အပိုင်း ၅၁ တောက်ပသောလမင်းအတုအယောင်ကမ္ဘာငယ်

702 69 1
                                    

အပိုင်း ၅၁ တောက်ပသောလမင်းအတုအယောင်ကမ္ဘာငယ်၊ ကျင့်ကြံခြင်းနယ်မြေများကနေရာကိုချိတ်ပိတ်ခြင်း

'' အစ်ကိုချူ ၊ အခြေအနေဘယ်လိုလဲ...''

သူတို့စားသောက်ဆိုင်ကိုပြန်ရောက်လာသည်နှင့် လီချင်းချန်က အလျင်စလိုမေးလိုက်သည်။

'' အခြေအနေဘယ်လိုလဲ ဆိုတာကဘာပြောတာလဲ....''

''အစ်ကိုချူနဲ့ မင်းသမီးကြားကအခြေအနေကိုမေးတာလေ...''

'' ငါတို့ကြားမှာဘာတွေဖြစ်မှာမို့လို့လဲ၊ ငါတို့က တာအိုကျင့်ကြံရေးနည်းလမ်းတွေကိုဆွေးနွေးတယ်ပြီးတော့ ပြန်လာခဲ့လိုက်တယ် ဒီလောက်ပါပဲ...''

ချူခွမ်းရန်က ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။

သူကတခြားလူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ပြန်နှ့ံစေသောသူမျိုးမဟုတ်ချေ။လက်ထပ် ခြင်းကိစ္စမှာမင်းသမီးလင်လုံကိုယ်တိုင်စိတ်ပူရမည့်ကိစ္စဖြစ်သည်။သူကကူညီရန်ငြင်းဆန်ခဲ့သည် ထို့ကြောင့်ထိုကိစ္စတွင်လည်း ပါဝင်မည်မဟုတ်ချေ။

'' တော်ဝင်မင်းသမီး လင်လုံကကျင့်ကြံရေးအတွေ့အကြုံတွေဆွေးနွေးဖို့အတွက် တစ်ယောက်တည်းချန်ထားခိုင်းခဲ့တယ်လား...''

လီချင်းချန်က ချူခွမ်းဂန်သူ့ကိုနောက်နေသည်ဟုထင်သဖြင့် အကဲစမ်းသလိုနောက်တစ်ကြိမ်ထပ်မေးသည်။

'' ဘယ်သူမှ အစ်ကိုလီလို ညစ်ပတ်တဲ့အတွေးမျိုးမရှိဘူး...''

ချူခွမ်းရန်က သူ၏မျက်လုံးများကိုလှည့်ကာ ပြန်ဖြေလိုက်ပြီး နောက်ထပ်စကားတစ်ခွန်းမှမပြောတော့ပေ။

ညတွင်းချင်းပင် ချူခွမ်းရန် တတိယမင်းသားကို အနိုင်ယူလိုက်သောသတင်းသည် မတူညီသောမြို့တော်အသီးသီးရှိ ကောင်းကင်သားတော်များထံသို့ပျံနှံ့သွားခဲ့သည်။

ထိုအခြင်းအရာသည် သူ၏ငြိမ်းချမ်းမှုကိုအနှောင့်အယှက်ဖြစ်စေသော်လည်း ချူခွမ်းရန်ကဂရုမစိုက်ပေ။

မင်းသမီးလင်လုံကြင်ယာတော်ရှာဖွေခြင်းသိုင်းပြိုင်ပွဲသည်လည်း နီးကပ်လာခဲ့သည်။ထိုသိုင်းပြိုင်ပွဲမစတင်မီ ရက်အနည်းငယ်ပလိုခန့်တွင် အဇူရာနဂါးနယ်မြေ အတွင်းတွင်ကိစ္စကြီးတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Hikayelerin yaşadığı yer. Şimdi keşfedin