အပိုင်း ၃၈၀ တိမ်ရိုင်းသတ္တုများကို ‌မွှေနှောက်ရှာဖွေခြင်း၊ ပြင်ပပင်လယ်ပြင်သို့

414 36 0
                                    

အပိုင်း ၃၈၀  တိမ်ရိုင်းသတ္တုများကို ‌မွှေနှောက်ရှာဖွေခြင်း၊ ပြင်ပပင်လယ်ပြင်သို့ ဦးတည်ခြင်း၊ ယဇ်ပူဇော်ခြင်းအခမ်းအနား

    “ ပြန်သွားပြီး ယွမ်ဝူတောက်ကို ပြောလိုက်... ဘာပဲဖြစ်ဖြစ် ငါ သူ့အသက်ကို ဝါးမြိုပစ်မယ်လို့... အခု သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူး”
ချူခွမ်းရန်က စူးရှသောလေသံဖြင့် ပြောလိုက်သည်။

ဝိညာဥ်ကျောက်တုံး တစ်ဘီလီယံလား။
ဒါက များလို့လား။

    ကောင်းကင်နက်ဂိုဏ်းက ဝိညာဥ်ကျောက်တုံး ပြတ်လပ်နေခြင်း မရှိသည့်အပြင် ဝိညာဥ်ကျောက်တုံးတစ်ဘီလီယံသည် ကောင်းကင်နက်ဂိုဏ်းသားတို့၏ အသက်အတွက် ဘယ်တော့မှ တန်ဖိုး မဖြတ်နိုင်ပေ။

“ ညီလေးချူ၊ သူ့ကို သနားညှတာမှု အချို့ မထားပေးနိုင်ဘူးလား”

ပညာရှင်မိုးမခနက်၏ အမူအရာက မှောင်မဲသွားလေ၏။

သို့ရာတွင်၊ ချူခွမ်းရန်က လုံးလုံး ဂရုမစိုက်ချေ။ သူက သူ့ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သူ့လက်ဖက်ရည်ခွက်ကို ကိုင်လိုက်၏။
“ ငါ ဒါပဲပြောစရာရှိတယ်၊ အခု ကျေးဇူးပြုပြီး ရွေးပါ”

    “ မင်း... ချူခွမ်းရန်... ဒါ အရမ်းလွန်သွားပြီကွ”

    ပညာရှင်မိုးမခနက်က မယုံနိုင်လောက်အောင် ဒေါသထွက်လာသည်။

   “ ဘာ... မင်းက နတ်ဆိုးကျင့်ကြံသူတစ်ဦးလေ၊ ပြီးတော့ ငါက မင်းကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးထားသေးတတယ်။ မင်း ဘာကို မကျေနပ်သေးတာလဲ”

    ချူခွမ်းရန်က သူ့ကို ကြည့်ပြီး ပြော၏။
သူသည် လျှို့ဝှက်ကုန်းမြေများအပေါ် ခံစားချက် မကောင်းရာ ဝေဒနာအိမ်တော်ကဲ့သို့ နတ်ဆိုးလျှို့ဝှက်ကုန်းမြေတစ်ခုအတွက် ပိုနက်နက် မုန်းသွားရင်တောင် အရေးမကြီးပေ။ ယွမ်ဝူတောက်သည် ကောင်းကင်နက်ဂိုဏ်းသားများကို အဆိပ်ခတ်ရန် မရဏနန်းတော်ကို စေခိုင်းခဲ့သောကြောင့် ၎င်းတို့အပေါ် ကျေအေးပေးရန် မဖြစ်နိုင်ချေ။

    အကယ်၍ ကောင်းကင်နက်ဂိုဏ်း၌ အစီအရင်မခင်းကျင်းနိုင်ပါက လျှို့ဝှက်ကုန်းမြေများကို ခုခံကာကွယ်နိုင်စွမ်းမရှိသောကြောင့် သူ၏ ဓားကို ဆွဲထုတ်ပြီး သူတို့အားလုံးကို သုတ်သင်ပစ်မည် ဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now