အပိုင်း ( ၂၂၁ )

1.3K 132 0
                                        

ကျစ်အုပ်စိုးသူနယ်မြေ

လင်းဖန်ပြောတာကို ကြားသောအခါ ကျစ်ယီနှင့်ကျစ်လင်းမှာ တအံ့တသြဖြစ်သွားလေ၏။

လင်းဖန်က လူသေကို စကားပြောနိုင်တာလား….

သို့သော် များမကြာမီ မိန်းကလေးနှစ်ယောက်အံ့သြစရာတစ်ခုပေါ်ပေါက်လာသည်။ ရုတ်တရက် မြေပြင်မှာလဲလျောင်းနေသော အကိုကြီးဖြစ်သူက ကုန်းရုန်းထလာတာကို သူတို့တွေ့မြင်လိုက်ရ၏။ သူက ခေါင်းကိုလှည့်ကာ လင်းဖန်အား အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

နတ်ဆိုးသုံးဖော်၏အကိုကြီးက သေဆုံးသွားခဲ့ခြင်းမရှိပေ။ သူက ဒဏ်ရာရသွားခဲ့ရုံမျှသာဖြစ်ပြီး ဘာမှမဖြစ်ချေ။ လင်းဟောက်ကျဲတိုက်ခိုက်သွားပြီးနောက် သူသည် ချီစွမ်းအားအနည်းငယ်မျှပင် ထုတ်ဖော်ခြင်းမပြုဘဲ အသက်ရှူတာကိုလည်း ရပ်တန့်ထားခဲ့၏။

“ ဒီကောင်လေးပြောတာမှန်တယ်။ လင်းဟောက်ကျဲက အစွမ်းထက်ပေမယ့် မောက်မာဝံ့ကြွားတယ်။ သူက အရာအားလုံးကို သူစီစဉ်ထားသလိုဖြစ်ရမယ်လို့သာ ယူဆနေတယ်။ ငါ့ကို မသတ်မိဘူးဆိုတာတောင် သတိမထားမိခဲ့ဘူး။ သူ့ကိုယ်သူ ဘဝင်မြင့်နေခဲ့တယ် ”
အကိုကြီးက အေးစက်စက်အသံဖြင့် ပြောကြားလိုက်ကာ လင်းဖန်၏စကားကို ထောက်ခံလိုက်သည်။
 
“ ငါသေချင်ယောင်ဆောင်နေတယ်လို့ သတိထားမိတာ မင်းကံကောင်းတယ် ”
အကိုကြီးဖြစ်သူက လင်းဖန်ကိုကြည့်ကာ အေးစက်စက်ပြောလိုက်၏။
“ ဒါပေမယ့် အခုလင်းဟောက်ကျဲက ထွက်သွားပြီ။ မင်းတို့သုံးယောက်က ငါ့အတွက်ကစားစရာသာသာပဲရှိတယ်။ ကောင်လေး..မင်းကိုစိတ်မဝင်စားဘူး။ ဒါပေမယ့် ဒီမိန်းကလေးနှစ်ယောက်ကိုတော့ ငါ့ညီတွေသေဆုံးသွားတဲ့အတွက် ငါ့ကိုအဖော်ပြုပေးရမယ် ”

ကျစ်ယီနှင့် ကျစ်လင်း၏မျက်နှာပျက်ယွင်းသွားလေသည်။ အစ်ကိုကြီးဖြစ်သူသည် လင်းချီစုဆောင်းမှုအဆင့်လေးသို့ ရောက်ရှိနေပြီဖြစ်၏။ သူက ဒဏ်ရာရနေခဲ့မည်ဆိုလျှင်သော်မှ သူတို့အနေဖြင့် သူ့ကို မယှဉ်နိုင်သေးပေ။
“ သေစမ်းကွာ!”
အစ်ကိုကြီးက ချက်ချင်းတိုက်ခိုက်လိုက်၏။ သူက လင်းဖန်ထံသို့ချိန်ရွယ်ကာ လက်သီးချက်များ ပစ်လွှတ်လိုက်သည်။ ထိုစဉ် လင်းဖန်က သူ၏လက်ကို ဖြည်းညင်းစွာမြှောက်လိုက်သည်။ ထို့နောက် ကြယ်ကြွေသည့်အလား လေထုကိုဖြတ်၍ လျင်မြန်စွာထိုးဖောက်သွား၏။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя