အပိုင်း ( ၃၁၀ )

1.1K 155 3
                                        

အကြင်နာမဲ့ဓားသခင်

ထိုအထီးကျန်လူသားသည် ရှေးခေတ်မှလာခဲ့သည့်ပုံပေါ်ပြီး ဘယ်သူမှ သူ၏လှုပ်ရှားမှုများကို အာရုံမခံစားမိခဲ့ပေ။

သွမ့်ဝူရပြုံးလိုက်ပြီး သူ၏မျက်နှာပေါ်ရှိ အဝတ်စကို ဖယ်ရှားလိုက်ရာ နွေးထွေးသော အပြုံးစတစ်စ ပေါ်ထွက်လာ၏။

သူက ထိုလူ၏နောက်ကျောကိုကြည့်ကာ ဦးညွှတ်လိုက်ရင်း
“ ဝူချင်းကို သွမ့်ဝူရ အရိုအသေပေးပါတယ် ”ဟု ပြောလိုက်လေ၏။

အကယ်၍ အခြားလူများသာ လူတစ်ယောက်ရှေ့မှာ သွမ့်ဝူရ ဦးညွှတ်နေကြောင်း သိသွားလျှင် အံ့သြဘနန်း ဖြစ်သွားလိမ့်မည်။

သွမ့်ဝူရက ရွှီယွဲ့နိုင်ငံ၏မင်းသားတစ်ယောက်ဖြစ်သည်။ အလွန်တရာ အစွမ်းထက်ပြီး အဆင့်မြင့်အရာရှိထဲတွင် အဆင့်လေးရှိသူဖြစ်၏။ သူတိုက်ခိုက်သည်မှာ ရှားပါးသည်။ အချို့လူများက အဆင့်သုံးသို့ မကြာမီတက်ရောက်နိုင်လိမ့်မည်ဟု ထင်ကြေးပေးနေကြ၏။ ဤမျှအထိသူလေးစားသူကား အလွန်တရာ ရှားပါးသည်။

သို့သော်လည်း ထိုအထီးကျန်လူက သူတို့ထဲမှတစ်ယောက်ဖြစ်၏။

ကျူဝူချင်းသည် သူ၏ရက်စက်သောဓားကွက်များဖြင့် လူများကို အစိတ်အပိုင်းများဖြစ်အောင် ပိုင်းဖြတ်နိုင်သူဖြစ်သည်။ သူ့အသက်ဆယ်ငါးနှစ်မှာ ဓားစွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လေ့လာသင်ယူနိုင်ခဲ့ပြီး ဆယ့်ရှစ်နှစ်အရွယ်မှာ ဓားကိုအခြေခံသော စွမ်းအင်သုံးတိုက်ခိုက်ခြင်းများကို အသုံးပြုနိုင်ခဲ့ကာ အသက်နှစ်ဆယ့်တစ်နှစ်အရွယ်တွင် ဓားစွမ်းအားများကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိခဲ့၏။ အသက်ဆယ့်လေးနှစ်အရွယ်မှာတော့ စစ်မှန်သော ဓားပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

သူက ဓားကို လိုအပ်သူတစ်ယောက် မဟုတ်သော်လည်း ရှေးဟောင်းဓားတစ်လက်ကို အမြဲတမ်းသယ်ဆောင်ထားခဲ့သည်။ သူ့လက်နှစ်ဖက်က မည်သည့်ဓားထက်မဆို များစွာထက်မြက်၏။ သူ၏ဓားကွက်များက အကြင်နာတရားကင်းမဲ့သည့်အတွက်ကြောင့် လူအများက သူ့ကို အကြင်နာမဲ့ဓားသခင်ဟူသောဘွဲ့ထူးကို ပေးခဲ့သည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя