Zawgyi
ဝူရတောင်
အကယ်၍ သူသာ တိုက်ခိုက်လျှင် လင်းဖန်က သူ့ကိုတိုက်ခိုက်လိမ့်မည်။ သူ၏ပါးစပ်ကိုသာ အသုံးပြုချင်နေလျှင် ထိုလူ ထွက်သွားသင့်သည်။
လင်းဖန်က လေထဲမှာ ရပ်ကာ ထိုလူကို စူးရှသောအကြည့်နှင့် ကြည့်လိုက်၏။ လင်းဖန်၏အစွမ်းကို သူသံသယဖြစ်နေလျှင် သူသွားရောက်တိုက်ခိုက်နိုင်သည်။ ယခု လင်းဖန်မှာ သူ့ကို တိုက်ခိုက်ရန် အစွမ်းရှိသေးလာဆိုတာ အလောင်းအစားလုပ်နိုင်၏။
ထိုလူက လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သွမ့်ရှင်းရဲ့ကို ချက်ချင်းကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ အခြေအနေက မည်သို့ပင်ဖြစ်နေပါစေ၊ လိန်ယွဲ့က လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သေသွားပြီဖြစ်သည်။ ထိုအခြေအနေကို မည်သို့မျှ မပြောင်းလဲနိုင်ပေ။
အကယ်၍ သူက တိုက်ခိုက်ခဲ့ပြီး လင်းဖန်မှာ တိုက်ခိုက်ရန် အစွမ်းကျန်နေသေးလျှင် လင်းဖန်က သူ့ကိုသတ်မည်မှာ သေချာ၏။ လင်းဖန်နောက်ထပ်တိုက်ခိုက်ရန် အစွမ်းမရှိတော့ဘဲ လိမ်ညာနေသည်ဆိုလျှင် သူက လင်းဖန်ကို သတ်နိုင်ပါမည်လော။ မင်းသမီးသွမ့်ရှင်းရဲ့၏ ခံစားချက်များကို လျစ်လျူရှုပြီး လင်းဖန်ကို သတ်ဖြတ်နိုင်လား။
လင်းဖန်က သွမ့်ဝူရ၏ဘက်ကဆိုတာ သူမေ့ထား၍ မရချေ။ ရှဲကျုံးသာ လုံလောက်သောအစွမ်းရှိလျင် လင်းဖန်ကို သတ်နိုင်လိမ့်မည်။ သို့ရာတွင် သူ့အနေဖြင့် ထိုကဲ့သို့ အပြုအမူမျိုးမလုပ်နိုင်ပေ။ ထိုသို့မဟုတ်လျှင် သူအပြစ်ပေးခံရနိုင်သည်။
ထို့ကြောင့် ထွက်ခွာသွားခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူလျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်၏။ ယနေ့အဖြစ်အပျက်အတွက် နောင်တစ်ချိန်မှာ လင်းဖန်နောင်တရလိမ့်မည်။
“ ငါတို့ နောက်ထပ်ပြန်တွေ့မယ် ”
ထိုလူက လင်းဖန်ကို အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး အစအနရှာမရအောင် ပျောက်ကွယ်သွားရာ လူအုပ်ကြီး အံ့အားသင့်သွားသည်။
