Zawgyi
သနားစရာကောင်းတာ ဘယ်သူလဲ။
“ လင်းဖန် ”
လူအုပ်ကြီးက လင်းဖန်ကိုမြင်သောအခါ အံ့အားသင့်သွားကြ၏။
ကျန်းပိလော်က လင်းဖန်သည် သူရဲဘောကြောင်သူတစ်ယောက်ဖြစ်ပြီး သူသာလျှင် အဆင့်မြင့်အရာရှိများကို တိုက်ခိုက်နိုင်သူဖြစ်ကြောင်း၊ လင်းဖန်ကို သင်ခန်းစာပေးရမည်ဖြစ်ကြောင်းများ ပြောနေခဲ့သည်။ ယခုအခါ လင်းဖန်က သူ့ရှေ့သို့ ရောက်ရှိလာလေပြီ။
“ ပွဲကြီးပွဲကောင်းတော့ စပြီ ”
လူအုပ်ထဲရှိ လူအများစုမှာ စိတ်လှုပ်ရှားစွာ တွေးနေကြ၏။ ကျန်းပိလော်သည် ဒူပိကို အနိုင်ယူနိုင်ခဲ့ပြီး လင်းဖန်သည်လည်း ဒူပိကို အနိုင်ရကာ ကျန်နေသော လက်တစ်ဖက်ကို ဖြတ်တောက်ပစ်ခဲ့သည်။ သို့ဖြစ်ရာ ကျန်းပိလော်နှင့် လင်းဖန်သာတိုက်ခိုက်လျှင် ဘယ်သူက အစွမ်းထက်ဆုံးဖြစ်မလဲဆိုတာ သူတို့သိချင်နေကြ၏။
ထိုတိုက်ပွဲက ခမ်းနားကြီးကျယ်လိမ့်မည်ဖြစ်ပြီး သင်တန်းကျောင်း၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။
ကျန်းပိလော်နှင့် လင်းဖန်ကို သင်တန်းကျောင်း၏ အထူးချွန်ဆုံးကျောင်းသားနှစ်ယောက်အဖြစ် လူအားလုံး သတ်မှတ်ထားကြသည်။
လင်းဖန်ရောက်ရှိလာတာကို မိန်ချင်းမြင်သောအခါ သူမ၏ရေခဲချီများက လုံးဝပျောက်သွားသည်။ သူရောက်ရှိလာပြီဖြစ်သည့်အတွက် ကျန်းပိလော်ကို သူ့အတွက် ချန်ထားရလိမ့်မည်။
ကောင်းကင်ယံထက်မှ ပျံသန်းလာသော လင်းဖန်ကို ကျန်းပိလော်မြင်သောအခါ သူ၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ လင်းဖန်က ကောင်းကင်မှ ပျံသန်းလာသော်လည်း လွတ်လပ်ပေါ့ပါးနေသည့်အသွင်ရှိရာ သူက လင်းချီအဆင့်မှာ ရှိနေတာ ဖြစ်နိုင်ပါမည်လား။ ရွှမ်ချီအဆင့်ကို သူရောက်ရှိသွားတာလား။
“ လင်းဖန်၊ ရွှမ်ချီအဆင့်ကို မင်းရောက်သွားတာလား ”
ကျန်းပိလော်က မထူးခြားသည့်လေသံဖြင့် မေးလိုက်၏။
“ ဟုတ်တယ် ”
လင်းဖန်က ရပ်တန့်လိုက်ရင်း ကျန်းပိလော်ကိုကြည့်ကာ ဖုန်းကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။ ထို့နောက် သူက ဆက်လက်၍
