အပိုင်း ( ၃၀၉ )

1.2K 165 1
                                        

တံဆိပ်တော်တံခါးများ

“ မိုက်ရိုင်းလိုက်လေ… ရွှီယွဲ့လိုနိုင်ငံငယ်လေးမှာ ငါ့ကို ဒီလိုပြောဝံ့တဲ့လူရှိမယ်လို့ မထင်ထားဘူး ”
ဝိညာဉ်နတ်ဆိုးဘုရင်က ပြောလိုက်၏။ သူက လေထဲမှာ ပျံသန်းရင်း မကောင်းဆိုးဝါးချီများကို ထုတ်လွှတ်နေသည်။

“ ဒါပေမယ့် မင်းဘယ်သူလဲလို့ ငါသိချင်တယ် ”
ဝိညာဉ်နတ်ဆိုးဘုရင်က ဆက်လက်ပြောဆိုလိုက်၏။ ထိုစဉ် အဆုံးအစမဲ့များပြားသော သံကြိုးများက အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံထားသော လူအပြင် လှံတံနှင့်ကျင့်ကြံသူရှစ်ယောက်ထံသို့ တိုးဝင်သွားသည်။

ထိုစဉ် ထိုကျင့်ကြံသူရှစ်ယောက်ထံမှ သန့်စင်သောချီများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။

“ သေစမ်းကွာ ”
သူတို့က ဒေါသထွက်စွာ အော်ပြောလိုက်သည်။ ရှည်လျားသော လှံတံရှစ်ချောင်းက ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးရှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းလာ၏။ ၎င်းတို့၏ဝိုင်းဝန်းကျယ်ပြန့်သော သွားကြီးများမှာလည်း ကြောက်စရာကောင်းလှသည်။ တဂျုံးဂျုံးမြည်ဟည်းသံများ ထွက်ပေါ်လာခြင်းနှင့်အတူ များစွာသောသံကြိုးများမှာ အရှိန်ပြင်းစွာ တုန်ခါလာကြပြီး အချို့မှာ ကျိုးပဲ့ပျက်စီးသွား၏။

တစ်ချိန်တည်းမှာပင် ထူးဆန်းသော အနက်ရောင်ဝတ်ရုံနှင့်လူက လေထဲသို့ ခုန်လိုက်ပြီး သူ၏လက်ကို လှုပ်ရှားလိုက်ရာ ရုတ်တရက် ကြောက်စရာကောင်းသော လေပွေတစ်ခု လေထဲမှာ ထွက်ပေါ်လာသည်။

ဝိညာဉ်နတ်ဆိုးဘုရင်၏နောက်တွင် ကြီးမားသော တံခါးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းတံခါးက အဖျက်အဆီးချီများဖြင့် ပြည့်နေသော တွင်းနက်ကြီးများနှင့် ဆင်တူပြီး ကြောက်စရာကောင်းသောချီများကို ထုတ်လွှတ်နေသည်။

လင်းဖန်၏မျက်လုံးများ ဝင်းလက်သွားသည်။ ထိုအရာကား သွေးဝိညာဉ်၊ တံဆိတ်တော်တံခါးများဖြစ်နေ၏။

“ ဒီလူက အင်ပါယာမျိုးနွယ်စုကကိုး ”
လင်းဖန်တွေးလိုက်မိသည်။ သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။ ထိုအနက်ရောင်အဖျက်အဆီးချီများကို  သူတွေ့မြင်ခဲ့ဖူးသည်။ သွမ့်ဖန်က ထိုအရာကို အသုံးပြုခဲ့သော်လည်း သွမ့်ဖန်၏ချီတွေက ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ရောက်ရန် အလှမ်းဝေးကွာလွန်းနေသေး၏။

“ သွမ့်မျိုးနွယ်စု ”
ဘုရင်က အော်ပြောလိုက်သည်။ သူ့မျက်နှာက ဆိုးရွားစွာပျက်ယွင်းသွား၏။

PMG အတွဲ ( ၂ )Tempat cerita menjadi hidup. Temukan sekarang