အပိုင်း ( ၂၄၀ )

1.3K 131 0
                                        

အင်ပါယာမြို့တော်ကို ဝိုင်းရံထားခြင်း

အင်ပါယာမြို့တော်၏အပြင်ဘက်တွင် မြင်ကွင်းတစ်ခုလုံးက အနက်ရောင် လူအုပ်ကြီးက ဖွေးဖွေးလှုပ်မျှရှိနေပေသည်။ ထိုစဉ် မြို့တော်၏အတွင်းနှင့်အပြင်ကို ပိုင်းခြားထားသော ဂိတ်ပေါက်ရှိ၇ာသို့ လူများရောက်ရှိလာ၏။

ယခုအခါ အင်ပါယာမြို့တော်၏အပြင်ဘက်ရှိ ကျုံး၏ရှေ့မှာ ထူထပ်သိပ်သည်းသောချီများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြည့်နှက်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ကျုံး၏ရှေ့ရှိလူများနှင့် မြင်းတွေက တူညီသော ချပ်ဝတ်တန်ဆာကို ဆင်ထားကြ၏။ မြင်းတွေအားလုံးက သွေးနီမြင်းများ ဖြစ်ပေသည။်

သူတို့က အင်ပါယာမြို့တော်ကို ဝန်းရံထားကြခြင်းပင်။

ယခုအခါ တပ်သားများက အံ့အားသင့်စရာကောင်းအောင် အင်ပါယာမြို့တော်ကို စက်ဝိုင်းပုံဝိုင်းထားပြီး တပ်သားပေါင်းသောင်းကျော်ရှိ၏။ မျက်စိတဆုံး ကြည့်လိုက်လျှင် တပ်သားများကိုသာ တွေ့မြင်ရပေမည်။ အလွန်တရာအစွမ်းထက်လှသော ချီများကို ထုတ်လွှတ်နေကြသည့် အဆုံးအစမဲ့တပ်သားများအစုအဝေးကြီး ဖြစ်ပေသည်။

လူတစ်စုက အင်ပါယာမြို့တော်သို့ ချည်းကပ်လာပြီး မြို့တော်ကို ဝန်းရံထားသော တပ်ကြီးအား တွေ့မြင်သွား၏။ အမျိုးမျိုးသော ဝေဖန်သံများ လူအုပ်ထဲမှ ထွက်ပေါ်လာသည်။

“ သူတို့က သွေးနီတပ်သားတွေပဲ။ ဒီလိုအစွမ်းထက်တဲ့ သွေးနီတပ်သားတွေက မြို့တော်ကို ဝန်းရံလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒါပေမယ့် အင်ပါယာမြို့တော်ကို ဒီလောက်အင်အားလေးနဲ့ ရင်ဆိုင်ရင်တော့ ဟာသပဲ..ဘာမှဖြစ်လာမှာ မဟုတ်ဘူး ”

အင်ပါယာမြို့တော်ကို ဝန်းရံထားသော တပ်သားများအားလုံးက အနီရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး ဤအမှတ်အသားက လျန်ချန်းလန်၏တပ်ဖွဲ့ သွေးနီတပ်၏သင်္ကေတဖြစ်တာကို လူအချို့ သတိထားမိနေသည်။
“ ဒါက အသက်ကိုဂရုမစိုက်ကြတာပဲ..ဖြစ်နိုင်တာက နတ်မြားရှင် လျန်ချန်းလန်ကို လူအားလုံးရှေ့မှာ ကွပ်မျက်မယ်ဆိုတဲ့အတွက်ကြောင့်ဖြစ်မယ် ”
တစ်ယောက်က သက်ပြင်းချလျက် ပြောလိုက်၏။ ရွှီယွဲ့နိုင်ငံက လျန်ချန်းလန်ကို သတ်ချင်နေသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။ လူအားလုံးသိနေသော ကိစ္စတစ်ရပ်သာဖြစ်သည်။

လျန်ချန်းလန်က မိုယွဲ့တပ်က လာရောက်တိုက်ခိုက်စဉ် မခုခံမကာကွယ်နိုင်သည့်အပြင် တပ်အတွင်း ဖရိုဖရဲဖြစ်အောင် လုပ်သည့်အတွက်ဖြစ်သည်ဟု ပြောကြ၏။ သွမ့်တျန်းလန်၏တပ်များကို ရန်သူနှင့်ထိပ်တိုက်တွေ့ဆုံခြင်းမှ ကာကွယ်ချင်သည့်အတွက်ကြောင့် မိုယွဲ့တပ်၏ထိုးဖောက်ဝင်ရောက်လာခြင်းကို ခံလိုက်ရကာ တပ်သားတစ်သိန်းကျော်ဆုံးရှုံးသွားခဲ့ရသည်ဟူ၍လည်း ပြောကြပေသည်။ ထို့အပြင် မင်းသမီးကိုလည်း မိုယွဲ့တပ်က ဖမ်းဆီးသွားပြီး သေသလား၊ ရှင်သလားမသိရသေးပေ။ လင်းဖန်က မင်းသမီးကို လိုက်ကယ်နေသည်ဟူ၍သာ သိကြရ၏။

သို့သော်လည်း လျန်ချန်းလန်က လင်းဖန်၏အစီအစဉ်အတိုင်း လုပ်ဆောင်ကာ မိုယွဲ့တပ်သားများကို သွမ့်ရိန်မြို့ထဲသို့ ဝင်ရောက်စေပြီး မီးလောင်တိုက်သွင်းခဲ့ပေသည်။ ဤအရာက လွန်စွာပြောင်မြောင်သောအစီအစဉ်တစ်ခု ဖြစ်၏။

လင်းဖန်ကို သေပြီဟု ယူဆထားကြသည်။ သူက မိုယွဲ့နိုင်ငံအတွင်းသို့ မိုင်ပေါင်းများစွာခရီးဆက်ခဲ့ပြီး မင်းသမီးကို ဖမ်းဆီးသွားသောလူများအား သူ့အစွမ်းကိုသူအားကိုးကာ သတ်ဖြတ်ခဲ့၏။ ယခုအခါ သူနှင့်မင်းသမီးက ပျောက်နေသည်ဖြစ်ရာ သေသွားလေသလော သို့တည်းမဟုတ် ခက်ခဲသောအခြေအနေကို ရောက်နေခဲ့လေသလော…။

ဤစစ်ပွဲအတွင်းမှာ “ နတ်မြားရှင် ” ဟူသော အမည်တစ်ခုကလည်း ဆုံးရှုံးသွားခဲ့ရသည့်အပြင် လင်းဖန်ကလည်း သေသွားလောက်ပေပြီ။ အလွန်တရာအစွမ်းထက်ပြီး သန်မာသော လူငယ်လေးတစ်ယောက် သေဆုံးသွားရသည်မှာ မည်မျှသနားစရာကောင်းလိုက်ပါသနည်း။

PMG အတွဲ ( ၂ )Where stories live. Discover now