အပိုင်း ၃၇၆ မုန်တိုင်းဒဏ်၊ ရေခဲတောင် ထိပ်ဖျား၊ ချူခွမ်းရန် သိမ်မွေ့ကောင်းကင်ကုန်းမြေကို လည်ပတ်ခြင်း
“ သူတို့ လုပ်ရဲတာလား”
ချူခွမ်းရန်က ကြုံးဝါးလိုက်ပြီး သူ၏ မျက်လုံးများမှ အေးစက်စက် အကြည့်တစ်ချက် ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် ရွှယ်ကျန့်၏ နှလုံးသားတုန်လှုပ်သွားသည်။ ချူခွမ်းရန်သည် လျှို့ဝှက်ကုန်းမြေများကို ဖျက်ဆီးနိုင်စွမ်း ရှိပါသလော။
“ ကျုပ်ကို ခွင့်လွှတ်ပါ၊ လွန်လွန်ကဲကဲ တုန့်ပြန်မိတယ်”
ချူခွမ်းရန်က သူ့မျက်လုံးများမှ အေးစက်မှုကို ပြန်သိမ်းလိုက်ပြီး ပြုံးပြသည်။
သူသည် အမှန်တကယ် ရုပ်ချောသော လူတစ်ဦးဖြစ်၏၊ အထူးသဖြင့် သူပြုံးသောအခါ ပို၍ ချစ်စရာကောင်းသည်။ ထိုအချိန်တွင်၊ ရွှယ်ကျန့်၏ အာရုံကြောများ အနည်းငယ်ပြေလျှော့သွား၏။
“ အစ်ကိုချူ၊ ငါတို့ ခရီးကို ဆက်ရမလား”
“ ကောင်းပြီ”
ချူခွမ်းရန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
စိတ်ထဲတွင်၊ သူ့ကိုယ်သူ တိတ်တဆိတ် ချီးကျူးလိုက်၏။သူသည် ရွှယ်ကျန့်ကို ခြိမ်းခြောက်နိုင်ခဲ့ပုံ ရသည်။ သူတို့ရောက်သောအခါ သူက သိမ်မွေ့ကောင်းကင်ကုန်းမြေကို သေချာပေါက် သတင်းပို့မှာဖြစ်ပြီး ထိုမှသာ သူတို့ဖက်ကလည်း သူ့အား သတိထားမည် ဖြစ်သည်။
ကောင်းကင်နက်ဂိုဏ်း သို့မဟုတ် ပိုအမှန်ဆိုပါက ချူခွမ်းရန်အနေဖြင့် လျှို့ဝှက်ကုန်းမြေများကို သိမ်းပိုက်နိုင်စွမ်း ရှိသည်လော။ အမှန်တကယ်ပြောရပါမူ၊ ၎င်းက သူ့အတွက် အရမ်းခက်ခဲလှသည်။
လျှို့ဝှက်ကုန်းမြေများ၏ အရမ်းအမြစ်အများ မည်မျှနက်ရှိုင်းမည်ကို မည်သူမှ မသိသော်လည်း သေချာပေါက် တစ်ခုသိထားသည်မှာ... သူတို့၏ အရင်းအမြစ်များသည် ချူခွမ်းရန် ယခင်က ကြုံတွေ့ဖူးသော မည်သည့်ပညာရှင် ကျင့်ကြံခြင်းနယ်မြေများထက် မဆို အဆပေါင်းများစွာ သာလွန်သည်...။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...