အပိုင်း ( ၂၅၁ )

1.4K 149 0
                                    

မိန်းကလေး…မင်းမျက်လုံးကန်းနေတာဖြစ်မယ်!!!!!

ကောင်းကင်ဘုံသင်တန်းကျောင်း၏ မက်မွန်ဥယျာဉ်ထဲတွင် သစ်ရွက်လေးများက လေအဝှေ့တွင် ဝှေ့ကာဝိုက်ကာဖြင့် လွင့်မျောနေသည်မှာ လှပသော မိန်းမပျိုလေးတစ်ယောက် ကနေသည့်အလား…။

ဗျပ်စောင်းသံစဉ်သည်လည်း လေနှင့်အတူ မက်မွန်ပင်၏သစ်ရွက်လေးများကဲ့သို့ လွင့်မျောနေပေသည်။ ထိုဂီတသံစဉ်က မည်သူ၏စိတ်နှလုံးကိုမဆို အေးငြိမ်းသွားအောင် ဖမ်းစားနိုင်လေသည်။

ထိုအဆောက်အဦ၏အလယ်တွင် သွယ်လျသောလက်တစ်တစ်စုံက ဗျပ်စောင်း၏ကြိုးလေးများအပေါ် ဟိုမှသည် ရွေ့လျားနေလေ၏။

လင်းဖန်က မြေပြင်မှာ ထိုင်ကာ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ဗျက်စောင်းသံစဉ်အား လေးစားစွာဖြင့် အာရုံစူးစိုက်နားထောင်နေလေသည်။

ထိုစဉ် လင်းဖန်၏မျက်လုံးများက မှိတ်သွားပြီး သာယာငြိမ်ညောင်းစွာ အသက်ရှူနေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ချီတိမ်တိုက်တစ်ခုက ဝန်းရံနေသည်။ အကယ်၍ လူတွေသာ ထိုနေရာမှာ ရှိနေခဲ့လျှင် သူတို့၏အမြင်တွင် ထူးဆန်းသွားမည်ဖြစ်သော်လည်း အနီးအနားတွင် တစ်ယောက်မှရှိမနေချေ။ လင်းဖန်၏စိတ်ထဲတွင်တော့ ဘာမှရှိမနေဘဲ ကမ္ဘာကြီးနှင့်ပေါင်းစပ်ခြင်းကိုသာ တွေးနေလေသည်။

ရန်ယွီပိုင်ရှိန်သည် ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

အကယ်၍ လင်းဖန်သာ သူ၏မျက်လုံးနှင့် ကိုယ်တွေ့မကြုံခဲ့ရလျှင် တပ်မှူးကျောင်းတော်သားများကို အရည်အချင်းစစ်ပေးသည့်  သူ့ဆရာရန်ယွီပိုင်ရှိန်မှာ ဤမျှကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိလိမ့်မည်ဟူ၍ သူဘယ်တော့မှ တွေးမိလိမ့်မည် မဟုတ်ချေ။

သူ့လက်ချောင်းလေးများက ဗျပ်စောင်း၏ကြိုးလေးများအပေါ်ရွေ့လျားနေခဲ့ပြီး တပ်သားများကို အစိတ်အပိုင်းများအဖြစ်သို့ ရောက်ရှိသွားစေကာ ဖုန်မှုန့်များပမာ ဖြစ်သွားပြီး ပျောက်ကွယ်သွားစေသည်။

ရန်ယွီပိုင်ရှိန်က အလွန်တရာအစွမ်းထက်သူဖြစ်သည့်အတွက် လင်းဖန်မှာ အတိုင်းအဆမရှိလေးစားနေမိ၏။ သူ့စိတ်ထဲမှာ ကြောက်ရွံ့ရိုသေခြင်း၊ ကြည်ညိုလေးစားခြင်းတို့ဖြင့် ပြည့်နေသည်။

PMG အတွဲ ( ၂ )Tempat cerita menjadi hidup. Temukan sekarang