အပိုင်း ( ၂၃၉ )

1.4K 130 0
                                        

ခရမ်းရောင်နဂါးဝိညာဉ်

ဆုံးဖြတ်ရခက်ခဲသည့်အခြေအနေများအတွင်းမှာ သွမ့်ရိန်နယ်နိမိတ်၏တောင်များမှာ သွေးများစီးကျနေပေတော့သည်။ တောင်တွကိုဖြတ်၍ သွေးချောင်းကြီးတစ်ခုစီးဆင်းနေသည့်ပမာ ဖြစ်နေလေ၏။

လင်းဖန်နှင့်မိန်ချင်းတို့က လမ်းမကြီးထက်သို့ ပြန်လည်ရောက်ရှိလာသည်။ သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် အေးခဲနေသောချီများ ဝန်းရံနေ၏။

သူတို့က တောင်တွေထဲမှာ ပုန်းကွယ်နေခဲ့သော တပ်သားအားလုံးကို သတ်ဖြတ်လိုက်သည်။ ယခင်က လျန်ချန်းလန်သည် ရန်သူများကို ကာကွယ်ရန်အတွက် သွမ့်ရိန်နယ်နိမိတ်ကို ကာကွယ်ခဲ့၏။ တစ်နေ့မှာ သွမ့်ရိန်နယ်နိမိတ်ကို စောင့်ကြပ်နေသော တပ်သားများအား သူ၏ဓားဖြင့် တိုက်ခိုက်ရလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးမထားခဲ့ပေ။

ကောင်းကင်ဓားတပ်ပေါင်းစုက သွမ့်ရိန်နယ်နိမိတ်၏ချိုင့်ဝှမ်းရှေ့သို့ ရောက်ရှိလာသည်။ သူတို့ရှေ့တွင် များစွာသော အလောင်းများရှိနေ၏။ ထိုသူအားလုံးက ရွှီယွဲ့နိုင်ငံ၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသူများ ဖြစ်နေသည်။

“ လမ်းမှာ ပိတ်နေတော့ သူတို့အားလုံးကို ငါတို့ရှင်းလိုက်တယ် ”
လင်းဖန်က သွေးနီမြင်းတပ်စုကို အေးစက်စက်လေသံဖြင့်ပြောလိုက်၏။ မြင်ကွင်းကြောင့် သူတို့အံ့အားသင့်သွားတာကို လင်းဖန်သတိထားမိသည့်အတွက် ထိုကဲ့သို့ ပြောလိုက်ခြင်းလည်း ဖြစ်ပေသည်။

“ အခု ငါနဲ့လိုက်ခဲ့ကြ..ငါတို့အစွမ်းကုန်လုပ်ဆောင်ကြမယ် ”

ထို့နောက် လင်းဖန်နှင့်မိန်ချင်းတို့သည် လေထုကို ထိုးခွင်း၍ အံ့မခန်းအမြန်နှုန်းဖြင့် မြင်းကို စီးသွားကြလေ၏။

သူတို့နောက်မှာ ရှိနေသောလူများက တိတ်ဆိတ်ငြိမ်သက်နေကြပြီး မြင်းကိုစတင်၍ ကဆုန်စိုင်းစီးလိုက်ပြီး လင်းဖန်နောက်သို့ လိုက်သွားလေတော့သည်။
သွမ့်ရိန်နယ်နိမိတ်ကို ဖြတ်ကျော်လာပြီးနောက် သွမ့်ရိန်မြို့သို့ ရောက်လေသည်။ ယခုအခါ သွမ့်ရိန်မြို့တော်တစ်ခုလုံးက မီးလောင်ကျွမ်းခဲ့သည့်အတွက် မီးခိုးငွေ့များ ထွက်ပေါ်နေပေ၏။

ကြီးမားသော မြို့၏ဂိတ်ပေါက်အထက်၌ ရွှီယွဲ့တပ်သားအချို့ရှိနေပြီး သူတို့ကို မြင်သောအခါ ဂိတ်တံခါးဖွင့်ပေးလိုက်သည်။

လင်းဖန်က စကားတစ်လုံးမျှမပြောဘဲ ချက်ချင်းပင် မြို့ထဲသို့ ဝင်လိုက်၏။ ဘယ်သူကမှ သူ့ကို ဟန့်တားရန်ကြိုးစားလာခြင်းမရှိချေ။

သွေးနီတပ်သားများသည်လည်း မြို့ထဲသို့ မြင်းကို ကဆုန်စိုင်းစီးနင်းဝင်ရောက်လာသည်။ သို့သော် မြို့တော်သို့ သူတို့ရောက်သွားသည်နှင့် ဂိတ်တံခါးက အလိုအလျောက်ပိတ်သားလေ၏။

လင်းဖန်၏ရှေ့မှာ သူ့ထံသို့ တရွေ့ရွေ့ဖြင့် လာနေသော တပ်သားအချို့ရှိပေသည်။ သူတို့၏ကိုယ်မှ ပြင်းထန်စူးရှသောချီများ ထွက်ပေါ်နေ၏။ သူတို့အားလုံးက မြင်းကိုယ်စီ စီးထားကြပြီး လင်းဖန်အား စိုက်ကြည့်နေသည်။ သူတို့ပုံစံက လင်းဖန်ပြန်လာမှာကို စောင့်နေသည့်အသွင် ရှိပေသည်။

သူတို့က ကျောမှာလွယ်ထားသောလေးများကို ဆွဲယူလိုက်ပြီး လေထဲသို့ မြှောက်ထား၏။ လင်းဖန်နှင့်မိန်ချင်းတို့က ပတ်ဝန်းကျင်တစ်ခုလုံးမှာ မကောင်းသောအငွေ့အသက်များ ထွက်ပေါ်လာပြီး သူတို့အား ရိုက်ခတ်လာတာကို ခံစားလိုက်ရသည်။

“ ရပ်လိုက်ပါ..ဒီလိုမှမဟုတ်ရင်တော့ ငါတို့အနေနဲ့ ပစ်ရလိမ့်မယ် ”
ရေခဲတမျှအေးစက်စက်လေသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

သို့ရာတွင် လင်းဖန်က သူတို့ကို လုံးဝလျစ်လျူရှုထားပြီး မြင်းကို ရှေ့သို့ ဆက်လက်မောင်းလိုက်သည်။

အော်ပြောလိုက်သူမှာ အံ့အားသင့်သွားပြီး လေးကြိုးကို ဆွဲတင်လိုက်သည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ရက်စက်သောအရိပ်အယောင်များ သူ့မျက်နှာထက်တွင် ထွက်ပေါ်လာ၏။

“ သေစမ်းကွာ!”

မြားတစ်ချောင်းက တဝီဝီမြည်ဟည်းလျက် လေထုကို ထိုးခွင်း၍ လင်းဖန်နှင့်မိန်ချင်းတို့ရှိရာသို့ ပြေးဝင်သွားသည်။

“ ဘုန်း!”

မြားက မြင်းကို ပြင်းထန်စွာ ထိမှန်သွား၏။ ထိုမြားမှာ အံ့အားသင့်စရာကောင်းအောင် ဤမျှပြင်းထန်သောစွမ်းအားများပါဝင်နေပေသည်။ ဤလူအားလုံးထဲတွင် အစွမ်းနိမ့်သူတစ်ယောက်မှ မပါဝင်ချေ။ သူတို့အားလုံးက မြင့်မားသောလင်းချီစုဆောင်းမှုအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး လက်ရွေးစင်တပ်သားများ ဖြစ်ပေသည်။

သွေးနီမြင်းမှာ မြားတစ်ချက်တည်းနှင့် လဲကျသေဆုံးသွား၏။

ပထမဆုံးမြားက လင်းဖန်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ သွေးနီမြင်းကိုသာ ဖြစ်ပေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now