အပိုင်း ( ၂၄၇ )

1.4K 178 0
                                        

ခေါင်းဆောင်သစ်

“ ရန်ကျုံးမြို့စား?”

လူအုပ်ကြီးမှာ အံ့သြမှင်တက်သွား၏။ သွေးနီတပ်၏ခေါင်းဆောင်၊ ရန်ကျုံးမြို့စား …….

ရွှီယွဲ့နိုင်ငံမှာ အင်ပါယာမျိုးနွယ်စုနောက် အာဏာအရှိဆုံးလူများမှာ အင်ပါယာအမတ်များနှင့် သူတို့အောက်မှာရှိသော မြို့စားများ ဖြစ်ပေသည်။

အချို့သူများက ရွာတစ်ရွာကို အပိုင်စားရသော်လည်း အချို့က မြို့ကို အုပ်ချုပ်ရလေ၏။ မြို့ကိုအပိုင်စားရခြင်းက စစ်မှန်သော မြို့စားအဖြစ် ယူဆ၍ ရပေသည်။

ရန်ကျုံးမြို့က လွန်စွာမကြီးမားလှသော်လည်း သွမ့်ဝူရက လင်းဖန်ကို အမြင့်ဆုံးသော နေရာဖြစ်သည့် စစ်မှန်သော မြို့စားရာထူးရသွားစေရန် သူပြုလုပ်ခဲ့ပေသည်။ အံ့မခန်းမြင့်မားလှသော အာဏာကို လင်းဖန်အား သူပေးလိုက်ခဲ့၏။ ယခုအချိန်မှစပြီး ရန်ကျုံးမြို့ကို လင်းဖန်အပိုင်စားရသွားလေပြီ။

ရန်ကျုံးမြို့မှာ နေထိုင်သူတိုင်းက လင်းဖန်၏ထိန်းချုပ်မှုအောက်မှာ ရှိနေကြပြီး သူတို့အသက်ကို လင်းဖန်ပိုင်ပေသည်။

ထိုစဉ် လင်းဖန်၏မျက်လုံးများထဲတွင် နားလည်သည့်အရိပ်အယောင်များ ဖြတ်သန်းသွား၏။ သွမ့်ဝူရက သူ၏ကတိစကားအတိုင်း ဂုဏ်ပြုလိုက်ခြင်း ဖြစ်ကြောင်း သူနားလည်သွားသည်။ လင်းဖန်က စစ်ပွဲအတွင်းမှာ ချီးကျူးထိုက်သော အပြုအမူများကို ပြုလုပ်နိုင်ခဲ့လျှင် မြင့်မားသော ပုံရိပ်ရှိသူတစ်ယောက်ဖြစ်အောင် သူလုပ်ပေးနိုင်ရန် မျှော်လင့်ထားခဲ့၏။ ယခု လင်းဖန်က အင်ပါယာမြို့တော်သို့ ပြန်လာသောအခါ သွမ့်ဝူရက လင်းဖန်ကို မြင့်မားသောဂုဏ်ပုဒ်နှင့် ချီးမြင့်ခဲ့ပြီး လင်းဖန်က သူ့ဘက်ကဆိုတာကို တိုက်ရိုက်ဖော်ပြလိုက်ပေသည်။

“ ကျေးဇူးတင်ပါတယ်..မင်းသား ”
လင်းဖန်က ပြောလိုက်လေသည်။ အမှန်တကယ်တော့ သွမ့်ဝူရ၏ကမ်းလှမ်းချက်ကို သူငြင်းပယ်ခြင်းပြုလိမ့်မည် မဟုတ်ပေ။ အင်ပါယာမြို့တော်၌ အစွမ်းထက်သော ကျင့်ကြံသူများရှိလေရာ လင်းဖန်က အလွန်တရာသန်မာခြင်း မရှိသေးပေ။ ထိုကဲ့သို့ အခွင့်အရေးကို လက်ခံရရှိလိုက်ခြင်းက သူ့အတွက် ကြီးမားသော ကံကောင်းခြင်းတစ်ရပ်ဖြစ်ပေ၏။

“ အရမ်းကြီးလည်း ပျော်မနေနဲ့ဦး..။ခမည်းတော်ရဲ့ ဆုံးဖြတ်ချက် လိုသေးတယ် ”
သွမ့်ဝူရက နွေးထွေးစွာ ပြုံး၍ပြောလိုက်လေသည်။ သူက ထိုသို့ ပြောလိုက်သော်လည်း အရာအားလုံးက အရာအားလုံးက အသေအချာဖြစ်လာမည်ဖြစ်ကြောင်း လူအုပ်ကြီးတစ်ခုလုံး နားလည်နေပေသည်။ အဆုံးအဖြတ်ပေးခြင်းက ဖြစ်စဉ်၏အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း မင်းသားက ကြေညာလိုက်သည်နှင့် ထိုအရာက အတည်ပြုပြီးသား ဖြစ်သွားလေသည်။

အကယ်၍ သွမ့်ဝူရက သူပြောတာသာ မသေချာလျှင် လူအားလုံးရှေ့မှာ ပြောမည်မဟုတ်ပေ။ အကယ်၍ ဆုံးဖြတ်ချက်သာ လွဲမှားသွားခဲ့လျှင် သူမျက်နှာပျက်ရပေလိမ့်မည်။

PMG အတွဲ ( ၂ )Opowieści tętniące życiem. Odkryj je teraz