အပိုင်း ( ၂၄၆ )

1.4K 169 0
                                    

မြို့စားဆိုသော ဘွဲ့ထူးနှင့် အပိုင်စားရသော နေရာ…

“ လင်းဖန်…မင်းက ငါ့ရဲ့ဂုဏ်သိက္ခာကို အပုပ်ချနေတာပဲ။ မင်းပြောနေတာတွေအားလုံးဟာ အလိမ်အညာစကားတွေပဲ။ ငါက မင်းဒါမှမဟုတ် မင်းသမီးကို သတ်ဖို့ ဘယ်တုန်းကမှ မခိုင်းခဲ့ဘူး။ ဒါ့အပြင် မင်းသမီးကို မင်းဖမ်းသွားတယ်လို့ ငါထင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းက မင်းသမီးကို မင်းပြောတာနားထောင်အောင် ဖိအားပေးခြိမ်းခြောက်ထားတာကြောင့်ပဲ ”
သွမ့်တျန်းလန်က မှားယွင်းသော စွပ်စွဲချက်ကို ပြုလုပ်ကာ ပြောလိုက်လေသည်။

“ အဲ့ဒီလိုလား?  အဆင့်မြင့်တပ်သားတွေက ကျွန်တော့်ကို သတ်ဖို့ကြိုးစားတဲ့အခါ သူတို့ဟာ အမိန့်ကိုသာ နာခံရတယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ခင်ဗျားဟာ မိုယွဲ့နဲ့ ပူးပေါင်းနေတာကို အနက်ရောင်အစောင့်အရှောက်တပ်တွေက ထောက်ခံခဲ့တယ်။ ခင်ဗျားရဲ့တပ်ကို မှားယွင်းတဲ့အမိန့်တွေချမှတ်ပြီးတော့ တပ်သားတစ်သိန်းသေအောင် လုပ်ခဲ့တယ်။ တကယ်လို့ ခင်ဗျားသာ မိုယွဲ့တပ်နဲ့ မပူးပေါင်းဘူးဆိုရင် လျန်ချန်းလန်ရဲ့တပ်ကို ဘယ်လိုလုပ်တိုက်ခိုက်မလဲ။ သွမ့်တျန်းလန်ဆိုတဲ့ ခင်ဗျားဟာ လူတွေအားလုံးကို ဆန့်ကျင်ပြီး အစီအစဉ်တွေကို တိတ်တဆိတ်ချမှတ်ခဲ့တဲ့လူပဲ ”
လင်းဖန်က အေးစက်စက်ဖြင့် ပြောလိုက်၏။ လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွားလေသည်။ သွမ့်တျန်းလန်က မိုယွဲ့နိုင်ငံနှင့် ပူးပေါင်းခဲ့တာလား?

လင်းဖန်၏စကားလုံးများက အလွန်တရာအားမာန်ပြည့်ဝလှပြီး ဤပြစ်မှုများအတွက် သွမ့်တျန်းလန်ကို ကြိမ်ဖန်များစွာသေမိန့်ပေးရန် ထိုက်တန်နေပေ၏။

သွမ့်တျန်းလန်၏နှလုံးသည်လည်း အရှိန်အဟုန်ပြင်းစွာ လှုပ်ခတ်လာရသည်။ သူက လင်းဖန်ကို စိုက်ကြည့်နေ၏။ အံ့အားသင့်စရာကောင်းအောင်ပင် လင်းဖန်ကလည်း သွမ့်တျန်းလန်က မိုယွဲ့နိုင်ငံနှင့် ပူးပေါင်းနေတာကို ထုတ်ဖော်ကြေညာခဲ့ပေသည်။

“ လင်းဖန်…ငါ့ရဲ့အသက်ကို ရွှီယွဲ့နိုင်ငံအတွက် ပေးဆပ်ထားတာ။ ရန်သူတွေနဲ့ ပူးပေါင်းတယ်လို့ မင်းပြောဝံ့တယ်။ ဘယ်လိုလုပ် မင်းကို အသက်ရှင်ရက် ထားရမှာလဲ?”
သွမ့်တျန်းလန်က ပြောလိုက်ရင်း အဖျက်အဆီးချီများကို ထုတ်ဖော်လိုက်လေသည်။ လင်းဖန်ကို သူအမှန်တကယ် သတ်ချင်နေပြီ ဖြစ်၏။

PMG အတွဲ ( ၂ )Dove le storie prendono vita. Scoprilo ora