နေရာတိုင်းမှာ လိုက်ရှာနေတယ်...
ညသန်းခေါင်ယံအချိန်…ကောင်းကင်နန်းစားသောက်ဆိုင်၏အပြင်ဘက် လမ်းမထက်တွင် လူအချို့က ဟိုမှသည်သွားလာနေကြသည်။
“ ဘယ်လောက်တောင် စွဲဆောင်မှုရှိလိုက်တဲ့ မိန်းကလေးလဲ…လှလိုက်တာကွာ ”
သူတို့က စားသောက်ဆိုင်မှထွက်လာသော လန်ကျောက်ကို မြင်သောအခါ ပြောလိုက်ကြသည်။ ထိုစဉ် အမူးသမားတစ်ယောက်သည် သူမရှိရာသို့ လျှောက်သွားလေ၏။
“ အိုး လှလိုက်တာ…ဖြူဆွတ်နေတာပဲ..ဟား ဟား….”
ထိုအမူးသမားသည် လန်ကျောက်၏ရင်သားအစုံရှိနေသော နေရာကို ရမ္မက်ရောက်လွှမ်းသော အကြည့်များဖြင့် ကြည့်နေသည်။
“ အဲ့ဒီလိုလား။ ရှင်က မြင်ချင်တယ်ပေါ့ ”
လန်ကျောက်က ပြုံး၍ ပြောလိုက်သည်။ ထိုအမူးသမား၏မျက်လုံးများမှာ ရုတ်ချည်းဝင်းလက်တောက်ပသွားသည်။
“ ကြည့်ချင်တယ်…ငါကြည့်ချင်တယ် ……..”
လူအုပ်ကြီးက လန်ကျောက်ကို စူးစိုက်ကြည့်လာကြ၏။
“ ကောင်းပြီ။ ရှင်တို့အားလုံး ဂရုတစိုက်ကြည့်ကြပေါ့ ”
လန်ကျောက်၏မျက်နှာထက်တွင် ကြာမူပါသော အပြုံးစတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူမ၏ဝတ်စုံက လျောကျသွားပြီး သူတို့အားလုံး တဒင်္ဂမျှ အသက်ရှူရပ်တန့်သွားသည်။ နှင်းပွင့်သဖွယ် တင်းရင်းနေသည့် ရင်သားအစုံက သူတို့အားလုံးစူးစိုက်ကြည့်လိုက်ကြ၏။
သို့သော်လည်း တခဏမျှကြာပြီးနောက် ကြည့်နေကြသူများ၏ အမြင်အာရုံများ ရပ်တန့်သွားသည်။ ထိုအစားသွေးများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံလာသည်။ နာကြင်စွာအော်သံအချို့က ည၏တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းသွား၏။ လန်ကျောက်ကို ကြည့်မိကြသူအားလုံးကား မြေပြင်ထက်မှာ သေဆုံးသွားကြလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အအေးလှိုင်းများ ရိုက်ခတ်သွားသည်ကို တွေ့လိုက်ရသဖြင့် လူတချို့က ဘာဖြစ်နေသလဲဆိုတာ ကြည့်လိုက်ကြရာ အလွန်တရာ စွဲဆောင်မှုရှိသော လန်ကျောက်ကို တွေ့မြင်သွားသည်။ သို့တိုင်အောင် သူတို့သည် လန်ကျောက်ကို ကြာကြာမကြည့်ဝံ့ချေ။
