အပိုင်း ( ၂၁၈ )

1.3K 141 0
                                        

ကမ္ဘာမြေနှင့် ပေါင်းစပ်ခြင်း

“ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ ”
သက်လတ်ပိုင်းအရွယ်လူကြီးက တီးတိုးရေရွတ်လိုက်၏။ ယခုအချိန်တွင် လင်းဖန်ကို သာမန်ထက်ထူးကဲသည့်သူဟု သူထင်လာတော့သည်။

လင်းဖန်၏နောက်ကျောကို ကြည့်ပြီး နတ်ဘုရားတစ်ပါးသဖွယ် သူခံစားလာရ၏။ လင်းဖန်ကြောင့် သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ လင်းဖန်က ကျစ်ယီပြောခဲ့သလို အမှန်တကယ် ဖြစ်နိုင်ပါမည်လော။

“ အစေခံတစ်ယောက်လုပ်ဖို့ရန်အတွက် ကျစ်ဝေတောင်ရွာကို သူလာခဲ့တာလား။ ဒါမှမဟုတ် ငါတို့က သူ့အကြောင်းသိသွားမှာကို ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ပတ်သက်ပြီး ဥာဏ်အလင်းပွင့်သွားအောင် ဆောင်ရွက်ချင်တာကြောင့်လား ”
သက်လတ်ပိုင်းအရွယ်လူကြီးက တွေးနေမိ၏။ ကောင်းကင်တိမ်တိုက်ကိုးခုဒေသမှာ အင်အားကြီးမျိုးနွယ်စုများမှ ကျောင်းသားတွေက ကျင့်ကြံရန်အတွက် ခရီးထွက်တာက သာမန်သာဖြစ်လေသည်။ သူတို့ထဲမှ အချို့က စစ်မြေပြင်သို့သွားကာ တိုက်ပွဲအတွေ့အကြုံများကို ရယူကြပြီး အချို့ကတော့ သူတို့ကိုယ်သူတို့ အစေခံအဖြစ်ခံယူကာ သူတို့၏စိတ်ဓာတ်ခိုင်မာမှု၊စိတ်ပြောင်းလဲမှုကို စမ်းသပ်ကြ၏။ သက်လတ်ပိုင်းအရွယ်လူကြီးတွေးနေမိသည်မှာ လင်းဖန်က ဒုတိယအမျိုးအစားထဲတွင် ပါဝင်သည်ဟူ၍…

ထိုကဲ့သို့မဟုတ်လျှင် အနှီလူငယ်လေးက ကောင်းကင်နှင့် မြေကြီး၏ချီစွမ်းအားကို ထိန်းချုပ်ရင်းဖြင့် ဤနေရာမှာ ရပ်နေလိမ့်မည် မဟုတ်ပေ။ သူက ဘယ်လိုလုပ် အစေခံတစ်ယောက်အဖြစ်ခံယူကာ တောင်ရွာလေးမှာရှိသည့် ဥယျာဉ်ကို လှည်းကျင်းပေးနိုင်ရသနည်း။

သက်လတ်ပိုင်းအရွယ်လူကြီးက ခြေတစ်လှမ်းတိုးလိုက်ပြီး လင်းဖန်ထံသို့ တဖြည်းဖြည်းလျှောက်လိုက်၏။ သို့သော်လည်း သူက အသံစိုးစဉ်းမျှထွက်ပေါ်မလာစေဘဲ အထူးသတိထားလျက် လျှောက်သွားခြင်းဖြစ်လေရာ လင်းဖန်အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်ပူပန်ခြင်း မဖြစ်မိချေ။

ယခုအချိန်တွင် လင်းဖန်၏စိတ်အခြေအနေက ရေကဲ့သို့ ကြည်လင်နေသည်။ သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်မိခြင်းမရှိဘဲ သူ့အတွေးများထဲမှာသာ နစ်မျောနေ၏။

“ အဲ့ဒီနေ့က အခုအခြေအနေကို ငါရောက်တဲ့အခါ ငါ့ကိုယ်မှာရှိနေတဲ့ အတိုက်အခိုက်စွမ်းအင်၊ ရေခဲစွမ်းအင်၊  ဓားစွမ်းအင်တွေကို အတူတကွပေါင်းစည်းသွားအောင် လုပ်ခဲ့တယ်။ အဲ့ဒါက ဘာကြောင့် ဓားစွမ်းအင်ဖြစ်လာရတာလဲ။ ဘာလို့ရေခဲစွမ်းအင်နဲ့ အတိုက်အခိုက်စွမ်းအင်တွေ ဖြစ်မလာရတာလဲ ”
လင်းဖန်က မေးခွန်းပေါင်းများစွာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေ၏။

“ ဓားတစ်လက်မှာ ဓားစွမ်းအားရှိတယ်။ ဓားမြောင်မှာလည်း ဓားမြောင်စွမ်းအားရှိတယ်။ ဓားက ဓားမြောင်တစ်ချောင်းလို စွမ်းအင်သုံးတိုက်ခိုက်မှုကို ပြုလုပ်နိုင်တယ်။ သိုင်းပညာရှင်တစ်ယောက်က ဓားကိုကျွမ်းကျင်သွားတဲ့အခါ ဓားနဲ့ပေါင်းစပ်နိုင်လာတယ်။ ဓားမြောင်ကိုကျွမ်းကျင်တဲ့သူကတော့ ဓားမြောင်နဲ့ပေါင်းစပ်နိုင်တယ်။ ကောင်းပြီ။ အခြားစွမ်းအင်အမျိုးအစားတွေဆိုရင်ရော…. ”

“ ဥပမာအနေနဲ့ သစ်ရွက်ကလေးတစ်ရွက် လေထဲမှာ လွင့်မျောနေသလိုမျိုး..သစ်ရွက်မှာ သစ်ရွက်ရဲ့အားရှိပေမယ့် သစ်ရွက်က လေအားကို ထိန်းချုပ်နိုင်တယ်။ အရာဝတ္ထုတိုင်းမှာ အားတွေရှိကြပြီး စွမ်းအင်သုံးတိုက်ခိုက်ခြင်းတွေနဲ့ ပေါင်းစည်းခြင်းတွေကို ပြုလုပ်နိုင်ကြတယ်။ ဓားနဲ့ ဓားမြောင်က စွမ်းအားတွေကိုသာ ထုတ်နိုင်တာမဟုတ်ဘူး… တီထွင်ဖန်တီးထားတဲ့ တခြားအမျိုးပေါင်းတစ်သိန်းကျော်နဲ့လည်း ပေါင်းစည်းနိုင်သင့်တယ် ”
လင်းဖန်က တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ရုတ်တရက် သူဥာဏ်အလင်းပွင့်သွားခဲ့သည်။

လင်းဖန်က သူ၏လက်ကို လေထဲသို့ မြှောက်လိုက်ပြီး အရိပ်ပမာ လျင်မြန်စွာဖြင့် လှုပ်ရှားလိုက်၏။ လေထဲမှာလွင့်မျောနေသည့် သစ်ရွက်မှာ အပိုင်းတစ်ရာမျှ ပြတ်ထွက်သွားလေသည်။

လင်းဖန်သည် မျက်လုံးကို မှိတ်ထားသော်လည်း သူ့ပတ်လည်မှာရှိနေသည့်အရာအားလုံးကို ထိန်းချုပ်နိုင်သည့် ခံစားချက်များ ရရှိလာ၏။ သူ၏စိတ်ဝိညာဉ်ကို အသုံးပြုလိုက်သောအခါ မတူညီသည့်အခြားတစ်ဆင့်သို့ ရောက်ရှိသွားသလိုမျိုး ထင်လာမိသည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora