အပိုင်း ( ၃၄၆ )

383 46 0
                                    

#Zawgyi

ငရဲမီး

“ မဖြစ်နိုင်ဘူး။ လင်းဖန်နဲ့ ဘာမှမဆိုင်ဘူး ”
လူများက သူတို့၏အတွေးကို ချက်ချင်းငြင်းပယ်လိုက်ကြ၏။ အလွမ်းတောအုပ်ပိုင်ရှင်သည် အလွန်တရာအရှိန်အဝါကြီးမားသော လူတစ်ယောက်ဖြစ်ပြီး လင်းဖန်က ရန်ကျုံးမြို့စားတစ်ယောက်သာဖြစ်ရာ သူနှင့်ဘာမှ မသက်ဆိုင်နိုင်ပေ။

အလွမ်းတောအုပ်ပိုင်ရှင်က ယွီကျုံးကို တိုက်ခိုက်ခဲ့သည်မှာ သူ၏မောက်မာဝင့်ကြွားစွာပြုမူနေမှုတွေကို သည်းမခံနိုင်သည့်အတွက်ကြောင့် ဖြစ်ရမည်။ ထို့ပြင် အားနည်းသူက အနိုင်ကျင့်ခံရတာကိုမြင်ပြီးနောက် လင်းဖန်အပေါ် အလွမ်းတောအုပ်ပိုင်ရှင်က သနားသွားတာလည်း ဖြစ်နိုင်သည်။

လူအများစုက အတန်ငယ်ဝေးသောနေရာမှာရှိသည့် ယွီကျုံးကိုကြည့်လိုက်၏။ သူ့အသွင်က စိတ်ပျက်နေပုံရပြီး ဆံပင်များ ရှုပ်ပွနေသည်။ သူတို့အားလုံး၏စိတ်ထဲမှာ သူ့အပေါ်သနားကြင်နာစိတ်များ ဖြစ်ပေါ်နေ၏။ ယွီမျိုးနွယ်စု၏ အရှိန်အဝါကြီးမားသော ရွှမ်ချီအဆင့်လေးသို့ ရောက်နေသော ကျင့်ကြံသူ အကြီးအကဲသုံးကား ဤကဲ့သို့ဆိုးရွားသည့်အခြေအနေမှာ အဆုံးသတ်သွားခဲ့ရသည်။ ယခုအချိန်မှစပြီး အသုံးမကျသောလူတစ်ယောက်အဖြစ် အသက်ရှင်သွားရတော့မည်။

ယွီမျိုးနွယ်စုမှာရှိသည့် သူ့အဆင့်အတန်းများ ကျဆင်းသွားသည်သာမက ဤမျှနိမ့်ကျသောအစွမ်းနှင့် သူ၏ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းရန်ပင် မဖြစ်နိုင်တော့ချေ။ ထို့အပြင် ယွီတျန်ရှင်းသည်လည်း သေဆုံးသွားခဲ့ရပြီဖြစ်ရာ ယွီမျိုးနွယ်စုက ထိုအတွက် ယွီကျုံးကို သေချာပေါက် အပြစ်တင်ကျလိမ့်မည်။ ဤအရာက ယွီကျုံးအတွက် အဆုံးသတ်ဖြစ်၏။ မျှော်လင့်ချက်အနည်းအကျဉ်းပင် သူ့မှာ မရှိတော့ချေ။

ဤအရာကား ဘဝဖြစ်ပေ။ လူတစ်ယောက်က မည်မျှအစွမ်းထက်နေပါစေ၊ သူ့ထက်အစွမ်းထက်သော လူတစ်ယောက် ထွက်ပေါ်လာတတ်စမြဲ။

သို့ဖြစ်ရာ ကျင့်ကြံခြင်းကမ္ဘာမှာ လူများသည် သူတို့၏ဘဝတွေကို တခြားသူလက်မှာအပ်ခြင်းထက် ကိုယ်ပိုင်ကံကြမ္မာကို ဖန်တီးရန်အလို့ငှာ သန်မာအောင် အဆက်မပြတ် ကြိုးစားကြ၏။ လူတွေကို ထိန်းချု့်နိုင်သော အစွမ်းရှိသူများက နတ်ဘုရားများပမာ ဖြစ်သည်။

PMG အတွဲ ( ၂ )Où les histoires vivent. Découvrez maintenant