အပိုင်း ( ၂၆၃ )

1.4K 186 3
                                    

ခေါင်းဆောင်တဲ့လား…

“ ဘာဖြစ်တာလဲ ”

“ ဘာဖြစ်နေတာလဲ ”

လင်းမျိုးနွယ်စုအဖွဲ့ဝင်များမှာ အံ့သြမှင်တက်သွားကြ၏။ မိုးချိန်းသံပမာ ကျယ်လောင်သော မြည်ဟည်းသံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံလာတာကို သူတို့ကြားလိုက်ရသည်။ သို့ရာတွင် ထိုအသံက နေရာတိုင်းမှ ထွက်ပေါ်နေခြင်းဖြစ်၏။ ငလျင်လှုပ်သဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည့်အလား ဖြစ်နေသည်။

“ ဒုန်း ”

“ ဒုန်း..ဒုန်း…ဒုန်း ”

အံ့မခန်းကျယ်လောင်သောမြည်ဟည်းသံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ အဆောက်အဦများသည်လည်း ပြင်းထန်သောတုန်ခါအားကြောင့် ပြိုကျပျက်စီးတော့မည်ကဲ့သို့ ဖြစ်လာသည်။

လင်းမျိုးနွယ်စုကို အဖွဲ့တစ်ခုခုက လာရောက်တိုက်ခိုက်နေ၏။ သူတို့က လင်းမျိုးနွယ်စုအတွင်းရှိ တားဆီးထားသည်များအား ဖျက်ဆီးပစ်နေသည်။

လူအုပ်ကြီးမှာ တုန်ခါသွားသည်။ အသံများသည်လည်း စက္ကန့််နှင့်အမျှ ပိုမိုနီးကပ်လာခဲ့၏။ ပတ်ဝန်းကျင်တခွင်လုံးပျံ့နှံ့၍ ထွက်ပေါ်လာသော အသံများကြောင့် လူအားလုံး၏နှလုံးခုန်သံများ မြန်ဆန်လာရသည်။ ထိုအသံများက ထောင်ပေါင်းများစွာသော တပ်ဖွဲ့ကြီးတစ်ခု အလျင်အမြန်စစ်ချီလာသည်နှင့် တူနေ၏။ သူတို့က ချက်ချင်းပင် လင်းမျိုးနွယ်စုပိုင်နက်အတွင်းသို့ ချက်ချင်းပင် အတင်းဝင်ရောက်လာကာ လူအုပ်ကြီးရှိရာသို့ ဒုန်းစိုင်းစီးနင်းလာသည်။
“ မျိုးနွယ်စုစောင့် အကြီးအကဲ ”

လူအုပ်ကြီးက ပတ်ချာလည်ကို ကြည့်ကာ မျိုးနွယ်စုစောင့်အကြီးအကဲအား ကြည့်လိုက်သည်။ သူတို့အားလုံး သိချင်စိတ်ပြင်းပြနေ၏။ အလွန်တရာပြင်းထန်သော ချီများက ကောင်းကင်ယံမှ သူတို့ထံသို့ ဆင်းသက်လာခဲ့သည့်အလား ဖြစ်နေသည်။ ပတ်ဝန်းကျင်တခုလုံး ပျံ့နှံ့နေသော ချီများက သူတို့၏အရေပြားများကိုပင် ထိုးဖောက်ကာ နာကျင်မှုဖြစ်စေခဲ့သည်။ ပြင်းထန်သောဖိအားအောက်မှာ သူတို့အားလုံး လွင့်မျောသွားတော့မည်ကဲ့သို့ ခံစားလာရ၏။

PMG အတွဲ ( ၂ )Where stories live. Discover now