အပိုင်း ( ၂၈၇ )

1.2K 169 1
                                        

အမျက်ဒေါသ

“ ကျုပ် ရင်ဆိုင်လိုက်မယ် ”

လင်းဖန်၏ကျယ်လောင်သောစကားသံက ပတ်ဝန်းကျင်တစ်ခွင်လုံးပဲ့တင်ထပ်သွားကာ လူများ၏မျက်နှာများကို တောင့်တင်းသွားစေသည်။

ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကို လင်းချီစုဆောင်းမှုအဆင့်မှာ ရှိနေသည့် လင်းဖန်က ရင်ဆိုင်မည်ဟုပြောနေခြင်းသည် ဖြစ်နိုင်ပါမည်လော။

သို့ရာတွင် လင်းဖန်၏မျက်လုံးများက တောက်ပနေပြီး သူ့ပုံစံက တည်ကြည်နေရာ သူဟာသပြောနေခြင်း မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့အရာများကို ဘယ်တော့မှ သူဟာသအဖြစ်ပြောလိမ့်မည် မဟုတ်ချေ။

မိန်ချင်းနှင့် သခင်ဟောင်တို့က ပင်းဟဲတျန်းနှင့် မိုချန်းလန်တို့ကို တိုက်ခိုက်မည်ဖြစ်ရာ တစ်ဦးတည်းကျန်နေသော ထိပ်ပြောင်နေသော ဒုတိယခေါင်းဆောင်က သူ့ကို တိုက်ခိုက်လိမ့်မည်။ သို့ဖြစ်ရာ လင်းဖန်အနေဖြင့် တိုက်ခိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

“ ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကို သူတိုက်ခိုက်လိမ့်မယ် ”
လူများက တီးတိုးရေရွတ်လိုက်ကြသည်။ သူတို့ကိုကြည့်ရသည်မှာ စိတ်မရှည်နိုင်အောင် ဖြစ်နေပုံရ၏။ ဘယ်သူနိုင်မလဲဆိုတာ သူတို့သိချင်နေကြသည်။ လင်းဖန် သို့မဟုတ် ရွှမ်ချီအဆင့်ကျင့်ကြံသူလား။

သို့သော်လည်း ထိပ်ပြောင်နေသော ခေါင်းဆောင်သာ အနိုင်ရလိမ့်မည်ဟု သူတို့တွေးနေ၏။ လင်းဖန်အနေဖြင့် ရွေးချယ်စရာမရှိသောကြောင့် တိုက်ခိုက်ရမည်ဖြစ်သည့်အတွက် သတ္တိရှိအောင် ကိုယ့်ကိုယ်ကိုယ် အားပေးနေခြင်းသာဖြစ်မည်။

လင်းဖန်သည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မြင့်မားသောပင်ကိုယ်စွမ်းရည်ရှိသော်လည်း ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကို နိုင်လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူတို့နှစ်ယောက်၏တိုက်ပွဲက ကြည့်ကောင်းလိမ့်မည်မဟုတ်ဘဲ အခြားတိုက်ပွဲနှစ်ခုက အံ့အားသင့်စရာကောင်းနေလိမ့်မည်။
ထိပ်ပြောင်နေသော ခေါင်းဆောင်က လင်းဖန်၏စကားကို ကြားသောအခါ သူ့မျက်လုံးများထဲတွင် ရက်စက်လိုသောအရိပ်အယောင်များ ထွက်ပေါ်လာ၏။ လင်းချီစုဆောင်းမှုအဆင့်ရှိသူတစ်ယောက်က ရွှမ်ချီအဆင့်မှာရှိနေသူတစ်ယောက်ကို ရင်ဆိုင်မည်ဟုပြောလိုက်ခြင်းသည် တစ်နည်းအားဖြင့် သူ့အားအရှက်ခွဲလိုက်ခြင်းလည်း ဖြစ်နေသည်။

“ သူ့ကိုသတ်ဖို့ အချိန်ဘယ်လောက်ကြာနိုင်မလဲ ”
မိုချန်းလန်က  ထိပ်ပြောင်နေသော ခေါင်းဆောင်ကို ကြည့်ကာ အေးစက်စွာမေးလိုက်၏။ မိုချန်းလန်၏အမြင်တွင် ထိပ်ပြောင်နေသော ခေါင်းဆောင်သာ အနိုင်ရလိမ့်မည်ဖြစ်ပြီး လင်းဖန်က သူ့သေတွင်းသူတူးနေတာသာ ဖြစ်သည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя