အပိုင်း ( ၂၇၉ )

1.3K 164 1
                                        

ညှို့ငင်ဖမ်းစားခြင်း

“ ရှင့်ဆီကို လာတာက ဖုန်းကွယ်ထားတဲ့အကြောင်းအရာကြောင့်လို့ ဘာကြောင့်ရှင်ထင်နေရတာလဲ ”

လင်းဖန်၏စကားကို ကြားသောအခါ လန်ကျောက်၏မျက်လုံးလေးများက စိုစွတ်သွားပြီး သနားစရာကောင်းသည့်အသွင် ဖြစ်သွားသည်။ သူမက ရှေ့သို့အနည်းငယ်တိုးလိုက်ရာ လင်းဖန်နှင့်သူမကြားမှာ လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည်။

“ ဒါ့အပြင်…ရှင်တစ်ခုခုလုပ်မှာကို ကျွန်မကြောက်ရွံ့နေခဲ့တယ်လို့ ရှင်ပြောခဲ့တယ်မလား။ တကယ်လို့ ရှင်သာ ကျွန်မရဲ့ခန္ဓာကိုယ်ကို သဘောကျရင် ရှင်စိတ်တိုင်းကျပြုမူနိုင်ပါတယ် ”

သူမ၏အသံက တဖြည်းဖြည်းပျော့ပြောင်းနူးညံ့လာသည်။ သူမအသံတွင် ရှက်ရွံ့ခြင်းများစွက်ဖက်နေသည့်တိုင် အဆုံးအစမဲ့ဆွဲဆောင်ခြင်းများနင့် ပြည့်နေလေ၏။

လန်ကျောက်သည် ခေါင်းကလေးကို ငုံ့ထားပြီး အလွန်တရာ ရှက်ရွံ့နေသည့်ပုံရှိသည်။ သူမ၏ပါးလေးနှစ်ဖက်မှာ လုံးဝနီရဲနေတာကို လင်းဖန်တွေ့မြင်နေရ၏။

သူမ၏အကျီင်္က ပုခုံးထက်မှ တဖြည်းဖြည်း လျောကျနေသည်။ သူမ၏ဖြူဖွေးတင်းရင်းနေသော ရင်သားအစုံက ပို၍ ပေါ်လွင်ထင်ရှားလာသည်။ မြင်ကွင်းက လင်းဖန်၏စိတ်အာရုံကို ညှို့ယူဖမ်းစားထားသည်။ လင်းဖန်သည် သူမ၏ပုခုံးသားလေးထက်မှ အနည်းငယ်လျောကျနေသော ဝတ်စုံအား ငေးကြည့်နေမိသည်။

“ ရှင်မြင်ချင်လား ”
လန်ကျောက်က အလွန်တရာဆွဲဆောင်နိုင်စွမ်းရှိသည့်အသံဖြင့် မေးလိုက်ရာ လင်းဖန်၏နှလုံးသားထဲမှာ မြင်းတစ်ကောင်ကဆုန်စိုင်းသွားနေသည့်ပမာ ဖြစ်နေပြီး သူပြောလိုက်သည်။
“ ငါ……….”

ထိုစကားလုံးကို လင်းဖန်ပြောလိုက်သည်နှင့် လန်ကျောက်၏ဝတ်စုံက နောက်ဆုံးတွေင် လျောကျစပြုလာသည်။ သူမ၏တင်းရင်းနေသော ရင်သားအစုံက လင်းဖန်၏မျက်လုံးရှေ့တွင် ပေါ်လာသည်။ နှင်းပွင့်လေးများပမာ ဆွတ်ဆွတ်ဖြူနေပြီး နူးညံ့ပျော့ပြောင်းနေကာ အစစ်အမှန်ပင်မဟုတ်သည့်အလား ထင်မှတ်ရသည်။ လင်းဖန်မှာ သူ၏လက်ကို ရှေ့တိုးကာ ဖွံ့ဖြိုးသော ရင်သားအစုံအား ညင်သာစွာ ပွတ်သက်ကိုင်တွယ်ပေးချင်စိတ်များ အတိုင်းအဆမရှိ ဖြစ်ပေါ်နေသည်။ သူ့နှလုံးသားထဲမှာ အဆုံးအစမဲ့ တပ်မက်ခြင်းများနှင့် ပြည့်လာ၏။

PMG အတွဲ ( ၂ )Where stories live. Discover now