အပိုင်း ( ၂၉၉ )

1.1K 150 0
                                        

ပတ်ဝန်းကျင်ကို ရိုက်ခတ်လာသော ပြင်းထန်သည့်စွမ်းအင်

“ အကြီးအကဲတို့အားလုံး ချက်ချင်းရပ်လိုက်ကြပါ ”
ယွမ်ရှီက လင်းဖန်၏ပတ်လည်တွင်ဝိုင်းရံထားသော အကြီးအကဲများကိုကြည့်ကာ ပြောလိုက်သည်။ သူမ၏ပုံစံမှာ စိတ်ထိခိုက်နေသည့်အသွင်ရှိပြီး ဆက်လက်အော်ပြောလိုက်၏။
“ ဒီကိစ္စက လင်းဖန်နဲ့ ဘာမှမဆိုင်ပါဘူး။ ဘယ်လိုလုပ် ဒီလောက်တရားမမျှတရတာလဲ ”

“ အာ…….”

“ ပိတ်ထားလိုက်စမ်း ”

ယွမ်ရှီ၏ခန္ဓာကိုယ်သည် အဝေးသို့လွင့်စဉ်သွားပြီး မြေပြင်ထက်သို့ လဲကျသွားသည်။ သူမ၏ခေါင်းကိုမော့ကြည့်လိုက်ရာ သူမ၏ဆရာက ရိုက်လိုက်ခြင်းဖြစ်ကြောင်း တွေ့မြင်သွား၏။ သူမ၏နှလုံးသားတွင် အလွန်တရာအေးစက်မှုက ရိုက်ခတ်လာပြီး ရိုးတွင်းခြင်ဆီသို့တိုင် စိမ့်ဝင်သွားသည်။

သူမသည် သူမ၏အသက်ကို ကျောင်းတော်အတွက် ရင်းနှီးမြှုပ်နှံထားခဲ့၏။ ကျောင်းတော်က သူမ၏အိမ်ဟူ၍ပင် ယူဆခဲ့သည်။

စစ်မှန်သော ကမ္ဘာကြီးနှင့် ပတ်သက်၍ သူမတွင် အတွေ့အကြုံအနည်းငယ်သာရှိပြီး သူမနားမလည်နိုင်သော အရာများစွာ ရှိနေ၏။ သူမ၏နှလုံးသားထဲမှာ ကျောင်းတောက်က သူမကို အမြဲတမ်းလုံခြံမှုပေးသည်ဟူသော ခံစားချက်များ ကိန်းအောင်းနေခဲ့သည်။

သို့ရာတွင် တကယ့်လက်တွေ့မှာ သူမ၏နှလုံးသားထဲသို့ ခါးသီးသော ခံစားချက်များကိုသာ ရိုက်သွင်းခံခဲ့ရသည်။ ကျောင်းတော်၏စစ်မှန်သောမျက်နှာကို သူမ တွေ့မြင်ခဲ့ရသည်။ အေးစက်ပြီး အကြင်နာတရားကင်းမဲ့သည့် လူများကို သူမ တွေ့မြင်ခဲ့ရ၏။ ထိုအေးစက်မှုတွေက သူမကို မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။ ယွမ်ရှီ၏ကမ္ဘာလေး ရိုက်ချိုးခံလိုက်ရ၏။ ကျောင်းတော်က သူမ၏နှလုံးသားထဲတွင် မရှိတော့ဘဲ နွေးထွေးမှုတွေအစား အထီးကျန်ခြင်းတွေကိုသာ သူမတွေ့မြင်နေရသည်။

ဆရာဖြစ်သူ၏ အေးစက်ကာ မထူးခြားသည့် အသွင်အပြင်ကို မြင်သောအခါ ဤကမ္ဘာကြီးက သူမ ထင်သလောက် မရိုးရှင်းကြောင်း နားလည်သွား၏။ လော်ရှားကျောင်းတော်၏လူများက သူမထင်သလို အကြင်နာတရားရှိသည့်လူများ မဟုတ်ကြပေ။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora