အပိုင်း ( ၂၂၀ )

1.3K 138 0
                                        

ကောင်းကင်ကနေ ရွှေရောင်မိုးစက်များက ကျဆင်းလာတယ်…

“ နတ်ဆိုးသုံးဖော်…မင်းတို့က တကယ့်ကို အကျင့်ပျက်လွန်းနေတဲ့ ကောင်တွေပဲ။ မင်းတို့ရဲ့နာမည်နဲ့ လိုက်ဖက်ပါပေတယ် ”
ထိုစဉ် ကျစ်ယီက ဒေါသထွက်လာစဉ် အေးစက်စက်အသံတစ်ခုက သူတို့ကို ဟန့်တားလာ၏။ ချက်ချင်းပင် ရွှေရောင်တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သက်ကယ်တဲလေးအတွင်းသို့ ဝင်ရောက်လာသည်။

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ထိုလူငယ်၏အဝတ်အစားများမှာ ခမ်းနားလှပြီး လုံးဝခြောက်သွေ့နေ၏။ သူ့ပုံစံက သန့်ရှင်းသပ်ရပ်ပြီး ချောမောခန့်ညားသည်။ လက်ထဲတွင် ယပ်တောင်တစ်လက်ကို ကိုင်ထားပြီး ဟိတ်ကြီးဟန်ကြီးနိုင်သည့်အသွင်ရှိ၏။ သူသည် အဖိုးတန်မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ခြင်းလည်း ဖြစ်ပေသည်။

“ နတ်ဆိုးသုံးဖော်…”

ကျစ်ယီနှင့် ကျစ်လင်းက ထိုနာမည်ကို ကြားသောအခါ သူတို့၏မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။ ဤလူသုံးယောက်က အံ့သြစရာကောင်းအောင် နတ်ဆိုးသုံးဖော်ဖြစ်နေ၏။ သူတို့အသွင်က ယုတ်မာကောက်ကျစ်သည့်ပုံစံရှိနေသည်မှာ အံ့သြစရာမဟုတ်တော့ ဟူ၍လည်း တွေးနေမိသည်။ ဤကျစ်ရွှေရောင်ကျစ်တောင်ပတ်လည်တွင် နတ်ဆိုးသုံးဖော်ကို အဆုံးစွန်ထိ အကျင့်ပျက်သူလူငယ်သုံးယောက်ဟု သိကြ၏။ သူတို့က မိန်းမပျိုလေးများကို ရက်စက်ကြမ်းတမ်းစွာဖြင့် ကိုယ်ထိလက်ရောက်စော်ကားတတ်သည်။

ကျစ်ယီနှင့် ကျစ်လင်းသာ သူတို့၏သားကောင်ဖြစ်သွားခဲ့လျှင် ရလဒ်က မတွေးဝံ့စရာကောင်းလှ၏။

“ မင်းဘယ်သူလဲ ”
နတ်ဆိုးသုံးဖော်က ထိုလူငယ်ကို ကြည့်လျက် ပြောလိုက်သည်။

“ ကျစ်ကျုန်းရဲ့ ကြီးကျယ်လှတဲ့ အခမ်းအနားပွဲကြီးဟာ နီးကပ်နေတာကြောင့် အလုပ်တွေရှုပ်နေကြတဲ့အချိန်မှာ မင်းတို့က မိန်းမပျိုလေးတွေကို လိုက်လံဖမ်းဆီးနေတာမလား ”
လူငယ်က ခေါင်းကိုမော့ကာ အေးစက်စက်ပြောလိုက်၏။ ထို့နောက် လင်းဖန်၏ဘေးသို့လျှောက်သွားလိုက်ပြီး မီးများပိုမိုတောက်လောင်လာအောင် သူ့ယပ်တောင်ဖြင့် ခပ်လိုက်သည်။

PMG အတွဲ ( ၂ )Dove le storie prendono vita. Scoprilo ora