အပိုင်း ၅၆ ကောင်းကင်သားတော်များကိုစားသုံးခြင်း

671 58 1
                                    

အပိုင်း ၅၆
ကောင်းကင်သားတော်များကိုစားသုံးခြင်း၊ ပညာရှင် တစ်ယောက်က အလွယ်တကူ သတ်နိုင်တဲ့သူ မဟုတ်ဘူး

'' မစိုးရိမ်နဲ့ ငါလိမ်နေတာမဟုတ်ဘူး...''

ချူခွမ်းရန် သူမကို အေးစက်စက်စိုက်ကြည့်နေသည်ကို မြင်သဖြင့် မင်းသမီးလင်လုံက ပြောလိုက်၏။ မင်းသမီးလင်လုံက သူမ၏နှလုံးသားထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

သူမသည် ကမ္ဘာပေါ်တွင် အလှပဆုံးမိန်းကလေးများထဲမှ တစ်ဦးဖြစ်ပြီး တော်ဝင်အဇူရာပြည်ထောင်၏ မင်းသမီးတစ်ပါးလည်း ဖြစ်သေး၏။ဒါတောင်သူမက ချူခွမ်းရန်ထံတွင် အော်ခံထိသေးသည်။

မင်းသမီးလင်လုံက တွေးရခက်နေ၏။

သူမကဆက်ပြောလိုက်သည်။

'' ဒီမြူတွေကထူးခြားတယ်...၊ သူ့ကိုသေခြင်းချီတွေနဲ့ သိပ်သည်းပြီး ဖန်တီးထားတာပဲ၊ သူရဲ့အစွန်းပတ်လည်မှာ အကာအကွယ်တွေရှိတယ်၊ ငါသေခြင်းချီတွေရဲ့ ဒီလိုစုစည်းနေတဲ့အခြေအနေတွေကို မှတ်တမ်းတွေထဲမှာ ဖတ်ဖူးတယ်...ငါကြောက်တာက ဒါက နယ်မြေအမျိုးအစားတစ်ခု ဖြစ်နေမှာကိုပဲ...''

'' နယ်မြေဟုတ်လား...ဆက်ပြောပါအုံး''

'' ရှေးဟောင်းမှတ်တမ်းတွေအရ ဒီလိုမျိုးမြူအမျိုးအစားက လွန်ခဲ့တဲ့နှစ်တစ်သောင်းက တစ်ကြိမ်ပေါ်ခဲ့ဖူးတယ်၊ အဲ့အချိန်တုန်းက မြူတွေက မြို့တစ်မြို့ကိုဖုံးလွှမ်းသွားခဲ့တယ်၊ လူတွေက ချက်ချင်းစုံစမ်းကြည့်တော့ မြိုထဲမှာအသက်ရှင်ကျန်ရစ်တဲ့သူ အနည်းငယ်သာကျန်ခဲ့တာကိုတွေ့ရတယ်...၊ ကျန်ရှိနေခဲ့တဲ့ မြို့တစ်မြို့လုံးကလည်း တိုက်စားခံရပြီးတော့ ပုတ်သိုးဆွေးမြေ့နေခဲ့ပြီ...''

ထိုသို့ပြောပြီးနောက် မင်းသမီးလင်လုံက ရပ်တန့်လိုက်သည်။

ချူခွမ်းရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

'' ဒါပဲလား...''

'' မှတ်တမ်းမှာ ဒီလောက်အထိပဲပါဝင်တယ်...''

'' နယ်မြေ... စစ်ဧကရာဇ်တွေကလည်း ကိုယ်ပိုင်နယ်မြေကို ဖန်တီးနိုင်တယ်၊ ဒါ့အပြင်တစ်ချို့ကျင့်ကြံသူတွေကလည်း နယ်မြေဖန်တီးခြင်းကို အဓိကထားပြီးတော့ ကျင့်ကြံကြတယ်၊ သူတိုရဲ့ကျင့်ကြံခြင်းတိုးတက်လာသည်နှင့် တစ်ပြိုက်နက် သူတို့ရဲ့နယ်မြေတွေကလည်း လိုက်ပြီး တိုးတက်လာလိမ့်မယ်၊ ဒီနယ်မြေက တစ်ယောက်ယောက် ဖန်တီးထားတာများဖြစ်နိုင်မလား...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora