မြေအောက်ကမ္ဘာက အပြာရောင်ဟင်းလင်းပြင်
လင်းဖန်သည် အလယ်ရှိ စိတ်စွမ်းအားလေ့ကျင့်ရာ မျှော်စင်၏အခန်းတစ်ခန်းမှာ တရားထိုင်နေသည်။ သန့်စင်သောချီများသည် လေထဲမှာ အဆက်မပြတ် ပြည့်လာပြီး လင်းဖန်၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာနေ၏။
ကျင့်ကြံသူများသည် ချီအကူအညီဖြင့် ဒဏ်ရာများမှ သက်သာပျောက်ကင်းစေနိုင်သည်။ ထို့ပြင် သူတို့၏ကျင့်ကြံခြင်းအဆင့်မြင့်မားလေ သူတို့၏ဒဏ်ရာသက်သာပျောက်ကင်းရန် အချိန်အနည်းငယ်သာ လိုအပ်လာလေ ဖြစ်၏။ မြင့်မားသော ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် ကျင့်ကြံသူတစ်ယောက်သည် သူတို့၏လက်တစ်ဖက် ပြတ်သွားခဲ့သည်ဆိုလျှင်ပင် လုံလောက်သော အချိန်ရှိလျှင် လျင်မြန်စွာ သက်သာပျောက်ကင်းနိုင်သည်။ ကောလာဟလများအရ အင်ပါယာအရှင်သခင်တစ်ယောက်က သေဆုံးရန် စိတ်ဆန္ဒရှိလာခဲ့လျှင်ပင် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း လုံးဝပျက်ဆီးမသွားခဲ့လျှင် အသက်ပြန်ရှင်လာနိုင်သည်ဟူ၍။
လင်းဖန်က ပြင်းထန်စွာ ဒဏ်ရာရရှိနေခဲ့သော်လည်း ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းနယ်ပယ်သို့ သူရောက်ရှိလာတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့၏။ သူ့ကြွက်သားများ ပိုမိုသန်မာလာပြီး ပြန်လည်သက်သာပျောက်ကင်းမှုနှုန်း မြင့်မားလာသည်။ ကောင်းကင်နှင့်မြေကြီး၏အစွမ်းဖြင့် သူ့ဒဏ်ရာကို ကုသရန် တစ်နေ့ဆိုလျှင် လုံလောက်၏။ ထို့ပြင် သူသည် တိုက်ပွဲအတွင်းမှာ သန့်စင်သောချီအများအပြားကို သုံးစွဲခဲ့သည်။ သို့ဖြစ်ရာ သန့်စင်သောချီဖြင့် ဒဏ်ရာကုသပြီးနောက် သူ့ခန္ဓာကိုယ်က သန့်စင်သောချီ အများအပြားကို ဆက်လက်စုပ်ယူနေရဦးမည်။
ယခုအချိန်မှာ လင်းဖန်၏ခန္ဓာကိုယ်ကို ခေါင်းမှခြေဖျားထိတိုင် ဝင်းလက်တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထား၏။ ထိုအဖြူရောင်အလင်းက လင်းဖန်ပြောင်းလဲလိုက်သော သန့်စင်သည့်ချီများဖြစ်သည်။
လင်းဖန်မှာ သူ၏ချီများကို သူထိန်းချုပ်နိုင်သော သန့်စင်သောချီများအဖြစ်သို့ ပြောင်းလဲသည့်ဖြစ်စဉ်ကို အောင်မြင်စွာပြီးမြောက်သွားပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်အတွင်းမှာရှိသော ချီများက သန့်စင်သောချီများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရွှမ်ချီအဆင့်သို့ဝင်ရောက်သွားလျှင် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရလိမ့်မည်။
