အပိုင်း ( ၃၅၀ )

530 52 4
                                        

#Zawgyi

သင်ခန်းစာ

အနာဂတ်သစ်အဖွဲ့၏ကျောင်းသားများ ထွက်ခွာသွားတာကို ကြည့်ကာ ဆရာ၏မျက်လုံးများက တလက်လက်တောက်ပလာသည်။ ထို့နောက် သူက လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်၏။
“ အခုက ဆယ်နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် ရွှီယွီမဟာပြိုင်ပွဲက မကြာခင်ကျင်းပတော့မယ်။ ဒီအခွင်အရေးကို ရယူစုပ်ကိုင်နိုင်ဖို့ အဆက်မပြတ်တိုးတက်အောင် မင်းတို့ကြိုးစားကြလိမ့်မယ်လို့ ငါမျှော်လင့်တယ် ”

“ ရွှီယွီမဟာပြိုင်ပွဲ ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွားသည်။ ဆယ်နှစ်မြောက်သည့်အချိန်တိုင်း နိုင်ငံဆယ့်သုံးနိုင်ငံမှ ပါရမီရှင်များ ပါဝင်သော ရွှီယွီမဟာပြိုင်ပွဲကို ကျင်းပလေ့ရှိကြောင်း သူတို့ကြားဖူးခဲ့၏။ ဆယ်နှစ်မြောက်တိုင်း ရွှီယွီမဟာပြိုင်ပွဲကျင်းပသည့်အခါ ဒေသတစ်ခုလုံးက အလွန်တရာစည်းကားပြီး များစွာသော ပါရမီရှင်များ ပေါ်ထွက်လာကြသည်။ 

ထိုအချိန်မှာ ပါရမီရှင်များ၊ စိန်ခေါ်မှုများနှင့် တိုက်ပွဲများစွာ ရှိနေရာ ထိုအခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန် အလွန်အရေးကြီး၏။ သို့ဖြစ်ရာ ဆရာက သူတို့အားလုံးကို ထိုအခွင့်အရေးအား ဖမ်းဆုပ်နိုင်ရန် ပြောနေခြင်းဖြစ်သည်။ သူတို့အနေဖြင့် ရွှီယွီမဟာပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲခွင့်မရလျှင်ပင် အံ့မခန်းပါရမီရှင်များ ဖြစ်လာနိုင်ပြီး နောက်တစ်ချိန်မှာ ပါဝင်ခွင့်ရသူများထက်ပင် ကျော်သွားနိုင်၏။

“ ဒါပေမယ့် ရွှီယွီမဟာပြိုင်ပွဲ မကျင်းပခင် နဂါးအင်ပါယာက ခေါင်းဆောင်တစ်ချို့က ပြိုင်ပွဲမှာ ပါဝင်ခွင့်ရမယ့် လူတွေကို ရွေးချယ်ဖို့အတွက် ရွှီယွဲ့ကို လာလိမ့်မယ် ”
ဆရာက ဆက်လက်ပြောကြားလိုက်သည်။ ရွှီယွဲ့က နဂါးအင်ပါယာ၏လက်အောက်မှဖြစ်ပြီး ထိုအင်ပါယာက ရွှီယွီနယ်မြေအတွင်းရှိ အင်ပါယာကြီးလေးခုအနက် တစ်ခုဖြစ်၏။

ရွှီယွဲ့နှင့်တျန်ဖန်းက နဂါးအင်ပါယာ၏လက်အောက်တွင်ရှိသည်။

သို့သော်လည်း နဂါးအင်ပါယာက ရွှီယွဲ့၏အတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဆယ်နှစ်မြောက်သည့်အချိန်မှသာ ရွှီယွဲ့နိုင်ငံသို့ ရောက်လာပြီး မဟာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါရမီရှင်အချို့ကို ရွေးချယ်၏။

“ အမှန်တကယ်တော့ နဂါးအင်ပါယာကလူတွေ ဒီတိုင်းရောက်လာခဲ့ရင် အသုံးမကျတဲ့လူတွေကို တွေ့မြင်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ရွှီယွဲ့နိုင်ငံက တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပါရမီရှင်တွေပါဝင်တဲ့ ပြိုင်ပွဲကြီးတစ်ခု စီစဉ်လိုက်တယ်။ အဲ့ဒီပြိုင်ပွဲကနေ အစွမ်းထက်မြက်တဲ့လူတွေကို နဂါးအင်ပါယာက ရွေးချယ်တယ်။ လူရွေးချယ်တဲ့နေရာမှာ နဂါးအင်ပါယာက အစွမ်းနဲ့ ပင်ကိုယ်ပါရမီကို ကြည့်တယ်။ တကယ်လို့ နဂါးအင်ပါယာက မင်းကို အရေးကြီးတယ်လို့ ယူဆရင် အဲ့ဒီအချိန်မှာ မင်းက အစွမ်းမထက်နေရင်တောင် မင်းအနာဂတ်က အဆုံးအစမဲ့တောက်ပခြင်းတွေနဲ့ ပြည့်နေလိမ့်မယ် ”

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora