Zawgyi
မင်းကို ဘယ်သူကယ်မှာလဲ။
အရင်တုန်းက လိန်ယွဲ့သည် အလွန်မောက်မာပြီး သူ့ကို ဟောက်ယွဲ့ကျောင်းတော်၏ ပါရမီအရှိဆုံးကျောင်းသားအဖြစ် ယူဆခဲ့ကြသည်။ သူက ကျောင်းတော်၏ဒုတိယအဆင့်သာ ရှိသော ကျောင်းသားတစ်ယောက်ဖြစ်သော်လည်း အတိုင်းအတာတစ်ခုရောက်လျှင် ထိပ်ဆုံးသို့ ရောက်သွားလိမ့်မည်ဟု လူအားလုံး ယုံကြည်ကြ၏။
လိန်ယွဲ့က စိတ်ထင်တိုင်း ပြုမူတတ်သူဖြစ်သည်။ သူသွားသည့်နေရာတိုင်း သူ၏နှစ်ဖက်သွားဓား ပါလာတတ်သည်။ သူ၏နှစ်ဖက်သွားဓားကို တခြားသူများက လေးစားကြ၏။ များစွာသော မိန်းမလှလေးများက သူ့ကို ချစ်မြတ်နိုးကြောင်း ပွင့်လင်းစွာ ထုတ်ဖော်တတ်ကြသည်။
သို့သော် ကောင်းကင်အဏ္ဏဝါမြို့သို့ သူရောက်ရှိသွားပြီး လင်းဖန်နှင့်တွေ့ဆုံပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့၏။ လင်းဖန်က သူ့မာနတွေကို ရိုက်ချိုးခဲ့သည်။ အကယ်၍ နောက်ဆုံးအချိန်မှာ သူ့ကို မကယ်ခဲ့လျှင် လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံနေရပြီဖြစ်သည်။ သို့ဖြစ်ရာ လိန်ယွဲ့က လင်းဖန်ကို ခါးသီးစွာ မုန်းတီးနေ၏။
ကောင်းကင်အဏ္ဏဝါမြို့က အဖြစ်အပျက်ကြောင့် လိန်ယွဲ့သည် နေ့စဉ်နှင့်အမျှခံစားနေရကာ အပြင်းအထန်လေ့ကျင့်ခဲ့၏။ သူ့ကိုယ်သူ အဆက်မပြတ်တိုးတက်လာစေရန် နေ့စဉ်ကြိုးစားခဲ့သည်။ ထို့တွက်ကြောင့် လက်ရှိအချိန်မှာ ဤအဆင့်ကို သူရောက်ရှိနေခြင်းလည်း ဖြစ်သည်။ သူက နှစ်ဖက်သွားဓားတစ်လက်တည်းဖြင့် နှစ်ဖက်သွားဓားတစ်ထောင်ဖြစ်နေသည့်ပမာ စွမ်းအင်များကို စုစည်းနိုင်သည့်အဆင့်ထိ ရောက်လာခဲ့၏။
“ ဝေါ….”
ကြောက်စရာကောင်းသော ဟိန်းသံတစ်သံက လေထဲတွင် ပျံ့လွင့်လာပြီး ရှဲကျုံးက နဂါးနှင့်အတူ ဤအခွင့်အရးကိုအသုံးချရန် လင်းဖန်ဆီသို့ ပြေးဝင်သွား၏။ လင်းဖန်သည် ပြင်းထန်သော နှစ်ဖက်သွားဓား၏ စွမ်းအင်များအောက်မှာ ကျရောက်နေပြီး သူ့တွင် ဖြုန်းတီးရန် အချိန်မရှိချေ။
“ အရှက်မရှိလိုက်တာ ”
သွမ့်ရှင်းရဲ့က လင်းဖန်ကို ရုတ်တရက် တိုက်ခိုက်လာကြသော လိန်ယွဲ့နှင့်ရှဲကျုံးကိုကြည့်ကာ အော်ပြောလိုက်၏။ မည်မျှအရှက်တရားကင်းမဲ့ကာ ရက်စက်ကြလေသနည်း။
