အပိုင်း ( ၃၆၈ )

346 36 0
                                        

Zawgyi

ကမ္ဘာကြီးတုန်ခါနေခြင်း

လင်းဖန်သည် သန့်စင်သောချီများကို စုစည်းလိုက်ပြီး ဓားတစ်လက်ပြုလုပ်လိုက်ရာ သူ့လက်ထဲမှာ တောက်ပသော ဓားအလင်းတန်းတစ်ခုထွက်ပေါ်လာ၏။

လင်းဖန်က သူ့လက်ထဲရှိဓားကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။ ဓားက နေ့သစ်မှာ နေမင်းကြီးစတင်ထွက်ပေါ်လာသည့်အလား စွမ်းအားအပြည့်ဖြင့် တရွေ့ရွေ့မြင့်တက်လာခဲ့၏။

လင်းဖန်၏ဓားက လေထဲရှိတစ်ဝက်လောက်အရောက်တွင် ရပ်တန့်သွားသည်။ လင်းဖန်က သူ့လှုပ်ရှားမှုကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေ၏။

“ ရောင်နီလာဓားကွက်က ထွက်လာစနေမင်းရဲ့အစွမ်းတွေ လိုအပ်တယ်။ အင်အားအပြည့်ရှိနေပေမယ့် အဲ့ဒီဓားကွက်ရဲ့ သတ်ဖြတ်နိုင်မယ့်အလားအလာက နည်းလွန်းတယ် ”
လင်းဖန်တွေးလိုက်၏။ သူက နောက်ထပ်ဓားကွက်ကို စုစည်းလိုက်ပြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ သို့သော်လည်း ယခင်အတိုင်း တူညီသော အားနည်းချက်ရှိနေဆဲပင်။

ဤတစ်ကြိမ်မှာ လင်းဖန်က သူ၏ဓားကွက်ကိုသာ လေ့ကျင့်လိုက်ခြင်းဖြစ်ပြီး ၎င်းတွင် အတိုက်အခိုက်စွမ်းအင် သို့မဟုတ် အဖျက်အဆီးစွမ်းအင်များလည်း ပါဝင်ခြင်းမရှိချေ။ များစွာသော စွမ်းအင်များပေါင်းစပ်ခြင်းက ဓားကွက်၏ပေါက်ကွဲနိုင်စွမ်းအားကို တိုးပွားလာစေနိုင်သော်လည်း လင်းဖန်ကို ဓားနယ်ပယ်၏နောက်တစ်ဆင့်သို့ ရောက်သွားအောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ခုသော ဓားပညာအဆင့်ကို ရောက်သွားပြီးနောက် ဓား၏ပင်ကိုယ်သဘာဝကို နားလည်ရန်လိုအပ်သည်။ ဓားကွက်တိုင်းမှာ ကိုယ်ပိုင်အစွမ်းရှိနေသည့်အတွက်ကြောင့် မည်သည့်အစွမ်းမှမပါသော ဓားကွက်နှင့်မှသာ ဓားပညာရှင်တစ်ယောက်ကို ဓားလမ်းစဉ်တွင် တိုးတက်ခြင်းကို ဖြစ်ပွားစေ၏။

လင်းဖန်က ဓားကွက်များကို တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်နေသည်မှာ မည်မျှအချိန်ကုန်ဆုံးသွားမှန်းပင် သူမသိတော့ချေ။ အသက်ရှုရမှာကိုပင် မေ့လျော့နေ၏။ သူ၏စိတ်အာရုံအားလုံးက သူ့ဓားကွက်ပေါ်မှာသာ ရှိနေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now