အပိုင်း ( ၂၇၃ )

1.3K 169 3
                                        

စိတ်နှလုံးမသာမယာဖြစ်ခြင်း

အထူးဧည့်သည်များအတွက် နေရာမှာ လင်းဖန်နှင့် မိန်ချင်းက ရှေ့မှာ ထိုင်လျက် ပါသောက်က သူတို့နောက်မှာ ထိုင်နေသည်။

သူတို့၏နေရာဖြစ်သော လိုက်ကာ နောက်မှနေ၍ လေလံပွဲတစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။

ထိုစဉ် နူးညံ့သော လူတစ်ယောက်က ရှေ့မှာ ချက်ချင်းပေါ်လာသည်။ တိတိကျကျပြောရလျှင် ထိုလူက လင်းဖန်တို့တွေ့ခဲ့သော မိန်းမပျိုသာဖြစ်သည်။ ယခုအခါ သူမသည် အပြာရင့်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပုခုံးကို ဖော်ထားလေသည်။ လင်းဖန်မှာ ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

မိန်ချင်း၏မျက်လုံးများတွင် အလင်းရောင်တစ်ချက်လက်သွားပြီး လင်းဖန်ကို ကြည့်လိုက်သည်။ လင်းဖန်မှာ တစ်စုံတစ်ခုကို အာရုံခံစားလိုက်မိသည့်အလား ခေါင်းကို ချာခနဲလှည့်ကာ မိန်ချင်းအား ကြည့်လိုက်သည်။ လင်းဖန်မှာ မထိန်းချုပ်နိုင်ဘဲ ပြုံးပြလိုက်၏။ သူ့နှုတ်ခမ်းများက အနည်းငယ်တုန်ယင်နေသည်။

များမကြာမီ အထူးဧည့်သည်တော်များနေရာမှာ နှစ်ဖက်သွားဓားတစ်လက်ပမာ ရေခဲတမျှအေးစက်သောအသွင်ရှိသည့် သာမန်လူငယ်တစ်ယောက်ရောက်ရှိလာသည်။ ထို့နောက် တည်ကြည်ပြီး အလွန်လေးစားလောက်ဖွယ်အသွင်ရှိသည့် လူတစ်စုက သူ၏နောက်မှာ ရပ်နေသည်။

“ လန်ကျောက်က တစ်နေ့တခြား ဆွဲဆောင်မှုရှိ၇ှိလာတယ် ”
လိန်ယွဲ့က မထူးခြားသည့်အသံဖြင့် ပြောလိုက်သည်။

“ လိန်ယွဲ့..မင်းသာ သဘောကျတယ်ဆိုရင် လန်ကျောက်က ငြင်းဆန်မှာ မဟုတ်ဘူး ”
သူ့နောက်မှာ ရှိနေသောလူတစ်ယောက်က မြှောက်ပင့်စကားဆိုလိုက်သည်။

လိန်ယွဲ့ ကြောက်မက်ဖွယ်ရာပြုံးလိုက်ရင်း ပြောလိုက်သည်။
“ တကယ်လို့ သူမကသာ ၇ို့ကျိုးလွန်းနေရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ငါက အင်အားသုံးပြီး အကြမ်းဖက်ရတာကို သဘောကျတာ ”

ထိုစကားကို အခြားလေးယောက်ကြားသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နှစ်ဖက်သွားဓားသခင်က အလွန်တရာခက်ထန်လွန်းလှပြီး အရှက်မရှိသော လူတစ်ယောက်ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ သူ၏နှစ်ဖက်သွားဓားကို အားကိုးကာ ပြုမူရတာကို ပျော်ရွှင်နေသည်။ သူက ထိုကဲ့သို့ လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု တခြားလေးယောက်မှာ ထင်မှတ်ထားခြင်း မရှိချေ။

PMG အတွဲ ( ၂ )Where stories live. Discover now