အပိုင်း ၁၄ အဓိကတာအိုရုပ်သွင်သံုးခုကိုထုတ်​​ေဖာ်ခြင်း၊လူတိုင်းကလက်ခံကြခြင်း

1K 94 0
                                    

အပိုင်း ၁၄ အဓိကတာအိုရုပ်သွင်သံုးခုကိုထုတ်​​ေဖာ်ခြင်း၊လူတိုင်းကလက်ခံကြခြင်း

နန်းကုန်းဟောင်က ချူခွမ်းရန်အားမယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်သည်။

ဓားတစ်ချက်ပဲလား...။

ချူခွမ်းရန်သည်သူ့အားနောက်ဆုတ်စေရန်ဓားတစ်ချက်သာ အသုံးပြုခဲ့သည်လား။

သည်လိုအခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ။သူအသက်ပြင်းပြင်းရှူလိုက်ကာ သူ၏ပြိုင်ဘက်အားအေးစက်စက်ကြည့်လိုက်သည်။

'' မင်းရဲ့စွမ်းအားကငါထင်ထားတာထက်ပိုပြီးကြီးမားတာပဲ...၊ဒါပေမဲ့ ဒီလောက်နဲ့ ကောင်းကင်နက်ဂိုဏ်းရဲ့ စီနီယာအစ်ကိုကြီးနေရာကို ရလိမ့်မယ်လို့ထင်နေရင်မင်းမှားတာပဲ..''

'' ဒါကိုလက်ခံစမ်း''

'' ​ရှေးဟောင်းရွှေအလင်းပညာ ''

နန်းကုန်းဟောင် ကသူ၏ကိုယ်တွင်းရှိဝိဉာဏ်စွမ်းအားများကိုလှုံ့ဆော်လိုက်သည်နှင့် ​ရွှေရောင်တာအို ပုံစံများသည် သူ၏အရေပြားပေါ်တွင်ထွက်ပေါ်လာသည်။

ချူခွမ်းရန်၏မျက်လုံးတွင်အလင်းရောင်တစ်ချို့ဖြတ်ပြေးသွားသည်။

'' ​ရှေးဟောင်းရွှေအလင်းပညာရပ် ''

ကောင်းကင်နက်ဂိုဏ်းတွင် မဟာကျင့်စဥ်ကြီးသုံးခုရှိသည် ။၄င်းတို့သည် ကောင်းကင်ပန်းစက္ကူဓားသိုင်း၊ နေကိုးစင်းကောင်းကင်ကျင့်စဥ်၊ ​ရှေးဟောင်းရွှေအလင်းပညာရပ်တို့ဖြစ်ကြသည်။

၄င်းတို့ထဲတွင် ​ရှေးဟောင်းရွှေအလင်းပညာရပ်ကိုကျင့်ကြံသူတို့သည် ​ရှေးဟောင်းရွှေအလင်း အားအသုံးချနိုင်သည်။၄င်းသည် ထူးခြားဆန်းကြယ်ကာ အသုံးပြုသူ၏ ခုခံနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းနှစ်ခုလုံးကို တိုးမြင့်ပေးသည်။

နန်းကုန်းဟောင်၏ခန္ဓာကိုယ်အားရွှေရောင်အလင်းတို့ဖြင့်ဖုံးအုပ်ထားသည်။သူသည် ယွမ်ဟုန်သက်တန့်ဓားကို ကိုင်ဆောင်ထားပြီး မထိုးဖောက်နိုင်သောအော်ရာတို့သည် သူ့အားလွှမ်းခြုံထား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora