အပိုင်း ( ၂၀၅ )

1.3K 142 0
                                    

ရှေ့ပြေးတိုက်ပွဲ

“ အထီးကျန်သိုင်းရှစ်ကွက် ”

လင်းဖန်က တုန့်ဆိုင်းခြင်းမရှိဘဲ အထီးကျန်သိုင်းရှစ်ကွက်ကို ထုတ်ဖော်လိုက်၏။ သို့သော် မြားကို အနည်းငယ်ယိမ်းယိုင်သွားစေရန်သာတတ်နိုင်သည်။

ထိုအခြင်းအရာကို မျှော်လင့်ထားသည့်အလား လင်းဖန်က အလင်းကဲ့သို့လျင်မြန်လှသည့်အမြန်နှုန်းဖြင့် လက်ကိုမြှောက်လိုက်ပြီး မြားကိုဟန့်တားရန် ချီစွမ်းအားများထုတ်ဖေယ်လိုက်၏။

“ ဖပ်...ဖပ် ”

လင်းဖန်၏ချီစွမ်းအားများက မြားကိုနှေးသွားစေရန်သာလုပ်နိုင်သည်။ သို့ရာတွင် မြားကဆက်လက်ပြီးထိုးဖောက်နေဆဲဖြစ်၏။

“ ရှင်းရဲ့...ရှောင်လိုက် ”
လင်းဖန်က ဒေါသတကြီးအော်ပြောလိုက်သည်။ လင်းဖန်၏ဓားက ရန်သူ၏ဝမ်းဗိုက်တွင်စိုက်ဝင်နေဆဲပင်။ လင်းဖန်က အံ့မခန်းကြောက်မက်ဖွယ်ဓားစွမ်းအားများကို လုပ်ကြံသူ၏ကိုယ်ထဲသို့ ထုတ်လွှတ်လိုက်ရာ လုပ်ကြံသူသည် ကြောက်မက်ဖွယ်သေခြင်းဖြင့် သေဆုံးသွားရ၏။

“ ဝှစ် ”

လင်းဖန်ကချာခနဲလှည့်ကြည့်လိုက်ရာ သူ့မျက်နှာသည် သွေးဆုတ်ဖြူ ရော်သွား၏။ မြားက အသားအား ထိုးဖောက်သွားမှာကိုသာ သူကြည့်နေရတော့သည်။

သို့သော် မြားစိုက်ဝင်သွားသူက မင်းသမီးမဟုတ်ဘဲ ကျန်းချောက်ဖြစ်နေ၏။ ကျန်းချောက်သည် မင်းသမီးကိုကာကွယ်ရန်အတွက် ရှေ့မှရပ်နေခဲ့ခြင်းဖြစ်သည်။

“ ကျန်းချောက် ”
သွမ့်ရှင်းရဲ့က ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်၏။ ထိုစဉ် ရွက်ဖျင်တဲ၏အမိုးမှ အပေါက်တစ်ခုထွက်ပေါ်လာပြီး နွယ်ပင်များဆင်းလာကာ သွမ့်ရှင်းရဲ့ကို လေထဲသို့မတင်သွားလေသည်။

“ သူမက ဒီနေရာမှာရှိနေတာပါ ”

လင်းဖန်ကအထိတ်တလန့်အော်ပြောလိုက်၏။ သူသာ် လေထုထဲသို့ ခုန်တက်လိုက်ပြီး သူ၏ဓားမှချီစွမ်းအားများကိုထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ယောက်ဆင်းလာ၏။ ဓားတစ်ချောင်းက လင်းဖနိ၏ချီစွမ်းအားများကိုရင်ဆိုင်ဖျက်ဆီးလိုက်သည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora