306-310

597 53 1
                                    

အပိုင်း ၃၀၆  ရွှံ့နွံနက်အိုင်၊ ဘယ်လောက် အဆင်ပြေလိုက်သလဲ၊ လန်ယုနှင့် ချန်အောင်တို့ တိုက်ပွဲ

  ကျန်းရီနှင့် ကျင့်နျန်တို့ နှစ်ဦးလုံး ကွင်းသို့ တဖန် နေရာကူးပြောင်းခံလိုက်ရသည်။

  ချူခွမ်းရန်သည် ကျန်းရီထံ အပြေးအလွှားသွားလိုက်၏။ သူသည် ကျန်းရီ၏ ဒွာရခုနှစ်‌ပေါက်မှ သွေးများထွက်နေသည်ကို တွေ့လိုက်ပြီး သတိလက်လွတ် လွှင့်မျောနေသည်ကို တွေ့လိုက်ရရာ သူ့အကြည့်က အေးစက်စက် ဖြစ်သွားသည်။

    သူသည် ကျင့်နျန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ... သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး တုန်လှုပ်ချောက်ချားသွားကာ သူမ၏ တကိုယ်လုံး မခံနိုင်တော့၍ မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။

“ ဒါက ပြိုင်ပွဲတစ်ခုပဲလေ၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”

ချူခွမ်းရန်က သူမကို လျစ်လျူရှုလိုက်ပြီး ကျန်းရီ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာကုသရန် နွေဦးလေပြေကုသခြင်းနည်းစနစ်ကို ချက်ချင်း ထုတ်လွတ်လိုက်သည်။

“ ဂိုဏ်းချုပ်၊ ငါတောင်းပန်ပါတယ်...”

    ကျန်းရီသည် ချူခွမ်းရန်၏ ရင်ခွင်တွင်းတွင် တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ အဆုံးတွင်၊ သူမက ထိန်းမထားနိုင်တော့ဘဲ မူးမေ့သွားလေ၏။

     နွေဦးလေပြေကုသခြင်းနည်းစနစ်သည် သူမ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ကုသပေးနိုင်သော်လည်း ကုချင်းသံစဥ်ကြောင့် သူမ၏ စိတ်အခြေအနေကို ပြောင်း၍မရအောင် ထိခိုက်စေသည်ကိုကား မတတ်နိုင်ချေ။

    နွေဦးလေပြေကုသခြင်းနည်းစနစ်က ဤနေရာ၍ များစွာ မကူညီနိုင်တော့ပေ။
ချူခွမ်းရန်က သူမကို ကိုင်ထား၏။ သူမ သတိလစ်သွားပြီးနောက် သူက တိုးတိုးလေး မှတ်ချက်ချသည်။

“ မင်း ကောင်းကောင် လုပ်ခဲ့တယ်”

   “ ဂိုဏ်းချုပ်၊ ကျန်းရီ ဘယ်လိုလဲ”
မုရုံချန်း၊ ကျင်းဖေးယန် နှင့် ကျန်အဖွဲ့သားများလည်း ရောက်ရှိလာခဲ့သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now