အပိုင်း ( ၂၁၅ )

1.3K 147 0
                                    

နာကျင်ရသော ချစ်ခြင်းတရား

လင်းဖန်၏ပုံစံက အံ့သြသွားသည့်အသွင် ရှိသည်။

မျက်နှာကို ဖုံးထားသည့် အခြားနှစ်ယောက်ကလည်း လင်းဖန်ကို ကြည့်နေ၏။ သူတို့၏အကြည့်များက တမူထူးခြားနေသည်။

“ လင်းဖန်..ငါတို့သုံးယောက်က မင်းကို တိုက်ခိုက်မှာမဟုတ်ဘူး။ မင်းထွက်သွားနိုင်တယ် ”
သူတို့ထဲမှတစ်ယောက်က အေးစက်စက်အသံဖြင့် ပြောကြားလိုက်၏။ ထို့နောက် သူတို့အားလုံးက လင်းဖန်ကို ထွက်သွားရန် လမ်းဖယ်ပေးလိုက်သည်။

“ မင်းတို့ကောင်တွေက ငါ့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံလား ”
အခြားနှစ်ယောက်မှာ ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်ပြလိုက်လေ၏။

“ သွားကြမယ် ”
ထိုလူသုံးယောက်၏ခေါင်းဆောင်က ပြောလိုက်သည်။ ထို့နောက် သူတို့က ချာခနဲလှည့်ကာ ထွက်ခွာသွား၏။ လင်းဖန်က သူတို့ကို ဟန့်တားလိုစိတ်မရှိတာ သူတို့ မြင်လိုက်သည်။ များမကြာမီ မြင်းဟီသံများထွက်ပေါ်လာပြီး လင်းဖန်၏စိတ်ပြောင်းလဲသွားမှာကို စိုးရိမ်သည့်အလား သူတို့က မြင်းကို ကဆုန်စိုင်းစီးနင်းလိုက်၏။

သို့သော် သူတို့နှစ်ယောက်နားသို့ အုပ်စုခေါင်းဆောင်ဖြစ်သူက နီးကပ်လာသောအခါ ပြင်းထန်သောစွမ်းအင်က သူတို့၏ကိုယ်ကို ရိုက်ခတ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို မိုးချုန်းသံပျံ့လွင့်လာပြီး အနက်ရောင်အစောင့်အရှောက်နှစ်ယောက်၏ပါးစပ်မှ သွေးများထွက်ကျလာ၏။

ချက်ချင်းပင် ပြင်းထန်သောစွမ်းအင်နောက်တစ်ခုက သူတို့ကို နောက်မှရိုက်ခတ်လာပြန်သည်။ သူတို့က သူတို့၏စွမ်းအင်ကို ထုတ်ကာတန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း နောက်ကျသွား၏။ သွက်လက်မြန်ဆန်သည့် လက်ဝါးရိုက်ချက်တစ်ခုက သူတို့၏ဝမ်းဗိုက်များကို ထိုးဖောက်သွားကာ လျှပ်တပြက်အတွင်း သူတို့ကို သတ်ပစ်လိုက်ခဲ့လေပြီ။

လင်းဖန်နှင့် သွမ့်ရှင်းရဲ့မှာ တအံ့တသြဖြစ်နေ၏။ သူတို့နှစ်ယောက်က နောက်ဆုံးကျန်နေသော အစောင့်အရှောက်ကို လှည့်ကြည့်လိုက်သည်။

ထိုလူက သူတို့နှစ်ယောက်ရှိရာသို့ လာနေတာကို တွေ့မြင်လိုက်ရ၏။ ထို့နောက် သူက လင်းဖန်နှင့် သွမ့်ရှင်းရဲ့ရှေ့သို့ ရောက်သောအခါ ပြောလာသည်။
“ လင်းဖန်..ခက်ခဲတဲ့အခြေအနေတွေမှာ မင်းရဲ့အစွမ်းတိုးလာခဲ့ပေမယ့် အခုချိန်မှာ မင်းက အားနည်းနေတုန်းပဲ။ အချိန်အကြာကြီးမတိုက်ခိုက်နိုင်သေးဘူး။ မင်းအနေနဲ့ ဒုက္ခတွေကို ရှောင်ပြီး အနားယူဖို့အတွက်နေရာရှာသင့်တယ်လို့ ငါအကြံပေးချင်တယ် ”

“ ဟမ် ”
လင်းဖန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။ ယခုအချိန်မှာ သူက အလွန်အားနည်းနေသေးကြောင်း သူသိသည်။

PMG အတွဲ ( ၂ )Where stories live. Discover now