အပိုင်း ၂၃ လန်ယုပေါ်ထွက်လာ သည်..၊ ဂူချန်းဂီ ဒေါသထွက်ခြင်း

873 83 0
                                    

အပိုင်း ၂၃ လန်ယုပေါ်ထွက်လာ သည်..၊ ဂူချန်းဂီ ဒေါသထွက်ခြင်း

နန်ကုန်းဟောင် က နံရံကိုတိုက်မိပြီးအောက်သို့ပြုတ်ကျသွားသည်။သူကခက်ခက်ခဲခဲနှင့်မတ်တပ်ရပ်လိုက်ပြီး ဂူချန်ဂီ၏ညာလက်ကိုကြည့်လိုက်သည်။သူမလွင့်စင်သွားမီ ဂူချန်ဂီ၏ညာလက်တွင် ရွှေရောင်အကြေးခွံများ ထွက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။

'' ငါကြားဖူးတာတော့ အဇူရာ တော်ဝင်မင်းဆက် ရဲ့ အစစ်အမှန် နဂါး ထွက်ပေါ်ခြင်း ကျင့်စဥ် က လူတစ်ယောက်ကို သွေးနဂါး ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားနိုင်တယ်.... ကြည့်ရတာ မင်းရဲ့ ညာလက်က နဂါးသွေးကို ကျင့်ကြံထားခဲ့တယ်ထင်တယ်''

နန်ကုန်းဟောင် က လေးနက်စွာ ပြောလိုက်၏။

သွေးနဂါး ခန္ဓာကိုယ် က စွမ်းအားအကြီးဆုံး တာအိုခန္ဓာကိုယ် တွေထဲက တစ်ခုဖြစ်သည်။၄င်းသည်သူ၏ယင်ယန် နတ်မျက်စိထက်ပိုပြီး စွမ်းအားကြီးမားသည်။ထိုတာအိုခန္ဓာသည် မဟာတာအိုခန္ဓာကိုယ်များကို ယှဥ်ပြိုင်နိုင်သော ခန္ဓာ အနည်းငယ်တွေထဲမှ တစ်ခု ဖြစ်ပေသည်။ လုံးဝ အသွင်ပြောင်းလဲသွားရင် တစ်ချို့ သူတော်စင်တွေတောင် အကြီးအကျယ် ပေးဆပ်ရပေလိမ့်မည်။

'' မဆိုးဘူးးး ''

ဂူချန်းဂီ က ဂုဏ်ယူစွာဖြင့် '' ဒါက ငါ့ရဲ့ ညာလက် တစ်ခုတည်း ဆိုရင်တောင် မင်းလို ကြယ်တစ်ပွင့် ဂျီးနီးယပ် တွေကို အနိုင်ယူဖို့ လွယ်သေးတယ် ''

သွေးနဂါး ခန္ဓာကိုယ် အဖြစ်သို့ အသွင်ပြောင်းလဲဖို့ မရေတွက် နိူင်သော လေ့ကျင့်မှုများနှင့် သင်ကြားမှု များ လိုအပ်ပေသည်။ သို့သော်လည်း ဂူချန်းဂီ က သူ့ရဲ့ ညာလက်ပေါ်တွင်သွေးများကိုထုတ်ဖော်နိုင်အောင်ကျင့်ကြံနိုင်ခဲ့သည်။ဒါတောင် သူ့ နှင့် အဆင့်တူများကို လွယ်လွယ် အနိုင်ယူဖို့ လုံလောက်ပေသည်။

'' စီနီယာ အကို နန်ကုန်းဟောင် က သုံးကွက် အတွင်း ရှုံးနိမ့်သွားခဲ့တယ် ''

'' စီနီယာ အစ်ကိုကြီး က ဘယ်မှာလဲ? ငါတို့မှာအားကိုးစရာသူပဲရှိတော့တယ်.''

'' ဂူချန်းဂီ က ကြောက်စရာ ကောင်းလွန်းတယ် ''

ဂိုဏ်းတပည့်များက တစ်ယောက်နှင့် တစ်ယောက် အပြင်းအထန် ဆွေးနွေးနေကြပြီး သူတို့ရဲ့ အံဩနေကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now