အပိုင်း ( ၂၉၅ )

1.2K 152 1
                                        

သဘောထားကြီးခြင်း

ထိုအချိန်မှာ သခင်ဟောင်နှင့် သခင်ချီတို့သည် ထပ်မံ၍ အငြင်းပွားခြင်း မရှိတော့ပေ။ သခင်ဟောင်က ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး
“ ဟုတ်တယ်…ကံကောင်းတာပဲ။ လင်းဖန်က ကျင့်ကြံတာ နှစ်အနည်းငယ်ပဲ ရှိသေးပေမယ့် ကမ္ဘာမြေနဲ့ ပေါင်းစပ်နိုင်နေပြီ။ လင်းချီစုဆောင်းမှုအဆင့်ရှစ်နဲ့ ရွှမ်ချီအဆင့်ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်ခဲ့တယ်။ အနာဂတ်မှာ သူဘယ်လောက်အစွမ်းထက်လာမလဲဆိုတာ ကျုပ်စောင့်ကြည့်ချင်တယ် ”

“ ဟုတ်တယ် ”
သခင်ချီက ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ သခင်ဟောင်က ကောင်းကင်အဏ္ဏဝါမြို့မှာ ဖြစ်ပွားခဲ့သည်များအား သူ့ကို ပြောပြခဲ့ပြီးဖြစ်သည်။ လင်းဖန်က ထိုကိစ္စများ၏ အရင်းတည်ရာဖြစ်သည်။ လင်းဖန်၏ပင်ကိုစွမ်းရည်မျိုးကား ရှားပါးလှ၏။ ကျောင်းတော်ကြီးများမှ ပါရမီရှင်များဟု ခေါ်ဆိုနေကြသူများပင် လင်းဖန်ကို မယှဉ်နိုင်ချေ။

လင်းဖန်ကဲ့သို့ ပါရမီရှင်များကား နှစ်တစ်သန်းကြာမှ တစ်ယောက်သာ ပေါ်ထွက်နိုင်၏။ အကယ်၍ ငယ်ငယ်ရွယ်ရွယ်နှင့်သာ သူတို့မသေဆုံးခဲ့လျှင် ထိပ်ဆုံးသို့ ရောက်နိုင်သည်။

သခင်ချီမှာ ထိုအစွမ်းထက်သော ပါရမီရှင်တစ်ယောက် ကြီးထွားလာမှာကို မစောင့်နိုင်အောင် ဖြစ်နေ၏။ ထိုအရာက အလွန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလိမ့်မည်။

လင်းဖန်က အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်၏။ သူ့တွင် မြင့်မားသော ပါရမီရှိသော်လည်း လုံလောက်သောအစွမ်း သူ့မှာ မရှိသေးပေ။ သူ့ထက်များစွာ အစွမ်းထက်သော လူအများကြီးရှိ၏။ သူအလွန်တရာအစွမ်းထက်ချင်သည်။ အကယ်၍ တစ်နေ့မှာ ကောင်းကင်တိမ်တိုက်တွေပေါ် လမ်းလျှောက်နိုင်သည်အထိ သူအစွမ်းထက်လာပြီး သတ္တဝါအားလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်ခွင့်ရသည့်အချိန်ရောက်လျှင် မည်မျှသာယာကြည်နူးစရာကောင်းလိုက်မည်နည်း။

“ သခင်ဟောင်၊ သခင်ချီ  ကျွန်တော်တို့ ရွှမ်အဆင့်စိတ်ဝိညာဉ်သွေးဆေးအချို့ ဖော်စပ်ကြရအောင်။ အရင်ဆုံး ဆေးအမြုတေအိုးကို အပူပေးကြမယ် ”
လင်းဖန်က ပြောလိုက်ရာ သခင်ဟောင်နှင့် သခင်ချီတို့ကို ကြည့်ရသည်မှာ ပျော်သွားသည့်ပုံပေါ်၏။ ဆေးဝါးများကို သူတို့သုံးယောက်လုံးအတူတကွ ဖော်စပ်နိုင်တော့မည် ဖြစ်သည်။ ရွှမ်အလယ်အလတ်အဆင့်  ဆေးဝါးများကို ဖော်စပ်ခြင်းက အလွန်တရာ ရှုပ်ထွေး၏။ သခင်ချီနှင့် သခင်ဟောင်သည် ငြင်းခုန်လေ့ရှိသူများ ဖြစ်သော်လည်း ရွှမ်အလယ်အလတ်အဆင့်ဆေးဝါးဖော်စပ်ခြင်းနှင့် ပတ်သက်ပြီး ပြောဆိုကြခြင်းမရှိချေ။

PMG အတွဲ ( ၂ )Where stories live. Discover now