အပိုင်း ၅၄ အင်ပါယာငယ်လိုင်အိုနှင့်တိုက်ခိုက်ခြင်း

683 65 1
                                    


အပိုင်း ၅၄ အင်ပါယာငယ်လိုင်အိုနှင့်တိုက်ခိုက်ခြင်း၊ မိုးကြိုးနက်တောင်ပံ၊ ခံစားချက်မရှိ

'' ပညာရှင် တောက်ပသောလမင်းရဲ့ လပြည့်ဓား...''

'' ဒါတင်မကသေးဘူး...ဓားအပေါ်မှာ ပညာရှင်ချီအကြွင်းအကျန်တွေရှိနေသေးတယ်၊ဆိုလိုတာက အဲ့ဒီမှာ ပညာရှင် တစ်ယောက်ရဲ့ တာအိုစည်းချက်တွေကျန်ရှိနေသေးတယ်ဆိုတာပဲ၊ တစ်ယောက်ယောက်ကသာ အဲ့တာကို နားလည်သဘောပေါက်နိုင်ခဲ့ရင် သူတို့ ရရှိမယ့် အကျိုးကျေးဇူးက အရမ်းကြီးမားလိမ့်မယ်...''

'' အမှန်ပဲ...''

အရေအတွက် မည်မျှပင်ဖြစ်စေကာမူ ဂိုဏ်းကြီးများတွင် အနည်းဆုံးထိုကဲ့သို့သော စွမ်းရည်ရှိသော မြင့်မြတ်လက်နက်အနည်းစီ ရှိကြမည်ဖြစ်သည်။

သို့သော်လည်း ပညာရှင်ချီအကြွင်းအကျန်ပါဝင်နေသော မြင့်မြတ်လက်နက်များမှာ မရှိသလောက်ပင်။ဆိုလိုသည်မှာ လပြည့်ဓားသည် အရင်က အလွန်အားကောင်းသော လက်နက်တစ်ခုဖြစ်ခဲ့မည်ဖြစ်သည်။ထိုဓား၏တန်ဖိုးမှာ သာမန်မြင့်မြတ်လက်နက်များထက် များစွာကျော်လွန်နေ၏။

'' ဒါပေမဲ့ လပြည့်ဓားက ဘာလို့ ဒီနေရာမှာရှိနေရတာလဲ''

မင်းသမီးလင်လုံက ပဟေဌိဖြစ်နေသည်။

သူမက အနီးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ တောင်ခြေတွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နေသည်ကိုတွေ့လိုက်ရ၏။ထိုအက်ကွဲကြောင်းတစ်လျောက်တွင်ရှိသော တောင်ထိပ်များမှာ ဖျက်ဆီးခံထားရပြီး ထိုအက်ကွဲကြောင်းထိပ်တွင် ဓားချီအငွေ့အသက် တစ်ချို့ကိုပင် ခံစားနိုင်သေးသည်။

လပြည့်ဓားသည် လွင့်စင်ထွက်လာခဲ့ပြီး ဓားမှထွက်ပေါ်နေသော ဓားချီသည် ဤအက်ကွဲကြောင်းကို ချန်ထားရစ်ခဲ့ခြင်းဖြစ်လိမ့်မည်။ ဓားချီကုန်ခမ်းသွားသောအခါ ထိုဓားသည် ဤတောင်ထိပ်ပေါ်တွင် စိုက်ဝင်နေခြင်းဖြစ်ပေလိမ့်မည်။

ပညာရှင် တောက်ပသောလမင်းက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တာကော ဖြစ်နိုင်မလား...။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora