အပိုင်း ( ၃၁၅ )

1.2K 152 3
                                        

ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ။

ထိုလှုပ်ရှားမှုလေးတစ်ခုက လူအများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။ လင်းဖန်၏ပတ်လည်ရှိလူများအားလုံးက ထိုအခြင်းအရာကို အာရုံစိုက်ခြင်းမရှိဘဲ စင်မြင့်ထက်ရှိ လူများကိုသာ ကြည့်လိုက်သည်။

ဤနေရာသို့ ယွီမျိုးနွယ်စုနှင့် ယွဲ့မျိုးနွယ်စုမှ ပါရမီရှင်များလည်း လာရောက်ကြရာ စင်မြင့်ထက်တွင် ပါရမီရှင်များ စုရုံးရောက်ရှိနေကြ၏။

အနာဂတ်သစ်အဖွဲ့မှ ကျောင်းသားတိုင်းသည် တောင့်တင်းကြံ့ခိုင်ပြီး သူရဲကောင်းဆန်နသည်။ လူအုပ်ကြီးက သူတို့ကို ကြည့်ကာ တိတ်တဆိတ်လေးစားနေ၏။ သူတို့အားလုံးက အလွန်တရာ ထူးချွန်ပြီး ယောက်ျားပီသချောမောခန့်ညားသော လူငယ်များဖြစ်သည်။ မြင့်မားသောပါရမီရှိကြ၏။ ရွှီယွဲ့နိုင်ငံ၏အနာဂတ်က ဤလူငယ်များ၏လက်ထဲတွင် ရှိနေသည်။

သူတို့က ရွှီယွဲ့နိုင်ငံ၏အထူးချွန်ဆုံး ကျင့်ကြံသူများဖြစ်ရာ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့်သူများ ဖြစ်လာလိမ့်မည်။

အမှန်တကယ်တော့ လူအများစုက ထိုသို့တွေးနေကြ၏။ သို့ရာတွင် ရွှီယွဲ့နိုင်ငံမှာ စင်မြင့်ထက်ရှိလူများထက် ပိုမိုအစွမ်းထက်သော လူများလည်း ရှိသည်။

ထိုအံ့မခန်းအစွမ်းထက်သူများသည် ဤကဲ့သို့အဖြစ်အပျက်များကို များစွာရှုတ်ချ၏။ ဤစင်သည် မင်္ဂလာပွဲစင်မြင့်တစ်ခုမဟုတ်ဘဲ ဂုဏ်သိက္ခာချင်းယှဉ်ပြိုင်သော နေရာတစ်ခု ဖြစ်နေသည်။

စင်မြင့်ထက်ရှိ ပါရမီရှင်များဟု ခေါ်နေသော လူငယ်များကို အထင်သေးသော လူတချို့လည်း ရှိ၏။ သူတို့က ထိုလူငယ်များကို ရင်ထဲမှာရွံရှာစက်ဆုပ်နေကြသည်။ ဥပမာအနေဖြင့် လင်းဖန်သည် ထိုကဲ့သို့လူမျိုးကို များစွာအထင်သေး၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆူညံသံများဖြင့် သက်ဝင်လှုပ်ရှားနေ၏။ လူများက အလွန်ပျော်ရွှင်နေကြသည်။ အတန်ငယ်ဝေးသောနေရာတွင် လမ်းမကြီးအတိုင်း လူပေါင်းများစွာက အဆောင်အဦရှိရာသို့ လျှောက်လာကြ၏။ သူတို့သည် ရွှီယွဲ့အတွင်းရှိလူများအားလုံးကို သွမ့်လိုင်က ပြောခိုင်းသည့်အလား အနာဂတ်သစ်အဖွဲ့၏ပါရမီရှင် ဝမ်ရိန်ရန်နှင့် အင်ပါယာမျိုးနွယ်စုဝင် သွမ့်ယွီတို့၏ လက်ထပ်ပွဲအကြောင်းသိအောင် ကြေညာနေကြသူများဖြစ်သည်။

ထိုလူများ၏နောက်တွင် မင်္ဂလာပွဲကို ကြည့်ရန် လိုက်ပါလာသူများရှိသည်။ သူတို့က အနာဂတ်သစ်အဖွဲ့၏ ပါရမီရှင် ဝမ်ရိန်ရန်နှင့် သွမ့်ယွီတို့ကို မြင်လိုကြ၏။

PMG အတွဲ ( ၂ )Where stories live. Discover now