အခန်း ( 3 ) တပည့်ကြီး(တပည့်ခေါင်းဆောင်)၊ ပန်းစက္ကူကောင်းကင်ဓားသိုင်း

1.7K 145 5
                                    

မူရင်း စာစဉ်အမည် - ကျုပ်က ပြိုင်ဘက်ကင်း  ( Unparalleled after ten consecutive draws )
မူရင်းစာရေးသူ - Carefree Smile

အခန်း ( 3 ) တပည့်ကြီး(တပည့်ခေါင်းဆောင်)၊ ပန်းစက္ကူကောင်းကင်ဓားသိုင်း

ထူးကဲသိမ်မွေ့သော ဝင်ပေါက်ကိုးခု ဓားနှလုံးသား၊ မဟာ တာအိုခန္ဓာကိုယ်။

ဤစကားများက လူအုပ်အတွင်းဝယ် ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်နှယ်။ ၎င်းက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး အကြီးအကဲအားလုံးက ချူခွမ်းရန်ဆီသို့ ပြေးသွားခဲ့ကြသည်။

"ဒါက တကယ်ကြီး ဝင်ပေါက်ကိုးခု ဓားနှလုံးသားပဲ၊ ကောင်းလိုက်တာ"

"ကျုပ်တို့ရဲ့ ကောင်းကင်နက်ဂိုဏ်းကို ကောင်းကင်ကြီးက တကယ်ကာကွယ်နေပြီဟေ့"

"မဟာတာအို ခန္ဓာကိုယ်နဲ့ဆိုရင် ကျုပ်တို့ရဲ့ ကောင်းကင်နက်ဂိုဏ်းကတော့ ဒီခေတ်ရဲ့ တော်ဝင်ပလ္လင်အတွက် တိုက်ခိုက်နိုင်ပြီကွ"

"ခန္ဓာသုံးသောင်းထဲမှာ ထိပ်တန်းဆယ်ခုအတွင်းဝင်တဲ့ ထူးကဲသိမ်မွေ့သော ဝင်ပေါက်ကိုးခု ဓားနှလုံးသား။ ဒီ မဟာတာအို ခန္ဓာကိုယ်က ဓားလမ်းစဉ်အတွက် အကောင်းဆုံးပဲ၊ နောက်ပြီး ကျုပ်တို့ ကောင်းကင်နက်ဂိုဏ်းကလည်း ဓားလမ်းစဉ်ကို အဓိကထားတဲ့ ဂိုဏ်းတစ်ခုပဲ မဟုတ်လား။ ဝါးဟားဟား.. ဒါက မိုးကောင်းကင်ရဲ့ အလိုတော်ပဲ"

"ဒီကောင်လေးက အပြင်စည်းတပည့်ဆိုရင်တောင် အခု မဟာတာအို ခန္ဓာကိုယ်ကို နိုးထလာမှတော့ အကောင်းဆုံး ပြုစုပျိုးထောင်ပေးဖို့ လိုပြီ။ ကျုပ်တို့ သူ့ကို ဘာဖြစ်လို့ အစစ်အမှန်တပည့်ဖြစ်အောင် မလုပ်ရမှာလဲ"

"အစစ်အမှန်တပည့်က ဘာလုပ်ရမှာတုံး။ ကျုပ်တို့ သူ့ကို တာအိုဝါဒီဘွဲ့အပ်နှင်းရမယ်"

"ဒါဆို ကျုပ်တို့ရဲ့ ကောင်းကင်နက်ဂိုဏ်းမှာ တာအိုဝါဒီ အသစ်ရလာပြီ"

အကြီးအကဲများ အူမြူးနေသည်ကိုကြည့်ကာ ချူခွမ်းရန်စိတ်ထဲ၌ ဝမ်းသာသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင်။ သူ၏ ဟန်ရေးပြမှုနည်းလမ်းက မှန်ကန်၍ အရင်းအမြစ်အများကြီးကို ရယူနိုင်တော့မည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now