အပိုင်း ( ၂၇၅ )

1.3K 181 5
                                    

သူအချစ်ဆုံးမိန်းကလေး

“ အလယ်အလတ်အဆင့် သန့်စင်ခြင်းကျောက်တုံး နှစ်သောင်း။ ဘယ်လောက်တောင် ချမ်းသာလိုက်လဲ။ ဒါ့အပြင် လိန်ယွဲ့ကလည်း ချမ်းသာလွန်းတယ် ”
သူတို့ပြောတာကို ကြားသောအခါ လင်းဖန်တွေးနေမိသည်။ နှင်းရေခဲတောင်ရွာနှင့် ဟောက်ယွဲ့ကျောင်းတော်က ယွမ်ဟိုင်ကျောင်းတော်ထက်များစွာ ချမ်းသာကြသည်။

ထို့ပြင် ပင်းယွမ်က တစ်သောင်းမှ နှစ်သောင်းသို့ ချက်ချင်းဈေးမြင့်လိုက်ရာ မီးတောက်အမြုတေကို အလွန်တရာစိတ်ဝင်စားနေသည်မှာ ထင်ရှားသည်။

လေလံပွဲကျင်းပရာအခန်းကား တဒင်္ဂမျှတိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် လိန်ယွဲ့က အေးစက်စက်ပြုံးလိုက်ပြီး
“ နှစ်သောင်းတစ်ထောင် ”

“ ဟမ် ”
လူအုပ်ကြီးမှာ အံ့သြမှင်တက်သွား၏။ စောစောက ပင်းယွမ်က ဈေးမြင့်ခဲ့သည့်အတွက်ကြောင့် ယခုအခါ လိန်ယွဲ့က လက်စားချေနေပုံရသည်။

“ လိန်ယွဲ့…လခြမ်းဓားကိုလည်း မင်းရပြီးပြီ။ မင်းမှာ သန့်စင်ခြင်းကျောက်တုံး နှစ်သောင်းတစ်ထောင်ရှိသေးလို့လား ”
ပင်းယွမ်က အေးစက်စွာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ လိန်ယွဲ့သည် လခြမ်းဓားအတွက် တစ်သောင်းနှစ်ထောင်ကို အသုံးပြုပြီးဖြစ်သည်။

“ ဆက်လက်ပြီး ကြိုးစားကြည့်ပါ။ ငါ့မှာ သန့်စင်ခြင်းကျောက်တုံး ရှိသေးလားဆိုတာ မင်းမြင်ရပါလိမ့်မယ် ”
လိန်ယွဲ့က မထူးခြားစွာဖြင့် ပြောလိုက်သည်။ ပင်းယွမ်မှာ အရဲစွန့်ခြင်းမပြုရဲချေ။

“ အရူး ”
လင်းဖန်က သူ့နေရာမှာပင် ထိုင်လျက် လှောင်ပြောင်လိုက်သည်။ ပင်းယွမ်က နှစ်သောင်းသို့ ချက်ချင်းမြင့်တင်လိုက်ရာ သူအလွန်စိတ်ဝင်စားနေတာကို လူအားလုံး သိသည်။ သို့ဖြစ်သည့်အတွက်ကြောင့် လိန်ယွဲ့က သူ့ကို ဤကဲ့သို့နှောင့်ယှက်နေခြင်းဖြစ်သည်။

“ ပင်းယွမ်က တကယ်အရူးပဲ ”
လူအများစုမှာ လင်းဖန်တွေးသလို တွေးမိလိုက်ကြသည်။ စောစောက လိန်ယွဲ့ကို သူရန်စခဲ့ပြီး ယခုထိုပစ္စည်းကို သူလိုချင်သည့်အတွက်ကြောင့် လိန်ယွဲ့က လက်စားချေသည်မှာ ကျိုးကြောင်းဆီလျော်သောကိစ္စတစ်ရပ်သာ ဖြစ်သည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora