241-245

665 50 0
                                    

အပိုင်း ၂၄၁ တထာဂတပြန်လည်မွေးဖွားခြင်း

ဓားတစ်ချက်ကအငြိုးအတေးဝိညာဥ်တစ်သောင်းခန့်ကိုသတ်ဖြတ်သွားခဲ့သည်။

ချူခွမ်းရန်ထုတ်ဖော်ပြသလိုက်သောတိုက်ပွဲစွမ်းအားက ထိုနေရာတွင်ရှိနေသောသူတိုင်းကိုတုန်လှုပ်စေလေသည်။

ထိုအချိန်တွင်အငြိုးအတေးဝိညာဥ်များကချူခွမ်းရန်သည် သူတို့သွားရှုပ်၍မရသောသူတစ်ယောက်ဖြစ်မှန်းသဘောပေါက်လာခဲ့ကြပြီး သူ့ကိုပစ်မှတ်ထားခြင်းအားရပ်တန့်ကာ ထို့အစား တခြားသူများကို ပစ်မှတ်ထားလာကြ၏။

စစ်ပွဲကားစတင်ခဲ့လေပြီ။

သို့သော်လည်း ချူခွမ်းရန်ကမျက်မှောင်အနည်းငယ်ကြုံ့လိုက်မိသည်။ထိုအငြိုးအတေးဝိညာဥ်တစ်သန်းကိုသူမကြောက်လန့်သော်လည်း သူတို့အားလုံးကိုသုတ်သင်ရန်ကား သူ့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲပင်ဖြစ်သည်။

သူ၏ဓားတစ်ချက်က အငြိုးအတေးဝိညာဥ်တစ်သောင်းခန့်ကိုသတ်ဖြတ်နိုင်သော်လည်း သူက၄င်းကိုအကြိမ်ပေါင်းများစွာထုတ်ဖော်ရန်လိုအပ်နေတုန်းပင်ဖြစ်လေသည်။

ထို့အပြင် အငြိုးအတေးဝိညာဥ်များက ချူခွမ်းရန်သတ်ဖြတ်ရန်အတွက် တစ်စုတဝေးတည်းစုစည်းပေးကြမည်မဟုတ်ချေ။

သူအငြိုးအတေးဝိညာဥ်အားလုံးကိုသတ်ဖြတ်ပြီးသည့်အချိန်တွင် မိုးတောင်ပံဂိုဏ်းမှလူအများစုမှာသေဆုံးသွားကြပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သူကထိုအရာကိုမမြင်ချင်ပေ။

'' ငါဒီမှာရှိနေမှတော့ နောက်ထပ်အသေအပျောက်တွေထပ်မရှိစေရဘူး၊ အငြိုးအတေးဝိညာဥ်တစ်သန်းအတွက်ကတော့ သူတို့တွေဗုဒ္ဓအလင်းကိုတောင့်ခံနိုင်မလားကြည့်ကြတာပေါ့...''

ရွှေရောင်အလင်းတစ်ချက်က ချူခွမ်းရန်၏မျက်လုံးထဲတွင်တောက်ပသွားခဲ့သည်။

သူကကောင်းကင်သက်ဆင်းကိုဓားအိမ်ထဲသို့ပြန်လည်ထိုးထည့်လိုက်ပြီး လေထဲတွင်တင်ပလ္လင်ခွေထိုင်ချလိုက်လေသည်။

အလွန်တရာမှထူးခြားဆန်းကြယ်သောတာအိုစည်းချက်များကရုတ်တရက်ပျံ့နှံ့လာလေသည်။ထိုအရာကိုအာရုံခံမိသည်နှင့် မသေချာမရေရာမှုအချို့က ဝူယဲ့၏မျက်နှာတွင်ဖြစ်ပေါ်လာသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now