အပိုင်း ( ၃၁၇ )

1.2K 173 1
                                    

လူအားလုံးကို စိန်ခေါ်ခြင်း

လူအုပ်ကြီးမှာ စင်ပေါ်က လင်းဖန်ကိုကြည့်ကာ တအံ့တသြဖြစ်သွားပြီး အာမေဋိတ်သံများပင် ထွက်သွားကြ၏။

အကယ်၍ ထိုလူသာ လင်းဖန်ဆိုလျှင် ဝမ်ရိန်ရန်အနေဖြင့် သူ့ကိုကာကွယ်ပေးသောလူအား သတိပေးသင့်သည်။ သို့ရာတွင် သူက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ဤအရာက အကြင်နာတရားရှိခြင်းလား။

ဤမျှများပြားသော လူအားလုံးရှေ့မှာ ထိုသို့ပြုမူလိုက်ခြင်းက သူသည် ဆိုးယုတ်သောလူတစ်ယောက်ဖြစ်ရုံမျှမက သူ့အပြုအမူများသည်လည်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းကြောင်း ဖော်ပြနေသည်။

သွမ့်လိုင်နှင့် ဝမ်ရိန်ရန်၏ အလိမ်အညာစကားတွေအားလုံး ပြိုလဲသွား၏။

လင်းဖန်ကို တိုက်ခိုက်သောသူ၏မျက်နှာသည် ဆိုးရွားစွာပျက်နေ၏။ သူ့မျက်လုံးများက အမျက်ဒေါသများဖြင့် ပြည့်နေသည်။ ဝမ်ရိန်ရန်ကား အမှန်တကယ် အရှက်ကင်းမဲ့လွန်းသည်။ သူ့ကို သတိပေးခြင်းမရှိဘဲ လင်းဖန်ဖြင့် တိုက်ခိုက်စေခဲ့သည်။

“ လင်းဖန်..ဒါက ငါနဲ့မဆိုင်ဘူး။ နားလည်မှုလွဲတာပါ ”
ထိုလူက လင်းဖန်ကို ပြောလိုက်၏။

လင်းဖန်က ထိုလူကို မထူးခြားသည့်အသွင်ဖြင့် ကြည့်လိုက်ရင်း အေးစက်စက်ပြုံးလိုက်သည်။

“ မင်းနဲ့ ဘာမှမဆိုင်ဘူးလား။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ တကယ်လို့ ငါက မင်းထက်အစွမ်းနိမ့်ပြီးသေသွားခဲ့ရင် မင်းရဲ့နားလည်မှုလွဲခြင်းကြောင့်ပဲပေါ့ ”
လင်းဖန်က သရော်လှောင်ပြောင်လိုက်ရင်း  အေးစက်စက်ပြောလိုက်ပြန်၏။
“ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း မင်းစဉ်းစားထားရမယ် ”

စကားဆုံးသောအခါ ဓာုးချီများသည် ထိုလူ၏လည်မျိုကို ချက်ချင်းထိုးဖောက်သွားရာ လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွား၏။

သူသေသွားခဲ့လေပြီ။ လင်းဖန်က အနည်းငယ်မျှသနားကြင်နာခြင်းပင် မရှိဘဲ သတ်ဖြတ်ခဲ့သည်။

ထိုလူ၏မျက်လုံးများသည် သေဆုံးသွားသော်လည်း ငြိမ်ချမ်းစွာအနားမယူနိုင်သည့်အလား ပွင့်နေ၏။

PMG အတွဲ ( ၂ )Tempat cerita menjadi hidup. Temukan sekarang