖြစ်သို့ ကွဲထွက်သွားပြီး သူ၏သန့်စင်သောနေချီနှင့် ပေါင်းစပ်သွားသည်။
“ အမ် ”
ကျီဖန်နှင့် ကျားသစ်တို့ မျက်မှောင်ကြုတ်သွား၏။ သက်စောင့်းဝိညာဉ်၏အစွမ်း၊ လင်းဖန်၏သက်စောင့်ဝိညာဉ်အစွမ်းက အလွန်တရာ ထက်မြက်လှတာကို သူတို့အာရုံခံမိနေသည်။ သို့သော် လင်းဖန်က ဘာလုပ်ချင်နေတာလဲ။
“ ကျီဖန်…ဒီကောင့်ကို အတူတိုက်ကြရအောင် ”
ရုတ်တရက် ကျီဖန်က ပြောလိုက်ရာ ကျားသစ်က ခေါင်းညိတ်ပြလိုက်၏။ သူ၏လင်းတက လင်းဖန်ဆီသို့ လေမှာ ပျံဝဲ၍ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် လင်းဖန်ဆီသို့ လေမုန်တိုင်းတစ်ခု ရောက်ရှိလာ၏။
“ သေစမ်းကွာ ”
ကျီဖန်က အံ့မခန်းအမြန်နှုန်းဖြင့် လင်းဖန်ဆီသို့ ပြေးဝင်ကာ တိုက်ခိုက်လိုက်သည်။ လင်းဖန်ကို သူသတ်ရလိမ့်မည်။
လူနှစ်ယောက်နှင့် တောရိုင်းကောင်နှစ်ကောင်သည် လင်းဖန်ကို အတိုင်အဖောက်ညီစွာ တိုက်ခိုက်လိုက်ကြသည်။
“ အခု ”
လင်းဖန်၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ့မျက်လုံးများထဲတွင် ပူပြင်းသော မီးတောက်တစ်ခု ရှိနေသည့်ပုံပေါ်၏။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များသည်လည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ မီးတောက်တစ်ထောင် ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းမီးတောက်များက အလွန်လှပပြီး ခန့်ညားထည်ဝါလှသည်။
“ လောင်ကျွမ်းလိုက်စမ်း ”
လင်းဖန်က အော်ပြောလိုက်၏။ ချက်ချင်းပင် မီးတောက်များက ကြီးမားသော မီးနဂါးလေးကောင်အဖြစ်သို့ စုစည်းသွားကာ အရပ်လေးမျက်နှာသို့ ပြေးသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် မီးများလောင်ကျွမ်းလိုက်သည့်အလား မခံမရပ်နိုင်အောင် ပူပြင်းသွား၏။
ထိုလှုပ်ရှားမှုက ကျိဖန်ကို စကားမပြောနိုင်အောင် အံ့သြမှင်တက်သွားစေသည်။ ထို့နောက် သူက လက်ကိုမြှောက်လိုက်ပြီး မီးနဂါးဆီသို့ လေမုန်တိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ မီနဂါးက ၎င်း၏ပါးစပ်ကြီးကို ဟ,ကာ ထိုတိုက်ကွက်ကို ဝါးမြိုလိုက်သည်။
“ တိရစ္ဆာန်ကောင်…ထွက်သွားစမ်း ”
ကျိဖန်က အော်ပြောလိုက်၏။ သူ့နောက်တွင် အနက်ရောင်တောင်ပံတစ်စုံ ရုတ်တရက် ပေါ်ထွက်လာသည်။
အတောင်ပံနှစ်ဖက်က တဖျပ်ဖျပ်ခတ်လိုက်ရာ နောက်ထပ်လေမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာမှာ ရှိနေသော မီးနဂါးများဆီသို့ ပြေးဝင်သွား၏။ လျှပ်တစ်ပြက်အတွင်း မီးနဂါးများ ပျောက်ကွယ်သွားရာ ကျီဖန်ကို ပြုံးသွားစေသည်။ သို့သော် တစ်စက္ကန့်မျှကြာပြီးနောက် မီးနဂါးများက မူလပုံစံအတိုင်း နဂါးလေးကောင်အဖြစ်သို့ ပြန်လည်စုစည်းသွားကာ ထပ်မံတိုက်ခိုက်ရန် ရွေ့လျားလာ၏။
ကျားသစ်နှင့် တောရိုင်းကောင်နှစ်ကောင်မှာ လင်းဖန်၏တိုက်ခိုက်မှုကို ခံစားနေရပြီး သတ်ဖြန်ရန် အတွက်ပင် မလုပ်နိုင်တော့ချေ။
“ နောက်ဆုတ် ”
ကျီဖန်က ပြောလိုက်ပြီး ချက်ချင်းနောက်ဆုတ်လိုက်၏။ တောရိုင်းကောင်နှစ်ကောင်သည်လည်း နောက်ဆုတ်ကာ လင်းဖန်ကို ပြန်လည်ဝိုင်းရံထားလေသည်။
သို့သော် လင်းဖန်က သူတို့ကို ကြည့်ပင်မကြည့်ဘဲ မျက်လုံးကိုသာ မှိတ်ထား၏။ မီးနဂါးလေးကောင်သည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသည်။
လင်းဖန်သည် မလှုပ်မယှက်ရှိနေပြီး သူ၏ပြိုင်ဘက်လေးယောက်ကို တိုက်ခိုက်ရန် မီးနဂါးလေးကောင်ကို ထိန်းချုပ်နေသည်။
လင်းဖန်၏သက်စောင့်ဝိညာဉ်အစွမ်းနှင့် သူ့အာရုံများသည် အလွန်တရာ ဖွံ့ဖြိုးတိုးတက်နေ၏။ လင်းဖန်က သက်စောင့်ဝိညာဉ်တစ်ထောင်ကို ဖန်တီးနိုင်ပြီး ၎င်းတို့ကို သန့်စင်သောနေချီနှင့် ပေါင်းစည်းစေလိုက်သည်။ ထို့နောက် မီးတောက်များကို ထိန်းချုပ်ကာ သူအလိုရှိသည့်ပုံစံများအဖြစ်သို့ ပြောင်းလဲစေခြင်းဖြစ်သည်။
လင်းဖန်သည် ၎င်းတို့ကို ထိန်းချုပ်ရန် သူ့စိတ်ကိုသာ အသုံးပြုရ၏။
“ ကျားသစ်၊ ဆက်တိုက်မယ်။ သူ့ကို ငါသတ်လိုက်မယ် ”
ကျီဖန်က လင်းဖန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက လင်းဖန်ဆီသို့ မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် အစွမ်းကုန်ထုတ်လျက် ပြေးသွား၏။
ကျီဖန်သည် သူ၏အတောင်ပံကြီးနှစ်ဖက်ကို ပြန့်ကားသွားစေပြီး လေမှာခတ်လိုကရာ လေပွေများဖြစ်ပေါ်လာပြီး သန့်စင်သောချီများက သူ့ခန္ဓာကိုယ်ပတ်လည်တွင် စုစည်းလာသည်။
“ သေစမ်းကွာ ”
ကျီဖန်က လင်းဖန်ဆီသို့ အရိပ်တစ်ခုပမာ ရုတ်တရက်ပြေးဝင်သွားရင်း အော်ပြောလိုက်သည်။
မီးနဂါးတစ်ကောင်က ကျီဖန်ဆီသို့ ပြေးဝင်လာသော်လည်း ကျီဖန်က ၎င်းကို လျစ်လျူရှုထားကာ ရှေ့သို့သာ ဆက်လက်ပြေးသွား၏။ များစွာသော သန့်စင်သည့်ချီများပါဝင်သည့် လေပွေတစ်ခုနှင့် မီနဂါးတို့ ထိတွေ့သွားသည်။ ကျီဖန်သည် သန့်စင်သောချီလေပွေ၏ အလယ်မှာ ရှိနေပြီး လင်းဖန်ဆီသို့ တစ်လှမ်းချင်းရွေ့သွားသည်။
ကျားသစ်သည်လည်း ဒေါသထွက်နေ၏။ ကျီဖန်နည်းတူ သူသည်လည်း လင်းဖန်ကို တစ်ချိန်တည်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ရွှမ်ချီအဆင့်ရှိသူလေးယောက်က လင်းဖန်ကို အံ့သြစရာကောင်းအောင် မသတ်ဖြတ်နိုင်ခြင်းမှာ အရှက်ခွဲခံရသည်ထက် နာကျင်စရာ ကောင်းလှ၏။
လင်းဖန်သည် ခိုင်မာပြတ်သားနေ၏. မီးနဂါးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားစေလျက် ကျီဖန်နှင့် ကျားသစ်ဆီသို့ ပြေးဝင်သွားသည်။ မီးနဂါးတစ်ခုဆီမှာ သန့်စင်သောချီ၏လေးပုံတစ်ပုံသာ ပါဝင်သည်။ သူ၏သက်စောင့်ဝိညာဉ်က များစွာအစွမ်းထက်လာသော်လည်း ရွှမ်ချီအဆင့်နှစ်ကျင့်ကြံသူများကို အနိုင်ယူရန် ခက်ခဲနေသေး၏။
ကျီဖန်နှင့် ကျားသစ်တို့က လင်းဖန်ဆီသို့ တရွေ့ရွေ့နီးကပ်လာသည်။ လင်းဖန်သည်လည်း သူ၏သန့်စင်သောချီအစွမ်းနှင့် သက်စောင့်ဝိညာဉ်အစွမ်းကို တရစပ်တိုးမြင့်နေ၏။
တောရိုင်းကောင်နှစ်ကောင်သည်လည်း ထွက်ခွာရန်စိတ်မကူးဘဲ လင်းဖန်ထံသို့ ပြေးဝင်လာရာ လင်းဖန်မှာ ခက်ခဲသော အခြေအနေနှင့် ကြုံတွေ့သွားရသည်။
တိုက်ပွဲက ထိုနေရာမှာသာ ဖြစ်ပွားနေသည်မဟုတ်ပေ။ တခြားလူခြောက်ယောက်နှင့် တောရိုင်းကောင်နှစ်ကောင်သည်လည်း တိုက်ခိုက်နေကြ၏။ တိုက်ပွဲများက အရှိန်အဟုန်မြင့်နေရာ အတန်ငယ်ဝေးသော နေရာမှ လူတချို့ ထွက်ပေါ်လာတာကို ဘယ်သူမှ သတိမထားမိကြချေ။
လေထဲမှာ လူအုပ်စုတစ်စုက ကောင်းကင်ယံမှ နေ၍ သူတို့ရှိရာသို့ ပျံသန်းလာ၏။ ထိုအုပ်စုကို ဦးဆောင်လာသူမှာ ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာသွင်ပြင်က လေးနက်တည်ကြည်ပုံရကာ စိတ်အလိုမကျခြင်းများဖြင့် ပြည့်နေသည်။
“ မိစ္ဆာဓား ပျောက်သွားပြီ ”
ဆံပင်များဆွတ်ဆွတ်ဖြူနေသော အဘိုးအိုက တီးတိုးပြောဆိုလိုက်၏။ မိစ္ဆာဓား ဘယ်နေရာကို ရောက်သွားတာလဲ။ သူတို့မသိသော်လည်း ထိုနေရာတွင် သန့်စင်သောချီများဖြင့် ပြည့်နေသည့် တွင်းတစ်ခုက အစားထိုးဝင်ရောက်လာတာကို သူတို့တွေ့မြင်နိုင်သည်။
“ အဖေ…ဟိုနေရာကိုကြည့်ဦး ”
အဘိုးအို၏ဘေးရှိ သက်လတ်ပိုင်းအရွယ်လူက လင်းဖန်နှင့်အခြားသူများရှိရာကို ညွှန်ပြကာ ပြောလိုက်သည်။
အဘိုးအိုက ခေါင်းကိုလှည့်ကြည့်လိုက်ရာ လင်းဖန်ကို သတိထားမိသွားပြီး သူ့မျက်လုံးများမှာ အလင်းရောင်များ လက်သွား၏။
အဲ့ဒါ သူပဲ…သူ့သမီးရဲ့သား…..။
သူ၏မြေးလေး………

PMG အတွဲ ( ၂ )Opowieści tętniące życiem. Odkryj je teraz