အပိုင်း ( ၂၂၂ )

1.5K 151 6
                                        

လက်ထပ်ပွဲနေ့

“ အဲ့ဒါက အဆင်မပြေနိုင်ဘူးလေ ”
ကျစ်ယီက ချိုသာသောအသံဖြင့် ပြောလိုက်၏။ သူမအသံက ငြင်းဆန်သည့်အသံမဟုတ်ဘဲ သူ့ကမ်းလှမ်းချက်ကို လက်ခံသည့်အသံဖြစ်နေသည်။ လင်းဟောက်ကျဲမှာအံ့အားသင့်သွား၏။ သူမ၏ရှက်ရွံ့နေသော အမူအရာကို မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

“ တကယ်လို့ သခင်မလေး ကျစ်ယီက ဒီလိုမျိုးအဆင်မပြေဘူးဆိုရင် ဒါမှမဟုတ် ကျွန်တော့်ရဲ့ ကိုယ်ကျင့်သိက္ခာကို သံသယရှိတယ်ဆိုရင် တည်းခိုတဲ့နေရာတစ်ခုလုံးကို သခင်မလေးကို ပေးပါမယ်။ ကျွန်တော်က အပြင်မှာနေပါ့မယ်။ ကိစ္စမရှိပါဘူး ”
လင်းဟောက်ကျဲက တည်ကြည်သည့်အသံဖြင့် ပြောလိုက်၏။

“ မဟုတ်ဘူး…အမှန်တကယ်တော့ ရှင့်တောင်းဆိုချက်က ကောင်းပါတယ် ”
ကျစ်ယီက အလျင်အမြန်ပြောဆိုလိုက်၏။ ကျစ်လင်းနှင့် လင်းဖန်တို့မှာ အံ့သြမှင်တက်သွားရသည်။ သို့ရာတွင် လင်းဟောက်ကျဲက ချက်ချင်းပင် ပြုံးလိုက်ပြီး ပြောလိုက်၏။
“ အဲ့ဒါဆိုရင် ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တာပေါ့ ”

“ ရှင့်အတွက် အခက်အခဲရှိမယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပေးပါ ”
ကျစ်ယီက ရှက်ရွံ့စွာဖြင့် ခေါင်းလေးကိုငုံ့လျက် ပြောလိုက်သည်။

“ ဘာပြောစရာလိုဦးမလဲ။ အခုအတိုင်းက ကျွန်တော့်အတွက် အကောင်းဆုံးပါပဲ ”
လင်းဟောက်ကျဲက ပြုံး၍ ပြောလိုက်လေ၏။

“ မမကျစ်ယီ..တစ်စိမ်းတစ်ယောက်ရဲ့အခန်းမှာ ဘာလို့ တစ်ညအိပ်မှုာလဲ ”
ကျစ်လင်းက သူမအစ်မ၏လက်ကို လှုပ်ယမ်းလျက် တီးတိုးပြောဆိုလိုက်သည်။
“ ကျစ်လင်း..သခင်လေးလင်းလို လူငယ်မျိုးက ရှားတယ်။ သူက ယုံကြည်စရာမကောင်းတဲ့လူလို့ ထင်နေတာလား။ လာ..အတူတူသွားကြမယ် !”
ကျစ်ယီကပြောလိုက်၏။

“ ထားလိုက်!”
အေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံက လင်းဖန်ထံမှဖြစ်လေ၏။

ထိုစဉ် လင်းဖန်က လင်းဟောက်ကျဲကို ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
“ တောင်ခြေမှာတုန်းက ငါဟာ တဲထဲမှာရှိမနေသင့်ဘူးလို့ မင်းပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ငါကတစ်စုံတစ်ခုလုပ်ဖို့ကြိုးစားလာနိုင်တဲ့အတွက်ကြောင့်ပဲ။ အခုမင်းက သူတို့ကို မင်းနေရာကို ဖိတ်ခေါ်နေတယ်။ မင်းကရောတစ်စုံတစ်ခုလုပ်ဖို့ ကြိုးစားမလာနိုင်ဘူးလား။ ဒါက ထူးချွန်ထက်မြက်ပြီး ရုပ်ရည်ချောမောတဲ့အပြင် ပုံရိပ်မြင့်မားတဲ့လူငယ်တွေ လုပ်တဲ့အရာလား ”

လင်းဟောက်ကျဲမှာ ဆွံ့အသွားရသည်။ သူက လင်းဖန်ကို အေးစက်စက်ကြည့်လိုက်ပြီး ချက်ချင်းပင် ပြုံးကာ ပြောလိုက်၏။
“ ဖြစ်နိုင်တာက ငါ့လိုလူကြိုက်များတဲ့လူနဲ့ ယှဉ်လို့ရမယ်ထင်နေတာလား ”

“ ရယ်စရာကောင်းလိုက်တာ ”
လင်းဖန်က ပြောလိုက်သည်။ ထို့နောက် ဆက်လက်၍
“ မြင့်မားတဲ့ပုံရိပ်ရှိတဲ့သူက မိန်းကလေးတွေကို စော်ကားတာဟာ မှန်တယ်လို့ မင်းထင်နေတာလား ”

“ ဟမ့် !”
လင်းဟောက်ကျဲက အေးစက်စွာဖြင့် မထီမဲ့မြင်အသံပြုလိုက်ပြီး ကျစ်ယီကို ကြည့်ကာ ပြောလိုက်လေ၏။
“ သခင်မလေးကျစ်ယီ..ဒီလိုဆိုရင် ကျွန်တော့်ရဲ့တောင်းဆိုချက်ကို မေ့နိုင်ပါတယ်..သွားတော့မယ်ဗျာ !”
စကားပြောပြီးသည်နှင့် လင်းဟောက်ကျဲက စတင်ထွက်ခွာသွားလေသည်။
“ သခင်လေးလင်း…စောင့်ပါဦး၊ စောင့်ပါဦး!”
ကျစ်ယီက သူ့နောက်ကို ပြေးလိုက်ကာ အော်ပြောလိုက်ပြန်၏။ ထို့နောက် ဆက်လက်၍
“ ကျွန်မက သူပြောတာကို လက်မခံပါဘူး !”

ကျစ်ယီက ခေါင်းကိုလှည့်ကာ လင်းဖန်ကို အေးစက်စက်ကြည့်လိုက်ပြီး ပြောလိုက်၏။ ထို့နောက် ကျစ်လင်းကိုကြည့်ကာ ချက်ချင်းပြောလိုက်ပြန်သည်။
“ အမတို့ အတူတူသွားကြရအောင်!”

“ ကျွန်မ မသွားဘူး ”
ကျစ်လင်းက ခေါင်းယမ်းပြလိုက်၏။

“ ကောင်းပြီ။ အဲ့ဒါဆိုရင် သူဘာမှမကြိုးစားလာနိုင်အောင် ဂရုစိုက်ပါ ”
ကျစ်ယီက လင်းဖန်ကိုကြည့်ကာ ပြန်လည်ပြောဆိုလိုက်ပြီး လင်းဟောက်ကျဲနောက်သို့ ပြေးလိုက်သွားလေသည်။

ကျစ်ယီ၏ပုံရိပ်ပျောက်ကွယ်သွားတာကို လင်းဖန်ကြည့်နေ၏။ သူအလွန်ဒေါသထွက်နေသည်။ သူမကို သူထပ်ခါထပ်ခါသတိပေးခဲ့သော်လည်း ကျစ်ယီကား ခေါင်းမာလွန်းလှ၏။ လင်းဖန်မှာ တခြားအဖြေမရှိတော့ပေ။ ကျစ်နန်ပေးအပ်ခဲ့သည်အလုပ်ကိုလည်း သူလုပ်ဆောင်ခဲ့ပြီးလေပြီ။ သူက မိန်းကလေးနှစ်ယောက်ကို ကျစ်အုပ်စိုးသူနယ်မြေသို့ ရောက်သည်အထိ အန္တရာယ်ကင်းအောင် စောင့်ရှောက်မည်ဟုသော ကတိထားခဲ့ခြင်းဖြစ်သည်။

“ မင်းက ဘာကြောင့်သူမနဲ့ လိုက်မသွားရတာလဲ ”
လင်းဖန်က မေးလိုက်၏။

“ ရှင်ပြောတာမှန်လိမ့်မယ်။ အရာအားလုံးက ကိုယ်ထင်သလိုမဖြစ်ဘူးဆိုတာလေ။ လင်းဟောက်ကျဲက ရုပ်ရည်ချောမောတယ်၊ အင်မတန်အစွမ်းထက်တယ်ဆိုပေမယ့် သူဟာ သူတော်ကောင်းယောင်ဆောင်ထားသူသာ ဖြစ်လိမ့်မယ် ”

PMG အတွဲ ( ၂ )Onde histórias criam vida. Descubra agora